အခန်း ၁၃
"Yoshi-kun ကို ကျွန်တော်သဘောကျတယ် ဒါပေမယ့် အစ်ကိုတစ်ယောက်လိုတော့မဟုတ်ဘူး"
သူဘာပြန်ပြောရမှန်းမသိ။အမှန်တကယ်ဆို ဒီကလေးစိတ်တွေသူရိပ်မိပါသည်။မပြောပါစေနဲ့လို့မျှော်လင့်ခဲ့ပေမယ့် တကယ်ထုတ်ပြောလာခဲ့လျှင်ဘယ်လိုလုပ်ရမယ်မှန်းတော့ကိုမတွေးခဲ့မိ။
"Yoshi-kun"
"Yoshi-kun ကျွန်တော်ပြောတာကြားရဲ့လား"
"ဟင် ဟင်"
ရုတ်တရက်အတွေးထဲနစ်မြောသွားစဉ် ဟိခွန်ရဲ့ခေါ်သံကြောင့်ပြန်လည်သတိဝင်လာသည်။
"Yoshi-kun ဘက်ကဘယ်လိုခံစားမိလည်းမသိပေမယ့် ကျွန်တော်ကတော့"
"တော်တော့ ဟိခွန် တော်ရုံပဲလုပ်စမ်းပါ ဒါနောက်စရာမဟုတ်ဘူး"
"ကျွန်တော်နောက်နေတယ်လို့ Yoshi-kun ကထင်နေတာလား ကျွန်တော့်ပုံစံကရော နောက်နေတဲ့ပုံပေါက်နေလို့လား"
"နောက်တာမဟုတ်ရိုးမှန်ခဲ့ရင် မင်းရူးနေလို့ပဲ ဟိခွန်"
"ဘယ်လို လူတစ်ယောက်ကိုချစ်မိတာကိုရူးတယ်တဲ့လား"
"မင်းဘယ်သူ့ကိုပဲချစ်ချစ် ဘယ်သူ့ကိုပဲသဘောကျကျရတယ် ဟိခွန် ဒါပေမယ့်ငါ့ကိုတော့မရဘူး"
"ဘာလို့လဲ ဘာလဲ ညီအစ်ကိုတွေလိုပြောဦးမလို့လား ကျွန်တော်တို့ကညီအစ်ကိုအရင်းတွေမှမဟုတ်တာ ဒါကို Yoshi-kunလည်းသိတာပဲ ဘယ်သူသိနိုင်မလဲ Yoshi-kun ဘက်ကလည်းကျွန်တော့်အပေါ်ခံစားချက်ရှိနေနိုင်တာပဲလေ"
"မင်းခွေးစကားမပြောနဲ့ဟိခွန် ငါမင်းကိုညီလေးလိုပဲချစ်တာ မင်းပြောတဲ့စကားတွေကိုကြားရင်ဖာသာလည်းစိတ်ချမ်းသာမယ်ထင်လို့လား ဟမ်"
ဒေါသအလျောက်ပြောလိုက်မိတဲ့စကားတွေကြောင့် ဆာဟိဟာ မျက်ရည်ကျမတတ်စူးစိုက်ကြည့်နေခဲ့တယ်။တစ်သက်နဲ့တစ်ကိုယ် ဒီကောင်လေး ဒီလိုဒေါသထွက်တာပထမဆုံးမြင်ဖူးခြင်းပဲ။
"Baka!"
အော်ဟစ်ကထွက်သွားတဲ့ကောင်လေးကိုလိုက်မချော့မိတော့။အလိုလိုက်ထားလို့ဆိုးပေတယ်လို့ပဲမြင်မိပါသည်။စိတ်မဆိုးမိပဲ မိမိစကားတွေကြောင့်သာစိတ်မကောင်းဖြစ်မိသည်။ဟိခွန်ပြောသလို သူအမှန်တကယ်ခံစားချက်ရှိနေသလားဆိုတာမိမိကိုယ်ကိုလည်း သံသယတို့အနည်းငယ်ရှိပေမယ့်ဆန်းစစ်ဖို့မကြိုးစားတော့။နောက်ဆုံးအဖြေဟာ မဖြစ်နိုင်ဘူးဆိုတာသိလျက်နဲ့ရှေ့ဆက်တိုးဖို့ကြိုးစားနေရင်တော့ သူဟာတကယ်အရူးပေါ့။
YOU ARE READING
Cigarette with you
Fanfiction- ဆေးလိပ်နံ့တွေမွှန်နေတဲ့ ငါ့နှုတ်ခမ်းပါးကြီးနဲ့ နူးညံ့ပြီးချိုမြိန်တဲ့မင်းနှုတ်ခမ်းလေးကို မနမ်းရက်ခဲ့ဘူး Hikun - - အေးစက်တဲ့ Yoshi-kun တည်ငြိမ်တဲ့ Yoshi-kun ဂရုမစိုက်တတ်တဲ့ Yoshi-kun ဖြစ်နေပေမယ့် အဆင်ပြေပါတယ်။ကျွန်တော်သဘောကျတဲ့ Yoshi-kun ပုံစံကဒီလိ...