Hikun??

355 77 6
                                    

အခန်း ၄

"Senpai ရဲ့ ကလောင်နာမည်က ဘာလို့ Kim Yoshi လဲ"

"ဒီအတိုင်း"

Senpai ဟာ သူမေးတာကိုဘယ်တော့မှအသာတကြည်မဖြေ။

ဒီလိုပဲ။
Yoshi Senpai ဟာ ဘယ်အချိန်ကြည့်ကြည့်အေးတိအေးစက်။အနှောင်အဖွဲ့မရှိလွတ်လပ်တယ်။ပေါ့ပါးတယ်။ပြီး‌တော့သိုဝှက်တယ်။ဘယ်အချိန်ကြည့်
ကြည့် နှတ်ခမ်းဖျားမှာ စီးကရက်လေးခဲကာနေတတ်သည်။မျက်စိ‌ရှေ့တည့်တည့်မှာကမ္ဘာပျက်နိုင်လောက်မယ့်အရေးတကြီးကိစ္စမျိုးရှိနေရင်တောင် သူစိတ်မဝင်စားရင် တစ်ချက်‌တောင်လှည့်ကြည့်တတ်သူမဟုတ်။

ပထမအကြိမ်စာအုပ်ထုတ်ဝေစဉ်က လူမသိသူမသိဖြစ်ခဲ့ပေမယ့် ဒုတိယအကြိမ် Life is good? You Think? ဆိုတဲ့စာအုပ်ထွက်ပြီးနောက်တစ်ဟုန်ထိုးအောင်မြင်ခဲ့တာ။Senpai ဟာ နာမည်ကြီးစာရေးစရာတစ်ယောက်ဖြစ်နေပါလျက်နဲ့ဘာလို့များသိုဝှက်နေ နေရတာလဲ။စာအုပ်ရောင်းရငွေတွေကရော ဘယ်ရောက်သွားပြီလဲ။တကယ်တမ်း Senpai ကလည်းနှလုံးသားရှိတဲ့သာမာန်လူတစ်ယောက်ပဲဖြစ်တာမို့ ကြင်နာတတ်သည့်စိတ်ထားတော့ရှိသေးသည်။ရောင်းရငွေထဲမှာ ပိုက်ဆံအနည်းငယ်သာယူ၍ ကျန်ငွေများအားလိုအပ်သည့်နေရာတွင်လှူဒါန်းလေ့ရှိသည်။Senpai ရဲ့ ဒီအကြောင်းတွေကိုကျွန်တော်ကလွဲပြီးဘယ်သူမှသိလိမ့်မည်မဟုတ်။ဒါပေမယ့် ဖာသာ ဒေးဗစ်ကတော့အနည်းငယ်သိခဲ့လောက်သည်။

"Senpai ဆေးလိပ်ရဲ့အရသာကဘယ်လိုလဲ"

ပြန်ဖြေသံမကြား။

"ကျေးဇူးပြုပြီးတစ်လိပ်လောက်ပေးလို့ရမလား ကျွန်တော်စမ်းကြည့်ချင်လို့"

"မပေးဘူး"

"ဘာလို့လဲ"

ထပ်ပြီးပြန်မဖြေပြန်။

"မပေးလည်းရပါတယ် မနက်ဖြန်လမ်းထိပ်ကစတိုးဆိုင်မှာဝယ်ပြီးစမ်းကြည့်ရမယ်"

"မင်းက ကျောင်းသားပဲရှိသေးတာ ဘာလို့မကောင်းတဲ့အတတ်တွေသင်ချင်ရတာလဲ"

"ကျွန်တော်က တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပါပြီ အသက်မပြည့်သေးတဲ့အထက်ကျောင်းသားမဟုတ်တော့ပါဘူး"

Cigarette with you Where stories live. Discover now