အခန်း ၁၀
အိမ်မက်တွေမကောင်းဘူး။အိမ်မက်ထဲမှာ Yoshi-kun က သူ့ကိုထားခဲ့တာ။ပြီးတော့ ဟိုးအဝေးကအမှောင်ထဲ ပျောက်သွားတယ်။သူအော်ခေါ်နေပေမယ့် Yoshi-kun က လှည့်မကြည့်ဘူး။ပြေးလိုက်ဖို့ပြင်တော့လည်း ခြေထောက်တွေကမရွေ့ဘူး။အကျယ်ကြီးအော်ငိုမိလိုက်တယ်။ပြီးတော့လန့်နိုးလာတယ်။သူ့တစ်ကိုယ်လုံးချွေးတွေလည်းရွှဲလို့။
လန့်ဖြန့်ကာထပြီးမှ ဒါဟာအိမ်မက်မှန်းသိတော့စိတ်သက်သာရာရသွားသည်။သို့သော် ဘေးဘက်ကိုကြည့်မိတော့ Yoshi-kun ကအနားမှာရှိမနေ။အခန်းထဲဝေ့ယှမ်းကာကြည့်လိုက်သည်။အခန်းထောင့်လေးမှာရှိနေကျ လွယ်အိတ်လေးတစ်လုံးပျောက်ဆုံးနေ။
"Yoshi-kun!! Yoshi-kun!! "
ပန်းပင်ငါရေလောင်းတဲ့နေရာမှာမရှိ။စာကြည့်စားပွဲမှာမရှိ။ထမင်းစားဆောင်မှာမတွေ့သလို ဘုရားကျောင်းထဲမှာလည်းရှိမနေပြန်။"ဖာသာ! ဖာသာ!"
ချောင်ကျသောခြံဝင်းတစ်နေရာတွင် ငိုင်ကာထိုင်နေသော ဖာသာ။"Yoshi-kun ဘယ်သွားတာလဲ။ဟိုဘက်မြို့မှာများ စာအုပ်သွားဝယ်တာလား ဒါမှမဟုတ်"
"ထွက်သွားတာ မင်းအစ်ကိုဒီကထွက်သွားပြီ ငါ့သား"
သူဘာပြောရမယ်မှန်းမသိအောင်ဆွိ့အသွားသည်။
"ဖာသာဆူလိုက်တာလားဟင် ဆူလိုက်တယ်ဆိုရင်ကျွန်တော်သွားချော့ပေးမယ်လေ Yoshi-kun က"
"သား မင်းဝမ်းနည်းမှာသိပေမယ့် မင်းအစ်ကိုတကယ်ထွက်သွားတာ သူတစ်ချိန်မှာပြန်လာခဲ့မယ်လို့ကတိပေးခဲ့ပေမယ့် ဘယ်အချိန်လဲဆိုတာမသိဘူး"
"ဟင့်အင်း ဘာလို့လဲ Yoshi-kun ကဘာလို့ထွက်သွားတာလဲ"
ဖာသာဘာမှပြန်မဖြေပဲထထွက်သွားသည်။ဒီအချိန်မှာ သူရော ဖာသာရော စိတ်ညစ်နေမယ်ဆိုတာသိတဲ့အတွက် ဖာသာကိုလည်း ဂဂျီဂဂျောင်မကျတော့။အသက်ရှူရပ်မတတ်သာငိုနေမိသည်။
တကယ်ပဲ Yoshi-kun နဲ့တွေ့ခွင့်ရပါဦးမလား။ဖာသာပြောတော့ Yoshi-kun က ပြန်လာမယ်လို့ကတိပေးသွားတယ်တဲ့။yoshi-kun က လိမ်တတ်တဲ့သူမှမဟုတ်ပဲ။တကယ်ပဲပြန်လာမှာပါ။
YOU ARE READING
Cigarette with you
Fanfiction- ဆေးလိပ်နံ့တွေမွှန်နေတဲ့ ငါ့နှုတ်ခမ်းပါးကြီးနဲ့ နူးညံ့ပြီးချိုမြိန်တဲ့မင်းနှုတ်ခမ်းလေးကို မနမ်းရက်ခဲ့ဘူး Hikun - - အေးစက်တဲ့ Yoshi-kun တည်ငြိမ်တဲ့ Yoshi-kun ဂရုမစိုက်တတ်တဲ့ Yoshi-kun ဖြစ်နေပေမယ့် အဆင်ပြေပါတယ်။ကျွန်တော်သဘောကျတဲ့ Yoshi-kun ပုံစံကဒီလိ...