စာစဥ် (၄) [Unicode]

2.6K 334 0
                                    

စာစဥ် ၄ ၊ အခန်း ၁ ။ ပညာပေးတာကို ခံချင်နေတဲ့အကောင် လာပါပြီ

 

ချူးကျန်းယောင်က ယာဉ်မောင်းကို ကျောင်းနားရှိ မနက်စာရနိုင်သည့်ဆိုင်တစ်ခုခုကို မောင်းရန် ပြောလိုက်သည်။

 

သားအဖနှစ်ယောက်သည် ဆိုင်ထဲသို့ ဝင်သွားပြီးနောက်တွင် စားပွဲထိုးက သီးသန့်ခန်းလေးတစ်ခုထဲသို့ ခေါ်သွားလေသည်။

 

စားစရာများ ရောက်မလာခင် ချူးကျန်းယောင်က ဖခင်တစ်ယောက်၏ အကြည့်ဖြင့် ချူးလျို၏ လတ်တလော သင်ကြားရေးအခြေအနေကို မေးလေသည်။

 

ချူးလျိုကလဲ သက်တောင့်သက်သာဖြင့် ပြန်ဖြေလိုက်သည်။

 

မှာထားသည်များ ရောက်လာသောအခါ ချူးကျန်းယောင်သည် ပူတင်းပေါင်မုန့် တစ်ခုကိုယူပြီး ချူးလျိုပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ သူက စားပွဲကိုကြည့်ရင်း ပူပန်သောကရောက်နေသည့် အမူအရာဖြင့် ချူးလျိုကို ပြောလာချေသည်။

 

“အခု သမုဒ္ဒရာမြို့တော်မှာ အဖေတို့နှစ်ယောက်ပဲ ရှိတော့တယ်။ အဖေလဲ ခုတလော အလုပ်ရှုပ်နေလို့ သမီးကို ဂရုမစိုက်နိုင်ခဲ့ဘူး။ သမီးမှာ သုံးစရာပိုက်ဆံ မရှိတော့ရင် အဖေ့ကို ဖုန်းပဲဆက်လိုက်နော် အဖေ အဖေ့အတွင်းရေးမှူးကနေတစ်ဆင့် လွှဲခိုင်းလိုက်မယ်”

 

ချူးလျိုက သူမပန်းကန်ထဲက ပေါင်မုန့်ကို ကြည့်လိုက်ရင်း “အင်း” ဟုပြန်ဖြေပြီးနောက် ယူစားလိုက်သည်။

 

ချူးကျန်းယောင်က စိတ်လိုလက်ရ ဆက်ပြောလေသည်။ “သမီးအမေနဲ့အစ်မက မြို့တော်ကို သွားကြတာလေ သမီးရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်အထိ သူတို့ ပြန်လာကြမှာ မဟုတ်ဘူး။ သမီးဦးလေးမိသားစုနဲ့ သမီးအစ်မကြောင့် သမီးအမေ ခုတလော စိတ်ညစ်နေရတယ်။ ခုတလောတော့ သူ့ကို  ဖုန်းသွားမဆက်နဲ့ဦးနော် ကိုယ်ဟာကိုယ် တစ်ယောက်တည်းနေလည်း လိမ္မာရမယ်နော် သမီး။ စာလုံးဝမကျက်ချင်ရင်တောင် မကောင်းတဲ့နေရာတွေတော့ မသွားရဘူးနော်။ နောက်ပိုင်းကျ စာလုပ်ချင်တဲ့ နေရာတွေဘာတွေ ရှာထားလိုက်။ သမီး အဲ့မှာနေဖို့ အဖေပိုက်ဆံပို့ပေးမယ်”

ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!Where stories live. Discover now