ကျောင်းပြန်တက်ခိုင်းတဲ့ Jinရဲ့စကားကို ငြင်းပယ်ပြီး ပုံမှန်အတိုင်းပဲ ဆက်နေချင်တယ် ဆိုတဲ့ Yoongi
အရာရာ Yoongiသဘောဖြစ်စေချင်တဲ့ Jinကတော့ ကျောင်းတက်ဖို့ကို ထပ်မတိုက်တွန်းတော့ ...။
ဒီနေ့တော့ သူတို့နှစ်ယောက်အတူ မြို့ထဲကို သွားဖြစ်ကြတယ်။ အပြင်လောက နဲ့အထိအတွေ့အနည်းငယ်ကင်းကွာနေခဲ့တဲ့ Yoongiက အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ အသစ်အဆန်းတွေကြားမှာ စူးစမ်းတဲ့ကလေးလေးသဖွယ် အရာအားလုံးကို လိုက်ကြည့်နေခဲ့တယ် ။
အသစ်အဆန်းမြင်ရလို့ ပျော်ရွှင်နေတဲ့ ကလေးငယ်ရဲ့ ပုံရိပ်ကို တမြတ်တနိုး အပြုံးတို့ဖြင့်ငေးကြည့်နေခဲ့ရသူမှာ Jin ...။
"နောက်ဆို Yoonieကို ခေါ်ပြီး မြို့ထဲမကြာမကြာလာလည်မယ်"
"တကယ်လား Hyung"
ခေါင်းလေးဆတ်ခနဲ လှည့်ပြီး အရောင်လက်နေတဲ့ မျက်ဝန်းလေးတွေနဲ့ မေးခွန်းထုတ်တဲ့ အနှီကြောင်ပေါက်ကို Jinအသာခေါင်းငြိမ့်ပြတော့ ပျော်သွားကာ သူ့ကိုလာဖက်ပါတဲ့ ကြောင်ပေါက်။ပြီးတော့ သူမဟုတ်တဲ့အတိုင်း ရှေ့ဆက်လျှောက်သွားသည် ။ ဒီကလူကတော့ နှလုံးခုန်မြန်နေတဲ့ ရင်ဘတ်ကို ထုရင်း သူလေး နောက်လိုက်ရတော့တာပေါ့။
သူတို့ ကုန်တိုက်တခုထဲဝင်ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်နေတုန်း ....
"နင် .... နင် Kim Seokjin မလား"
ရှေ့ကအသံကြောင့် သူတို့နှစ်ယောက် ပြိုင်တူကြည့်မိတော့ ကောင်မလေးတယောက်
"ဟေး Hanmi ... အာ နင်အများကြီးလှလာတာပဲ"
Jin က ထိုမိန်းကလေးကို ဆိုတဲ့ ချီးမွမ်းစကားအား Yoongiသိပ်သဘောမကျလှ ။
ငယ်သူငယ်ချင်းတွေထင်ပါရဲ့... ။ ရယ်ရင်းမောရင်း စကားတွေပြောနေကြသည်မှာ ဘေးကသူ့ကိုပင် မေ့လို့ ...။
ကြာတော့ Yoongi နှုတ်ခမ်းစူချင်ချင်ဖြစ်လာသည်။
"ဟဲ့ ဒါ နင့်ညီလေးလား ... မဟုတ်လောက်ပါဘူး။ နင့်မှာမွေးချင်းရှိတယ်လို့ ငါမကြားဖူးပါဘူး"
"ဒါငါ့ညီအရင်းတော့မဟုတ်ပါဘူး ... သူကနယ်က ... ငါနဲ့အတူနေတာ သုံးလလောက်တော့ရှိပြီ။ ဒီကလေးလေးကို ငါအရမ်းချစ်တာ "
![](https://img.wattpad.com/cover/289749651-288-k788232.jpg)
YOU ARE READING
Play Written By Villain(Completed)
FanfictionUnicode အချစ်ဇာတ်လမ်းတွေမှာဆို လူတွေက ဗီလိန်ကိုမုန်းကြတယ် အခုတော့ ဗီလိန်ရေးတဲ့ ဇာတ်လမ်းကို ခံစားကြည့်လိုက် Zawgyi အချစ်ဇာတ်လမ်းတွေမှာဆို လူတွေက ဗီလိန်ကိုမုန်းကြတယ် အခုတော့ ဗီလိန်ရေးတဲ့ ဇာတ်လမ်းကို ခံစားကြည့်လိုက် Min Yoongi × All Member(BTS) Main...