ဗလာကျင်းနေတဲ့ ရင်အုပ်ကြားမှာ Yoongi ခေါင်းကိုတင်ထားရင်း ကျစ်လျစ်တဲ့ ကြွက်သားတွေရှိရာထက်ဆီ သူ့လက်တို့ တင်ထားမိသည်။ သူ့ခါးဟာလည်း သန်မာတဲ့လက်များဖြင့် ပွေ့ဖက်ခြင်း ခံထားရသည်။
တောင့်တင်းတဲ့ ရင်အုပ်ပေါ်ကို မေးစေ့လေး တင်ကာ မျက်လုံးမှိတ်အနားယူနေတဲ့ ချောမောလှတဲ့ မျက်နှာအား အသေးစိတ် ငေးကြည့်မိသည်။ အငြိမ်မနေတဲ့ လက်များက ထူထူထဲထဲမျက်ခုံးတန်းများပေါ် ပြေးလွှားမိတော့ မျက်ခုံးတန်းများ ပိုင်ရှင် Joonie hyung က နိုးလာသည်။
"မောနင်း Gi ငယ်"
ပါးချိုင့်တွေ ထင်းနေအောင် ပြုံးပြရင်း သူ့ကို ငုံ့နမ်းတဲ့ Namjoon အား Yoongi ပြန်ပြုံးပြလိုက်သည်။ ခန္ဓာကိုယ်ချင်း ရင်းနှီးခဲ့ကြပြီးနောက် သူတို့ ဆက်ဆံရေးဟာ သာမန်မဖြစ်နိုင်တော့။
Namjoon စီစဥ်သမျှ ကို Yoongi လက်ခံဖို့ဆုံးဖြတ်ပြီးပြီ။ သူ Hoseok အနားမှာ မနေချင်တော့ဘူး။ နောက်ဆုံးအနေနဲ့ ထွက်ပြေးပါရစေ။
ကြမ်းပြင်ထက်မှာ ပုံလျက်သားကျနေတဲ့ အင်္ကျီတွေကို Yoongi ဝတ်ဆင်လိုက်ပြီး သူ့အားကြည့်နေတဲ့ Namjoonကို ငဲ့ကြည့်လိုက်သည်။
"အစီအစဥ်ကို အခုချက်ချင်းပဲ စလိုက်ပါတော့ Joonie hyung "
Namjoon ရဲ့ခေါင်းငြိမ့်ပြခြင်းနှင့်အတူ ခဏအကြာမှာ Yoongiရဲ့ ညာဘက်လက် သွေးကြောထဲ စိုက်ဝင်သွားတဲ့ အပ်တစ်ချောင်း ။
တဖြေးဖြေးချင်း .... တဖြေးဖြေးချင်း ...
Yoongi မျက်လုံးများမှိတ်ကျလာသည်။
အသက်ရှုသံများ နှေးကွေးသွားသည်။
သွေးကြောများ ရပ်ဆိုင်းသွားသည်။
နှလုံးဟာ အလုပ်မလုပ်တော့သလို နှလုံးခုန်သံဟာ တိကနဲ ရပ်သွားတော့သည်။***
"ဟင့်အင်း ဒါလုံးဝ မဖြစ်နိုင်ဘူး။ Yoonငယ် သေသွားတာမဟုတ်ဘူး။ မင်းတို့ အားလုံး လိမ်နေကြတာ။ Yoon ငယ်! ... Yoon ငယ် ထစမ်းပါဦးကွာ ။ "
သူ့အနားမှာ မနေချင်တော့တဲ့ Yoonငယ်က သူမကွာရှင်းပေးလို့ ပြောထားတဲ့အတိုင်း ကိုယ့်ကိုကိုယ် သတ်သေသွားပြီတဲ့။
မဖြစ်နိုင်တာ !
လုံးဝ မဖြစ်နိုင်တာ !
Yoon ငယ်က သေသွားတာမဟုတ်ဘူး!
ပင်ပန်းသွားလို့ ခဏ အိပ်နေတာပါ။
![](https://img.wattpad.com/cover/289749651-288-k788232.jpg)
YOU ARE READING
Play Written By Villain(Completed)
FanficUnicode အချစ်ဇာတ်လမ်းတွေမှာဆို လူတွေက ဗီလိန်ကိုမုန်းကြတယ် အခုတော့ ဗီလိန်ရေးတဲ့ ဇာတ်လမ်းကို ခံစားကြည့်လိုက် Zawgyi အချစ်ဇာတ်လမ်းတွေမှာဆို လူတွေက ဗီလိန်ကိုမုန်းကြတယ် အခုတော့ ဗီလိန်ရေးတဲ့ ဇာတ်လမ်းကို ခံစားကြည့်လိုက် Min Yoongi × All Member(BTS) Main...