စာစဥ်(၁) [unicode]

5.1K 477 18
                                    

စာစဥ် ၁ ၊ အခန်း ၁ ။ ကျောင်းပေါ်ကနေ ခုန်ချရမယ်?
မဖြစ်နိုင်တာ

"ဟေ့ နင် ခုန်ချမှာလား မခုန်ချဘူးလား မခုန်ချရင်လဲ ငါတို့သွားတော့မယ်"

"ဖူးး သူလား ခုန်ချမှာချူးလျို လို သတ္တိမရှိတဲ့သူက ဒီငါးထပ်ကနေ ခုန်ချရဲရင် ငါ့နာမည်ကို နောက်ပြန်တောင် ရေးပြလိုက်ဦးမယ်"

"သူ့လိုလူမျိုးက သေသွားတာမှ ကောင်းဦးမယ် သူ့မျက်နှာကို တစ်နေ့လုံး ဖုံးထားတာကအရမ်းကို ကြောင်တောင်တောင်နိုင်လွန်းတယ်စဥ်းစားကြည့်တော့ သူတကယ်ပဲ ငါတို့ကျောင်းရဲ့ လူချောလေးကို အားလုံးရှေ့မှာ ဖွင့်ပြောရဲခဲ့တာပဲ ဒါပေမဲ့လဲ နောက်ဆုံးတော့ အငြင်းခံလိုက်ရတာပဲလေ"

ဖန်းလင် သူမရဲ့ မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်ပြီး စူးရှတောက်ပနေသောအကြည့်တစ်စုံက သူတို့ကြားကို ဖြတ်သန်းသွားလေသည်။

သူမရဲ့ ရှေ့မှာ ဘယ်သူတွေကများ သူမကိုစော်ကား မော်ကား ပြောရဲတာလဲ!

သူမဟာ ဆူညံသံတွေကို ထာဝရ မကြားရအောင်ပိတ်မလို့ လုပ်မလို့ ရှိသေး သူမ သေသွားပြီ ဆို တာ သူမ မှတ်မိလိုက်သည်။

သူမရဲ့ ညီအမရင်းလက်ချက်နဲ့ သူမ သေဆုံးသွားခဲ့ရတာလေ။

တချိန်တည်းမှာပဲသူမဟာ ပတ်ဝန်းကျင်ကို သတိပြုမိသွားပြီး သူမရဲ့ ဘေးမှာရှိနေတဲ့ ကောင်မလေး ၃ယောက်ဟာ ထူးထူးဆန်းဆန်း တွေ ဝတ်စားထားမှန်းကိုသူမ သိလိုက်ရသည်။

သူမ ပတ်ဝန်းကျင်ကို သေချာလိုက်ကြည့်လိုက်ကာမှ ဒီနေရာဟာ သူမနဲ့ မရင်းနှီးနေတဲ့ နေရာဖြစ်နေတာကိုသူမ သိလိုက်ရသည်။

ထိုအချိန်မှာ သူမဟာ ထူးဆန်းတဲ့အဆောက်အဦးရဲ့ ထိပ်စွန်းမှာ မတ်တပ်ရပ်နေတာ ဖြစ်လေ၏။

သူမသာ တစ်ဖက်သို့ လှမ်းလိုက်ရင် ဆယ်မီတာ အမြင့်ကနေ ပြုတ်ကျတော့မည်ပင်။ သူမရဲ့ အခြားတစ်ဖက်မှာတော့ရှိုးပွဲ ကြည့်နေတဲ့ ကောင်မလေးသုံးယောက်ရှိနေလေ၏။

သူမနဲ့ မရင်းနှီးတဲ့ အကြောင်းအရာတွေအားလုံးဟာ သူမခေါင်းထဲသို့ တဟုန်ထိုး ဝင်ရောက်လာသည် ။

ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!Where stories live. Discover now