Epilogue

502 38 26
                                    

မိုးရေများကြားထဲမှ ကားတစ်စီး။ ထိုကားပေါ်က ဆင်းလာသူက Jung Hoseok ။

Hoseok တစ်ယောက် သူ့မျက်စိရှေ့က အဖြစ်အပျက်ကြောင့် အံ့သြကာ ပျော်ရွှင်သွားရသလို ဒေါသတွေလည်း ထွက်လာရသည်။

မိုးရေတွေစိုရွှဲကာ မျက်ထောင့်နီတွေနဲ့ သူတို့ရှိရာစီ လျှောက်လာနေတဲ့ Hoseok ကြောင့် Namjoon ... Yoongiငယ်ကို အမြန်တွဲထူကာ ထွက်ပြေးဖို့လုပ်သည်။ သို့သော် နီးကပ်လာနေတဲ့ Hoseokရဲ့ စိတ္တဇ မျက်ဝန်းတွေနဲ့အတူ သွေးရောင်လွှမ်းနေတဲ့ပုံရိပ်ကို Yoongi ခံစားမိတဲ့အခါ ရပ်နေရာမှ ခြေတစ်လှမ်းမှ မရွေ့နိုင်တော့။ သူ့အား ဆွဲကိုင်ထားတဲ့ Namjoonရဲ့ လက်တွေကို Yoongi ဖယ်ချမိသည်။

"Gi .. ကိုယ်တို့မြန်မြန်သွားမှ ရမယ်လေ"

သူတို့အနား တိုးကပ်လာနေတဲ့ Hoseok ကိုကြည့်ကာ Namjoon က စိုးရိမ်တကြီး ပြောပြီး အလျင်လိုနေသော်လည်း Yoongi က ခေါင်းသာခါပြသည်။

"ကျွန်တော် ချစ်တဲ့သူတွေအားလုံးကို Jung Hoseokက ကျွန်တော့်ဘဝထဲကနေ ဆွဲထုတ်ပစ်တာ။ ကျွန်တော် Joonie hyung ကိုပါ အဆုံးရှုံးမခံနိုင်တော့ဘူး။ ဟင့်အင်း Joonie hyung။ ကျွန်တော်သွားလို့မဖြစ်ဘူး ...။ ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင် အဆုံးသတ်မှရမယ်"

"မဟုတ်ဘူးလေ .. Gi ရယ်။ ကိုယ်ဒါကို ပြန်ပြင်နိုင်ပါတယ်။ ကိုယ် ... ကိုယ် Gi ကို အဲ့စိတ္တဇ ကောင် လက်ထဲကနေ ခေါ်ထုတ်သွားတော့မှာလေ "

"ကျွန်တော် တကယ်မသေသွားမချင်း သူ ဒီလိုလုပ်နေတာတွေကို ရပ်မှာမဟုတ်ဘူး။ ကျွန်တော့်အတွက် သူနဲ့လွတ်တဲ့ ရပ်ဝန်းဆိုတာ မရှိဘူး"

ခွပ်

"Joonie hyung ! "

သူတို့ စကားများနေတုန်း အနားရောက်လာပြီ ဖြစ်တဲ့ Hoseok က Namjoon ရဲ့ပါးစောင်းအား အားပြင်းစွာ ထိုးချလိုက်သည်။

Yoongi ရဲ့လက်ကို ကိုင်ထားတဲ့ Namjoon ရဲ့လက်တွေ လွတ်ထွက်သွားပြီး မြေကြီးထက်သို့ ဘုတ်ကနဲ လဲကျသွားသည်။ ပူစပ်သွားတဲ့ အသိကြောင့် နှုတ်ခမ်းစပ်ကို လက်ဖြင့် စမ်းမိတော့ ထွက်လာတဲ့ သွေးအချို့ ။

ညအမှောင်က နက်လာခြင်း ၊ မိုးက သည်းထန်စွာ ရွာလာခြင်း နှင့်အတူ Hoseok ၏ ပြင်းထန်သော အသံရှူသံနှင့် ဖောက်ပြန်မှု စိတ်ရိုင်းများသည် အရှိန်မြင့်တက်လာသည်။

Play Written By Villain(Completed)Where stories live. Discover now