စာစဉ် ၅ ၊ အခန်း ၁ ။ မင်းက..ရှိုးပွဲကြည့်ပြီးတာနဲ့ ချက်ချင်းထပြန်တော့မလို့လား... ငါ့ရဲ့ခွင့်ပြုချက်ကိုရောအရင်တောင်းသင့်တယ်လို့ မင်းမထင်ဘူးလား
ထိုသို့ပြောပြီးပြီးနောက်တွင် သူမသည်တံခါးကိုစိုက်ကြည့်နေခဲ့ပြီးတော့ ထိုတံခါးပွင့်လာသည့်အချိန်၌ အထဲတွင် လျှောက်လမ်းအကျယ်ကြီးတစ်ခုရှိနေခဲ့လေ၏။
တစ်ပြိုက်နက်တည်းမှာပဲဝတ်စုံအမဲနှင့်လူတွေက ထိုလူကြီးကို သူတို့ထိန်းချုပ်ထားသည့်ရုပ်သေးရုပ်တွေနှင့်တိုက်ခိုက်နေကြလေသည်။
ရုပ်သေးရုပ်တွေက သာမန်ရုပ်သေးရုပ်မျိုးလို မဟုတ်ပါချေ။ အဲ့ဒီအရုပ်တွေက ထူးခြားတဲ့ ပါဝင်ပစ္စည်းမျိုးတွေနဲ့အထူးစီမံပြုလုပ်ထားတာဖြစ်ပြီး ထိုအရုပ်တွေကအခြားအရုပ်တွေနဲ့ မတူပဲ သူတို့က ကလေးလေးလိုပုံစံမျိုး ရှိပြီး သူတို့ရဲ့ ရယ်သံက အရမ်းကို ကြောက်ဖို့ကောင်းနေပါ၏။ သူတို့က နာကျင်မှုကိုလည်း နားမလည်ပေ။ သေခြင်းကိုလည်း မသိပါချေ။ တကယ်လို့ ခါးကနေ နှစ်ပိုင်း ပြတ်သွားရင်တောင် သူတို့ရဲ့ ကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းက အခြားသူတွေကိုတိုက်ခိုက်နိုင်နေနိုင်ဦးမှာ ဖြစ်လေ၏။
ချူးလျိုက မတ်တပ်ရပ်ရင်း ရှိုးပွဲကိုကြည့်နေလိုက်သည်။
ပြီးတော့သူမက တကိုယ်တည်းရေရွတ်လိုက်သည်။
“အေး...ဒါမျိုးတွေကြောင့် ငါက တိုက်ခိုက်တဲ့ နတ်ဆိုးပညာတွေကို မကြိုက်တာ။ ဒီဟာကဘာလဲ။ မချိုးဖျက်နိုင်တဲ့ ကျိန်စာကျနေတာပဲ အရမ်းကိုစိတ်ပျက်ဖို့ကောင်းတာပဲ”
သူမ ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် ဝတ်စုံအနက် ဝတ်ထားသည့် လူတစ်ချို့တွေကလည်း ရုပ်သေးရုပ်များ၏ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်သို့ အပုံသား အလဲထိုးခံလိုက်ရတော့သည်။သူတို့မှာ ပြန်မထနိုင်လောက်အောင်ထိတိုက်ခိုက်ခံလိုက်ရသည်။
ESTÁS LEYENDO
ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!
Romanceစာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Translators.