4.2(Kookgi)

303 37 6
                                    

Jungkook အချိန်ပိုင်းအလုပ်က ပြန်လာတော့ ဝယ်လာတဲ့ မနက်စာကို အတူစားကြပြီး သူတို့ စျေးထဲထွက်ခဲ့ကြသည်။

"Hyung အားလုံးစုံပြီလား .. ဘာထပ်ဝယ်ချင်သေးလဲ"

စျေးတစ်ပတ်,ပတ်ပြီးနောက် လိုအပ်သမျှ ပစ္စည်းတွေကို ဝယ်ကြပြီးနောက် Jungkook က အထုပ်တွေဆွဲထားရပြီး သူကတော့ ရေခဲချောင်းလေးတစ်ချောင်းသာ ကိုင်ထားရသည်။

ရေခဲချောင်းလေးကို ဖောက်လိုက်ပြီး Jungkook လက်ထဲက အထုပ်တွေကို ကြည့်ကာ

"ဒီလောက်ဆို စုံပါပြီ ။ ပြန်ရအောင်လေ "

Jungkook လည်း ခေါင်းငြိမ့်ပြရင်း ရေခဲချောင်းလေး တပြွတ်ပြွတ်စုပ်နေတဲ့ hyung ဘေးနားက လိုက်ရင်း အတူလမ်းလျှောက်ပြန်ကြသည်။

စျေးနဲ့ သူတို့ တိုက်ခန်းက မဝေးလှ။ ၁၅ မိနစ်လောက်ပဲ လမ်းလျှောက်ရသည်။

"Jungkook ah .. ဒီတစ်ခေါက် ကျောင်းပြန်ဖွင့်ရင် မင်း စာမေးပွဲဖြေရတော့မှာနော်။ စာတွေကော ရပြီလား"

ရေခဲချောင်းလေးကို စားနေရင်း Hyung က သူ့ဘက် လှည့်ကြည့်ရင်း မေးတော့

"စိတ်ချပါ hyung ရယ်။ ကျွန်တော် စာတွေ အကုန်ရနေပါပြီ"

ဟု Jungkook ပြန်ဖြေလိုက်တော့ ဘာကို အလိုမကျသွားမှန်းမသိတဲ့ Hyung အသေးလေးရဲ့ နှုတ်ခမ်းကစူလာပြီး

"မဖြစ်ဘူး။ စာကော အလုပ်ကောနဲ့ဆိုရင် မင်းပင်ပန်းနေမှာ ... ဒီရက်ပိုင်း မင်းရဲ့ အချိန်ပိုင်း အလုပ်ကို ငါသွားပေးမယ်လေ"

hyung စကားကြောင့် သူတို့ နှစ်ယောက်ကို တစ်ဖက်လမ်းကို မကူးခင် လမ်းဘေးနားမှာ ရပ်လိုက်ကြသည်။

Jungkook က Hyung ကို မျက်နှာချင်းဆိုင်လိုက်ပြီး လက်ထဲက အထုပ်တွေကိုချကာ Hyung ပခုံးထက် လက်တင်လိုက်သည်။

"စိတ်မပူပါနဲ့ Hyung ရယ်။ စာကော အလုပ်ကော ကျွန်တော်နိုင်ပါတယ်။ ကျွန်တော့် Hyung လေးကို မခိုင်းရက်ပါဘူးဗျာ။ အိမ်အလုပ်တွေ လုပ်ပေးနေတာပဲ တော်လှပါပြီ။"

Hyung က တကယ်ကို ဖြူဖြူဖွေးဖွေးလေးနဲ့ အုထားချင်စရာလေးရယ်။ သူလည်း အချမ်းသာကြီးမဟုတ်ပေမဲ့ Hyung ကို ကောင်းကောင်းမွန်မွန်လေး ထားပေးချင်သည်။ သူ့အချစ်တွေက Hyung အပေါ်တစ်စတစ်စ တိုးလာသလို မြတ်နိုးမှုတွေနဲ့ စောင့်ရှောက်ချင်မှုကလည်း အတိုင်းအဆ မရှိကျယ်ပြန့်လာသည်။ အသက်အားဖြင့် သူက ငယ်နေသေးတာသိပေမဲ့ Hyung အတွက်တော့ တံတိုင်းကြီး တစ်ခုဖြစ်ပေးချင်မိသည်။

Play Written By Villain(Completed)Where stories live. Discover now