" ဒါ ငါ့ခုံ "
"ဒါ ငါ့ခုံ "
"မင်း နောက်မှ ရောက်ဝာာ ငါ အရင်ထိုင်မှာ"
"ဟ စဉ်းစားပြောလေ မင်းနဲ့ငါ အိမ်က ဘယ်သူ အရင်ထွက်တာလဲ ပြောကြည့် "
" တော်စမ်းပါ ငါ့ကားက ကားဂိတ်အရင်ရောက်တာကွ "
"အဲ့လိုပြောကြေးဆို ငါက အထုတ်တွေ အရင် ကားပေါ်က ချတာ "
" ငါက ကားဆီ အရင်လာတာ "
"ငါက ကားပေါ်ခြေထောက်စတင်တာ "
"ငါက ခုံရှေ့အရင်ရောက်တာ "
" ငါထိုင်ဖို့ကို ငါလွယ်ထားတဲ့အိတ်ကို ဆွဲတာ ဘယ်လဒကောင်လဲ?"
" ငါထိုင်ဖို့လုပ်တော့ သူ့ကိုယ်မှ အားမနာ တွန်းထုတ်တာ ဘယ်နွားလေးလဲ??"
ကားပေါ်က လူတွေကတော့ ဖြစ်ပျက်နေကျပုံစံအတိုင်း မည်သူမျှ အဖက်မလုပ်ကြပေ။
ဘုရားသာနောက်ထပ်တစ်ဆူထပ်ပွင့်ရင် ပွင့်လာလိမ့်မယ် ဒီနှစ်ယောက်ကတော့ ဘယ်တော့မှ တည့်မည်မထင်။ သို့သော်ကမ္ဘာကြီးသာ နှစ်ခြမ်းကွဲလို့ တစ်ယောက်တစ်ခြမ်းနေမလားလို့ မေးကြည့်..
*ရူးနေလို့ သူမရှိတဲ့ဘက်မှာ နေရမှာလား? သူ့ကို ကြောက်လို့ ဟိုဘက်ခြမ်းမှာ နေတယ်လို့ အပြောမခံနိုင်ဘူးကွ*
*ဘာလို့ ခွဲနေရမှာလဲ!! အဟား ဘဝများစွာရှိခဲ့ရင်တောင် လုံးဝမခွဲဘူး ချစ်လွန်းလို့တော့ မထင်နဲ့ အဟက်.. ဝက်စုတ်ကို အနိုင်ယူဖို့မွေးဖွှားလာတဲ့ငါက ဘယ်တော့မှာ သူနဲ့ဝေးရာမှာ နေမှာမဟုတ်ဘူးကွ ဒေါသထွက်နေတဲ့သူ့ရဲ့ angry pigမျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ထိုင်ဟားချင်လို့လေ ဟားဟားး..*
*ယုန်သွားခေါ၊ Chocolate*
*ဝက်စုတ်၊ဝက်ဂျပု၊ angry pig*
ဤသို့ဤသို့.. တစ်နေ့တစ်မျိုး မရိုးအောင် အကြောင်းအရာအမျိုးမျိုးနှင့် ရန်ဖြစ်၏။
သို့သော် လက်တော့မပါကြချေ၊ နှုတ်ဖြင့် သူအနိုင်ငါအနိုင် အပြိုင်ပြောရင်း ရန်ဖြစ်ကြခြင်းပင်။ယခုလည်းကြည့်..
နှစ်ယောက်သား နှဖူးချင်းတေ့ဆိုင်ထားကြပြီး တစ်ယောက်ကတွန်းတော့ တစ်ယောက်က အနောက်ကိုရွေ့သွားတယ်။

VOCÊ ESTÁ LENDO
" Chocolate & Angry pig " ✓𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✓
FanficXiaoZhan×WangYibo=XiaoWangYiZhan(Wang Xiao ZhanYi)