စာစဥ် (၇)

3K 387 7
                                    

စာစဥ် ၇ ၊ အခန်း ၁ ။ဝေ့မိသားစုမှ ပျော်ရွှင်စရာကောင်းသည့်သတင်းကောင်း

ဝေ့ချွယ်ရင်း သည် ချူးလျို ရှက်နေသည်ဟု ထင်နေတာကြောင့် ဆက်မပြောတော့ချေ။ ထိုအစားသူမ မေးလိုက်သည်။

"အမ နင့်ကို အဲ့နေရာကို ကားမောင်းလိုက်ပို့ပေးရမလား"

ချူးလျို သူမခေါင်းကို ခါလိုက်ကာ "မလိုပါဘူး ညီမပဲ လမ်းပဲလျှောက်လိုက်ပါတော့မယ်"

ထို့နောက် ဝေ့ချွယ်ရင်းလဲ ကားမောင်းထွက်သွားတော့သည်။

ချူးလျိုသည် အနီရောင်ပြိုင်ကားလေး အဝေးသို့မောင်းထွက်သွားသည်ကိုကြည့်နေစဥ် ရုတ်တရက် သူမဟာ ကျွေ့ချွီဒုံး ပြောခဲ့သည့်

အကိုက ချူးမိသားစုရဲ့ လျို့ဝှက်ချက်နဲနဲကို သိတယ် ဟူသောစကားကို

သတိရသှား၏။

သူမ ၏ နှုတ်ခမ်းထောင့်လေး ကွေးတက်သွားချေပြီ။

ချူးကျန်းယောင် အိမ်ကိုပြန်လာပြီးသည့်နောက် ပထမဆုံး လုပ်သည့်အရာကတော့ ချူးလျိုကို လိုက်ရှာခြင်းပင်။

"လျိုလျို နောက်တစ်ခါ စောစောပြန်လာမယ်ဆိုရင် ဦးလေးကို ဖုန်းဆက်လှမ်းခေါ်ဖို့ သတိရနော် မဟုတ်ရင် ဦးလေး စိတ်ပူရတယ်"

ချူးလျိုသည် စိုးရိမ်နေသည့် ချူးကျန်းယောင်ကိုကြည့်လိုက်၏။

သူမ စိတ်ထဲတွင်ကား မည်သည့်ခံစားချက်မျှ ရှိမနေခဲ့ပေ။

သူမ ရှေ့မှာ ရပ်နေသည့် ဒီလူ ဟာ အားနာစိတ်တစ်ခုတည်းနှင့် ရုတ်တရက် ကြီး သူမအပေါ် အာရုံစိုက်လာတာကို သူမသိပါ၏။

သူသာ သူမနှင့် ချူးတင်ကို ထပ်ပြီးရွေးချယ်ရမည်ဆိုပါက သူသည်

အဆုံးထိတိုင် ချူးတင်ကို ရွေးနေဦးမည်ပင်။

သူမက ပြန်မဖြေလိုက်ချေ။ ထိုအစား သူမ မေးလိုက်သည်။

"ဆရာက ဒီမှာရောက်နေပြီလား"

ချူးကျန်းယောင် မျက်နှာသည် တစ်ခဏကြာတောင့်ခဲသွားလေပြီး

နောက်တစ်စက္ကန့်မှာတော့ သူသည် သူမကို ချော့မြူနှစ်သိမ့်သည့်လေသံဖြင့် "သူ လာနေပါပြီ စိတ်မပူနဲ့နော် သမီးကိုယ်ထဲက ကူတီကောင်ကို နှစ်ရက်နေပြီးရင် ထုတ်ပေးမှာပါ"

ချမ်းသာတဲ့ မိသားစုရဲ့ ဇနီးချောလေးက ချစ်ဖို့ကောင်းပေမဲ့ ရက်စက်တတ်တယ်!!!Where stories live. Discover now