အခန်း ၁
ဆေးလိပ်ငွေ့တွေတစ်ဝကြီးရှိုက်ကာ Yodo မြစ်အလှကိုခံစားလိုက်သည်။ညနေစောင်းတိုင်းလာနေကျဒီနေရာလေးဟာ ဘယ်တော့မှ သူ့အတွက်မရိုးခဲ့သလိုစီးကရက်တွေကိုလည်းဘယ်တုန်းကမှ
မငြီးငွေ့ခဲ့ဘူး။လူတိုင်းသာ သူ့လိုစိတ်မျိုးရှိရင် လောကကြီးအေးချမ်းမှာအမှန်ပဲ။အပူအပင်မရှိ လောဘတွေမရှိတဲ့ ဘဝမျိုးဟာ အေးချမ်းတယ်ဆိုတာလူတွေမသိဘူး။သူဟာ ဘုရားသခင်မဟုတ်ပေမယ့်လည်း ပိုင်ဆိုင်သည့်အရာဆိုလို့ လက်ချိုးရေလို့ရတဲ့ လက်ရှိဘဝကိုရောင့်ရဲတင်းတိမ်မှုရှိသည်။
"မီးခြစ်လေးခဏလောက်ငှားပါလား"
မိမိထက်ငယ်ပုံပေါ်သည့် လူငယ်လေးတစ်ယောက်က အနားကပ်ကာပြောလာသည်။
"ရော့"
ဆေးလိပ်မီးညှိရန်လာတောင်းသည်ဟုထင်ခဲ့ပေမယ့် တကယ်တမ်းထိုလူငယ်သည် မီးခြစ်ကိုလှမ်းယူကာ မီးရှူးမီးပန်းများအား ရှို့နေခြင်းဖြစ်သည်။
"ခင်ဗျားရော ရှို့ဦးမလား"
ခေါင်းခါပြလိုက်သည်။အကြိုက်ချင်းမှမတူတာ။မီးရှူးမီးပန်းတွေကိုရှို့တာက ဒီဆေးလိပ်တွေကိုရှို့တာလောက် သူ့ကိုပျော်ရွှင်စေပါ့မလား။
"Kenemoto Senpai ခင်ဗျားကသိပ်ထူးဆန်းတယ်လို့ လူတွေပြောတာကျွန်တော်ကြားဖူးတယ် ဒါပေမယ့်အခုတွေ့ရသလောက်တော့ ခင်ဗျားကပုံမှန်ပါပဲ"
"ငါ့အကြောင်းလူတွေဘာပြောလဲငါစိတ်မဝင်စားဘူး ပြီးတော့ မင်းရဲ့အမြင်ကိုလည်းငါမသိချင်ဘူး ငါ့ကိုလူတွေထင်သလို မြင်သလို လျှောက်ပြောကြတာတွေ ငါ့အတွက်နေသားကျနေပြီ"
ထပ်မံပြီးလက်နှစ်လုံးလောက်သာကျန်တော့တဲ့ ဆေးလိပ်တိုကိုအားပါးတရ ရှိုက်လိုက်ပြန်သည်။
"ခင်ဗျားကိုကျွန်တော်ဘယ်လိုသိလဲဆိုတဲ့မေးခွန်းမျိုးကို ခင်ဗျားမမေးတော့ဘူးလား"
"ငါပြောခဲ့ပြီးပြီပဲ။ငါမသိချင်ဘူး။အခုငါသောက်နေတဲ့ ဆေးလိပ်ကုန်သွားသလိုပဲ ငါတို့ဆုံခဲ့တဲ့အချိန်တွေလည်း ဘာမှမဖြစ်သလိုပျောက်သွားမှာ။ဘာမှစိတ်ထဲမထားနဲ့ ကောင်လေး အေးအေးချမ်းချမ်းပဲနေစမ်းပါ"
YOU ARE READING
Cigarette with you
Fanfiction- ဆေးလိပ်နံ့တွေမွှန်နေတဲ့ ငါ့နှုတ်ခမ်းပါးကြီးနဲ့ နူးညံ့ပြီးချိုမြိန်တဲ့မင်းနှုတ်ခမ်းလေးကို မနမ်းရက်ခဲ့ဘူး Hikun - - အေးစက်တဲ့ Yoshi-kun တည်ငြိမ်တဲ့ Yoshi-kun ဂရုမစိုက်တတ်တဲ့ Yoshi-kun ဖြစ်နေပေမယ့် အဆင်ပြေပါတယ်။ကျွန်တော်သဘောကျတဲ့ Yoshi-kun ပုံစံကဒီလိ...