Unicode
မင်းဓနရှိန်လည်း ခက်ရောင်ခြည်ကို သူတို့ဆုံတွေ့နေကြ သစ်ပင်၏ အောက်ကိုသာ ခေါ်လာပြီး ထိုင်ခိုင်းစေခဲ့သည် ။ ရောက်ထဲက တစ်လုံးတစ်ပါဒမှ မပြောပဲ ခေါင်းငိုက်စိုက်ထားကာ မျက်ရည် လုံးကြီးပေါက်လှ ကျနေသော ကောင်လေးကြောင့် သူလည်း စိတ်မထိန်းနိုင်တော့ချေ ။ ဒေါ်ခင်မေ၏ စကားများကို ကြားယောင်မိသည့်အခါတိုင်း ထွက်လာသည့်ဒေါသအစုံကို မျိုသိပ်ထားရသောကြောင့် မေရိုးတွေက တင်းထွက်လို့နေလေသည် ။
သို့သော် အခု သူဒေါသထွက်နေလို့ မရ ။ ဘေးမှာရှိသည့်သူဟာ ခေါင်းငိုက်စိုက်ထားတာ မော့ကို မကြည့်လာသောကြောင့် မခံစားနိုင်တော့သည့်အဆုံး ဒူးထောက်လိုက်လေပြီး
ထိုကောင်လေး၏ မေးဖျားကို လက်လေးဖြင့် ပင့်တင်လိုက်ရာ ငိုထားရလွန်းလို့ မျက်ခမ်းစပ်တွေရော နှုတ်ခေါင်းတွေပါ နီနေလေကာ နှုတ်ခမ်းလေးက တုန်ယင်လို့နေပေသည် ။ စီးဆင်းကာကျနေသော မျက်ရည်အစုံကို လက်မလေးဖြင့် ဖိကာ သုတ်ပေးလိုက်တော့ မျက်လုံးလေး အဝိုင်းသားဖြင့် ပြူးကြောင်ကြောင် ပြန်လည်မော့ကြည့်လို့လာလေသည် ။ သို့သော် ငိုထားသည့် အရှိန်ကြောင့် စကားမပြောနိုင်ဘဲ ရှိုက်သံလေး တချက်တချက် ထွက်လို့လာသောကြောင့် မင်းဓနလည်း'' ကဲဗျာ တော်တော့ မငိုနဲ့တော့လေဗျ ။ နှုတ်ခေါင်းတွေရော မျက်ခမ်းစပ်တွေပါ နီရဲလို့နေတာ ခရမ်းချဥ်သီးမှည့် တစ်လုံးလို နီနေပြီ "
မင်းဓန၏ စကားအဆုံး ထိုဟာလေးက ဆတ်ခနဲ ခေါင်းမော့လာကာ မင်းဓနကိုလည်း ပေစောင်းစောင်းကြည့်လို့လာပေသည် ။ ဒါဟာ သူမကျေနပ်ဘူးဆိုတာ ပြတဲ့ အမူအရာလေးလား ။
အရှေ့က ခရမ်းချဥ်သီး နီတာရဲလေးကို ဆွဲကိုက်လိုက်ချင်ပေမယ့်လည်း စိတ်ဆန္ဒအစုံကို မျိုချလေကာ'' ကျုပ်ကို အဲ့လိုကြည့်မယ့်အစား ခင်ဗျားကို အဲ့လိုပြောတဲ့သူကိုလည်း အဲ့လိုကြည့်လေ ''
ကြားလိုက်ရသည့် စကားကို မြန်မြန်ဆန်ဆန် ခေါင်းမော့လာလေပြီး သူ၏ အောက်နှုတ်ခမ်းကိုလည်း ဖွဖွလေးဖိကိုက်လို့ထားလေသည် ။ ကိုယ်ကသာ ရေပက်မဝင်ပြောနေတာ အရှေ့က တစ်လုံးတစ်ပါဒမှ မပြောဘဲ ရေငုံနှုတ်ပိတ်နေနေသောသူကြောင့် မင်းဓနလည်း စိတ်မရှည်တော့ဘဲ ခက်ရောင်ခြည်တစ်ယောက် ၏ လက်ကိုဆုတ်ကိုင်လိုက်တော့ အူကြောင်ကြောင်လေး ပြန်ကြည့်လာလေသည် ။ သို့သော့ ထိုအရာလေး၏ အမူအရာများကို အသည်းတယား ဖြစ်နေမယ့်အစား ထိုဟာလေးကို ပတ်ဝန်းကျင်နှင့် တိုက်ခိုက်တိုက်အောင် ၊ ကိုယ့်ကို လာစော်ကားရင် တုံ့ပြန်တတ်အောင် သင်ပေးရအုံးမည် ဖြစ်လေသည် ။

أنت تقرأ
စိန်ပန်းနီနီ မောင့်ကိုတည် (Completed)
عاطفيةမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts