1.2(Yoonjin)

481 58 10
                                    

Jin နဲ့တွဲပြီးနောက်ပိုင်း Yoongiက ပိုကလေးဆန်လာသည် ။ တအားလဲ ချွဲတတ်တဲ့ ကောင်လေး ၊ တခါတခါဆို သူ့အပေါ်လဲအနိုင်ကျင့်တတ်သေးတာ ။

ဒါပေမယ့် နားလည်မှုသိပ်ရှိတဲ့ ကောင်ငယ်လေးကြောင့် တွဲတာသုံးလပင်ရှိတော့မည် ... သူတို့ရန်တခါမှ မဖြစ်ဘူးပေ ။

အရင်ကဆို တစ်ယောက်ထဲရှိနေရတဲ့ Jinဟာ အမြဲတမ်း သူ့ရဲ့စားသောက်ဆိုင်မှာပဲ အချိန်တွေကုန်ဆုံးခဲ့ပေမယ့် Yoongiရောက်လာပြီးနောက်ပိုင်းတော့ သူ့ဘဝလေးဟာ တမျိုးတဖုံ ပြောင်းလဲသွားချေပြီ ။

တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ကာ ကလေးငယ်နဲ့ အမှတ်တရများစွာတို့ ဖန်တီးသည် ။ ကလေးငယ်ရဲ့သွားတန်းညီညီလေးနဲ့ အပြုံးလေးတွေမှာ သူ ကျဆင်းရမြဲ ။

သူ့ရင်ခွင်ထဲမှာ အေးချမ်းစွာအိပ်ပျော်နေတဲ့ ​ကောင်ငယ်လေးကို ကြည့်ကာ Jin ပြုံးရင်း မျက်နှာနုနုထက် အနမ်းခြွေလိုက်သည် ။

သူနဲ့ လာအိပ်ရမယ် လို့ဂျီတိုက်ထားတဲ့ ကလေးငယ်ကြောင့် Jin သူနဲ့အတူအိပ်ဖြစ်သွားသည် ။ ကလေးငယ်ရဲ့လက်ကို ကိုင်၍သာ Jin အိပ်သည် ။ သူကလေးငယ်အပေါ်တန်ဖိုးထားကြောင်း ပြသချင်သည် ။ လက်မထပ်ရသေးပဲ အဆင့်မတက်ချင် ။

ဒါကိုသိတဲ့ Yoongiကလည်း သူ့အပေါ်တန်ဖိုးထားတဲ့ Jin ကြောင့်သိပ်နွေးထွေးပျော်ရွှင်နေရသည် လေ။

Jin အိပ်ရာပေါ်ကနေ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့ ဒီနေ့ရက်စွဲက အနီရောင် အမှတ်အသားလေးပြုထားတဲ့ ရက်စွဲလေးတစ်ခု ။ တစ်နည်းအားဖြင့် ချစ်ရတဲ့ ကလေးငယ်ရဲ့ အသက် ၂၀ ပြည့်မွေးနေ့။

Yoongi မနိုးအောင်အသာထကာ သူ့အခန်းဆီကိုပဲပြန်ပြီး ရေချိုးလိုက်သည် ။ အဝတ်အစားလဲကာ စားသောက်ဆိုင်သွားရန်ပြင်ဆင်ပြီး စာရွက်လေးတခုကို Yoongiရဲ့အခန်းထဲက မှန်ပေါ်မှာ ကပ်ခဲ့လိုက်သည် ။

ထို့နောက် အိပ်မောကျနေဆဲဖြစ်တဲ့ ကလေးငယ်ရဲ့နဖူးထက်အား အနမ်းနုနုခြွေချရင်း Jin ထွက်ခဲ့လိုက်တော့တယ် ။ ကောင်ငယ်လေးကိုတော့ မနိုးတော့။ ခုမှ မနက် ၅နာရီထိုးပြီးပဲရှိသေးတာလေ ။

Play Written By Villain(Completed)Where stories live. Discover now