Bodyguard အဖြစ်နဲ့ ပထမဆုံးတွေ့ဆုံခြင်း

819 30 1
                                    


" တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား? "

ရင်းနှီးနေပြီဖြစ်တဲ့အသံကို စကြားလိုက်တယ်။ တချက်ကြည့်လိုက်တော့ ပုံမှန်
ဝတ်နေကျ အနက်ရောင်ဝတ်စုံပြည့်နဲ့မဟုတ်တဲ့ Kinn က ခုများတော့ ကျောင်းဝတ်စုံနဲ့ဖြစ်နေတာမို့ တချက်ပြုံးမိသွားတယ်။

ကျွန်တော်လည်း တံခါးရွက်ဆီကို လက်လှမ်းရင်း တမင်တကာကို ခေါက်ပြတဲ့ပုံစံမျိုးလုပ်ကာ

" ဒီမှာ , ခေါက်လိုက်ပြီ "

Kinn ရဲ့သူငယ်ချင်းတွေလို့ထင်ရတဲ့ကျောင်းသားတွေဘက်ကို ကြည့်ရင်း ကျွန်တော် ပြောလိုက်တယ်။ သူတို့ကလည်း ကျွန်တော့်ကို တိတ်ဆိတ်စွာကြည့်နေရာကနေ Kinn ကို

" ဘယ်သူလဲ အဲ့ဒါ? "
အဲ့အထဲက တစ်ယောက်ကမေးတယ်။

" ငါ့ Bodyguard အသစ် "

Kinn ကလည်း ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြန်ဖြေလာတာမို့

" ဘာလဲ?"

ကျွန်တော် ပြန်မေးမိလိုက်တယ်။ Kinn က သူ့လက်နှစ်ဖက်ကို ရှေ့မှာပိုက်လိုက်ပြီး ထူးဆန်းတဲ့အကြည့်နဲ့ကြည့်နေတာ။ 

" မင်း သေရောသေချာရဲ့လား အဲ့ဒါ မင်း Bodyguard လား မင်းအဖေလားဆိုတာ "

Kinn သူငယ်ချင်းတွေကအစ ဒီစကားကိုပြောပြီး တခစ်ခစ်နဲ့ရယ်နေကြတယ်။ Kinn ကတော့ ပြန်မဖြေတော့ဘဲ ​မျက်နှာကို သုန်မှုန်ပြီး

" အစားအသောက်တွေ သွားယူလာခဲ့ "

ရောထွေးနေတဲ့အတွေးတွေနဲ့မျက်မှောင်ကြုတ်နေတဲ့ ကျွန်တော့်ကို
Kinn က တမင်တကာကို ခိုင်းလာတယ်။ အစားအသောက်? ဘာ အစားအသောက်လဲ?

" စိတ်ရှုပ်နေပြီထင်တယ် "

သူ့သူငယ်ချင်းတွေက ကျွန်တော်မကြားဘူးအထင်နဲ့ပဲ တိုးတိုးပြောသလားမသိ။

ဟေ့ ငါ မင်းတို့အရှေ့မှာ ရပ်နေတာနော်

" အစားအသောက်တွေ သွားယူလို့ ငါပြောနေတယ်လေ။ သွား ဆင်းတော့ အခု "

ဒီတစ်ခါ Kinn ဆီက ကြားလာရတာက
အမိန့်ပေးတဲ့အသံမျိုး။ ကြားရတဲ့ အသံအနေအထားက ကျွန်တော့်ရဲ့ခံပြင်းမှုကို
မီးထတောက်လိုက်စေသလိုပဲ။

ငါ့ကို အစေခံလို့များမှတ်နေလား? ငါ အစေခံမဟုတ်ဘူးကွ။

" ငါ မင်းရဲ့အစေခံမဟုတ်ဘူး !"

ကျွန်တော် Kinn ကို အော်လိုက်တဲ့အသံက သူ့သူငယ်ချင်းတွေကိုပါ လန့်သွားစေတယ်။

" အိုးး ဖိုက်တာတစ်ကောင်တော့
ရောက်လာပြီ "

အဲ့အထဲက တစ်ယောက်ကပဲ ထပ်ပြောတယ်။

" Porsche, ငါ့ကို စကားထပ်ပြောရအောင်
မလုပ်နဲ့။ အောက်ဆင်းပြီး စားစရာတွေ
သွားယူလာခဲ့ အခု! "

Kinn က ဒေါသတွေကို ဖိနှိပ်ထားရတဲ့ပုံစံနဲ့ ကျွန်တော့်ကိုပြောလာတော့ ကျွန်တော်
စိုက်ကြည့်နေလိုက်ရင်း လေကို
ခပ်ပြင်းပြင်းရှုသွင်းလိုက်ကာ

" ဘာလို့ ငါက အစားအသောက်ယူဖို့ကို အောက်ဆင်းယူပေးရမှာလဲ?
ကိုယ့်ဘာသာကိုယ် သွားယူပါလား "

" Porsche !"

Kinn က ဆိုဖာကနေ ထပ်ရပ်လာပြီး
ကျွန်တော့်လက်မောင်းတွေကို ဆွဲကာ
အော်တယ်။ တကယ်တော့ ကျွန်တော်လည်း အနီးအနားမသွားရဲပါဘူး ဒါပေမယ့် အဲ့ အကျင့်မကောင်းတဲ့ Kinn က ဆွဲလားရမ်းလားနဲ့ ဟိုလုံးဝလွတ်ထွက်သွားတဲ့နေ့ကလို
အကြည့်တွေနဲ့ ကြည့်လာရင်း

" ငါ့ကို လာမစမ်းချင်ပါဘူး။ ဟမ် မင်း သိပ်စမ်းချင်နေလား Porsche ? "

Kinn က အံကြိတ်ထားရာကနေပြောတယ်။ သူ့မျက်လုံးတွေက အရင်ကထက်တောင်
ပိုအရောင်နက်လာသလိုပဲ။ ကျွန်တော်လည်း လက်မောင်းတွေကို ရုန်းထွက်လို့ရအောင် Kinn ရဲ့ရင်ဘတ်ကို ဆောင့်တွန်းပြီး
လူချင်းခွာလိုက်ရင်း

" သိပြီ! "

ပြန်​ပြောပြီးတာနဲ့ မျက်မှောင်ကြုတ်လျက်နဲ့ပဲ အခန်းထဲက ပြန်ထွက်လာလိုက်တယ်။ တကယ် ဒီလိုလူမျိုးတွေကို မခံစားနိုင်ဘူး။ သိပ်ကို အလိုလိုက်ခံထားရလို့
ပျက်စီးနေတာပဲ။

--

မာဖီးယားနဲ့ သူ့ဘော်ဒီဂတ် (ဘာသာပြန်) Where stories live. Discover now