Strange boys meet

718 83 8
                                    

အခန်း ၁

‍‍‍‍‍‍‍‍‍‍‍‍‍ဆေးလိပ်ငွေ့တွေတစ်ဝကြီးရှိုက်ကာ Yodo မြစ်အလှကိုခံစားလိုက်သည်။ညနေစောင်းတိုင်းလာနေကျဒီနေရာလေးဟာ ဘယ်တော့မှ သူ့အတွက်မရိုးခဲ့သလိုစီးကရက်တွေကိုလည်းဘယ်တုန်းကမှ
မငြီးငွေ့ခဲ့ဘူး။

လူတိုင်းသာ သူ့လိုစိတ်မျိုးရှိရင် လောကကြီးအေးချမ်းမှာအမှန်ပဲ။အပူအပင်မရှိ လောဘတွေမရှိတဲ့ ဘဝမျိုးဟာ အေးချမ်းတယ်ဆိုတာလူတွေမသိဘူး။သူဟာ ဘုရားသခင်မဟုတ်ပေ‌မယ့်လည်း ပိုင်ဆိုင်သည့်အရာဆိုလို့ လက်ချိုးရေလို့ရတဲ့ လက်ရှိဘဝကိုရောင့်ရဲတင်းတိမ်မှုရှိသည်။

"မီးခြစ်လေးခဏလောက်ငှားပါလား"

မိမိထက်ငယ်ပုံပေါ်သည့် လူငယ်လေးတစ်ယောက်က အနားကပ်ကာပြောလာသည်။

"‌ရော့"

ဆေးလိပ်မီးညှိရန်လာ‌တောင်းသည်ဟုထင်ခဲ့‌ပေမယ့် တကယ်တမ်းထိုလူငယ်သည် မီးခြစ်ကိုလှမ်းယူကာ မီးရှူးမီးပန်းများအား ရှို့နေခြင်းဖြစ်သည်။

"ခင်ဗျားရော ရှို့ဦးမလား"

ခေါင်းခါပြလိုက်သည်။အကြိုက်ချင်းမှမတူတာ။မီးရှူးမီးပန်းတွေကိုရှို့တာက ဒီဆေးလိပ်တွေကိုရှို့တာလောက် သူ့ကိုပျော်ရွှင်စေပါ့မလား။

"Kenemoto Senpai ခင်ဗျားကသိပ်ထူးဆန်းတယ်လို့ လူတွေ‌ပြောတာကျွန်တော်ကြားဖူးတယ် ဒါပေမယ့်အခုတွေ့ရသလောက်တော့ ခင်ဗျားကပုံမှန်ပါပဲ"

"ငါ့အကြောင်းလူတွေဘာပြောလဲငါစိတ်မဝင်စားဘူး ပြီးတော့ မင်းရဲ့အမြင်ကိုလည်းငါမသိချင်ဘူး ငါ့ကိုလူတွေထင်သလို မြင်သလို လျှောက်ပြောကြတာတွေ ငါ့အတွက်နေသားကျနေပြီ"

ထပ်မံပြီးလက်နှစ်လုံးလောက်သာကျန်တော့တဲ့ ဆေးလိပ်တိုကိုအားပါးတရ ရှိုက်လိုက်ပြန်သည်။

"ခင်ဗျားကိုကျွန်တော်ဘယ်လိုသိလဲဆိုတဲ့မေးခွန်းမျိုးကို ခင်ဗျားမမေးတော့ဘူးလား"

"ငါပြောခဲ့ပြီးပြီပဲ။ငါမသိချင်ဘူး။‌အခုငါသောက်နေတဲ့ ဆေးလိပ်ကုန်သွားသလိုပဲ ငါတို့ဆုံခဲ့တဲ့အချိန်တွေလည်း ဘာမှမဖြစ်သလိုပျောက်သွားမှာ။ဘာမှစိတ်ထဲမထားနဲ့ ကောင်လေး အေးအေးချမ်းချမ်းပဲနေစမ်းပါ"

Cigarette with you Where stories live. Discover now