Past

302 70 5
                                    

အခန်း ၇

အဲ့အချိန်တုန်းက သူက 9 နှစ်။မိဘတွေ accident နဲ့ဆုံးပါးသွားပြီးတဲ့နောက် ဦးလေးဖြစ်သူက သူ့ကိုဂေဟာမှာထားခဲ့တာ။ငယ်သေးတော့ ဘယ်သူဘယ်ဝါမှန်းသိပ်မမှတ်မိတော့သလို ငယ်ငယ်ကအမှတ်တရတွေလည်းမရှိတော့ဘူး။ဒါမှမဟုတ် စိတ်မချမ်းသာစရာအခိုက်အတန့်တွေမို့ သူကိုယ်တိုင်မေ့ပစ်ခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်မှာပါ။ဘာလို့လဲဆိုတော့ အဲ့ဒီ accident မှာသူသာလျှင်တစ်ဦးတည်းသောအသက်ရှင်ကျန်သူဖြစ်နေလို့ပဲ။

ဖာသာကသူ့ကိုတစ်အားချစ်တယ်။ဂေယာမှာသူအပါအဝင်က‌လေး5ယောက်သာရှိသည်။‌တောတောင်ကြားကဂေဟာလေးမို့လူသူအ‌ပေါက်အရောက်သိပ်မရှိ။ဖာသာက‌ဂေဟာမှာအလိမ္မာဆုံးဖြစ်တဲ့သူ့ကိုအချစ်ဆုံးပဲလို့ပြောလေ့ရှိတယ်။3နှစ်လောက်နေပြီးတဲ့နောက်တော့ ကလေးငယ်တစ်ယောက်သူတို့ဂေဟာကိုရောက်လာတယ်။အဲ့အချိန်မှာတော့အဲ့ကလေးက4နှစ်။သူက‌တော့12ပြည့်ပြီးပြီပေါ့။ဂေဟာသို့လူသစ်ရောက်လာတာကိုပထမဆုံးကြုံဖူးခြင်းသဖြင့်သူ့အတွက်တော့ထူးဆန်းသည်။ပို၍ထူးဆန်းသည်မှာ ဒီကလူတွေလိုမိမဲ့ဖမဲ့ကြောင့်ရောက်လာခြင်းမဟုတ်ပဲ မိဘနှစ်ပါးကိုယ်တိုင်ကထိုကလေးအားလာပစ်ထားခြင်းပင်။သနားစရာကောင်းလိုက်တဲ့ကလေး။

"ယိုရှီ သား ညီလေးကိုဂရုစိုက်ရမယ်နော် ညီလေးကငယ်သေးတော့ တစ်ယောက်တည်းပစ်ထားလို့မရဘူး"

ဖာသာကသူ့ကိုခေါ်၍ ထိုကလေးကို ဂရုစိုက်ပေးရန်မှာကြားသည်။

"သူ့နာမည်ကဘယ်လိုလဲ ဖာသာ"

"Hikun"

"Hikun??"

"အင်း"

"Hai ဖာသာကိုယ်တိုင်ပေးထားတာလားဟင်"

"ဘာလို့လဲ"

"ဒီအတိုင်းချစ်ဖို့ကောင်းလို့ပါ နာမည်ရော လူရော"

"ကဲ သားကိုကို့နားမှာကစားနော်"

ဖာသာက ထိုကလေးကိုအောက်ချပေးလိုက်တော့ ကလေးက သူ့ကိုကြောင်၍ကြည့်နေသည်။

"ကဲ ဖာသာအလုပ်ရှိလို့သွားလိုက်ဦးမယ် မင်းတို့ဆော့နင့်ကြ Yoshi မှာထားတာမမေ့နဲ့နော် ညီလေးအနားမှာပဲပေးနေရမယ်"

Cigarette with you Where stories live. Discover now