Unicode
"အိမ်ထဲကိုတောင်အလည်မခေါ်တော့ဘူးလား"
Kimအိမ်သို့ပြန်လိုက်ပို့ပြီးနောက်၊
ကားပေါ်ကာဆင်းကာအိမ်ထဲသို့တန်းဝင်ဟန်ပြုနေသောTaehyungအားJungkookမှမေးလိုက်ခြင်း။"ခင်ဗျားနဲ့ကျွန်တော့ကြားမှာ အိမ်ထဲကိုအလည်ခေါ်ရလောက်တဲ့ထိဆက်ဆံရေးရှိလို့လား?"
"သေချာပေါက်ရှိတာပေါ့"
မျက်ခုံးပင့်ကာသေချာသလိုပြောလာသောJeonသခင်လေးကြောင့်Taehyungစဥ်းစားမိသွားသည်ကတော့အမှန်ပင်။အတွေးပင်မဆုံးသေးခန္ဓာကိုယ်အားအပေါ်အောက်ကြည့်ကာ တစ်နေရာအားမေးငေ့ပြလိုက်သောJungkookကြောင့်မနေ့ညက ကိစ္စကိုပါတစ်ဆက်တည်းသတိရသွားရသည်။ထိုအခါမှ Taehyung ချောင်းတစ်ချက်ဟ
န့်လိုက်ရင်းမျက်နှာပူပူနှင့်ပင်အိမ်ထဲသို့အလည်လာရန်ဖိတ်ခေါ်လိုက်ရသည်။Jungkookကတော့မှိုရသလိုအပြုံးလေးဖြင့်အိမ်ထဲကိုကျော့ကျော့လေးဝင်သွားလေပြီ။ဧည့်ခန်းထဲတွင်ထိုင်နေတုန်းအိမ်ရဲ့ဖွဲ့စည်းပုံကိုJungkookလိုက်ကြည့်နေမိသည်။Jeonစံအိမ်ကဲ့သို့ကြီးကျယ်ခမ်းနားသောနေရာတစ်ခုမဟုတ်သော်လည်း ရိုးရှင်းစွာတင့်တယ်နေပြန်သည်။ တစ်အိမ်လုံးအားကြွေပြားကပ်ထားကာလှပသောမီးဆိုင်းကြီးအားချိတ်ဆွဲထားခြင်းကြောင့်တစ်အိမ်လုံးရွေရောင်များဖိတ်ဖိတ်တောက်နေသယောင်။အိမ်အတွင်းနံရံပေါ်၌ချိတ်ထားသောဓာတ်ပုံများအားလိုက်လံကြည့်ရှုနေစဥ်တစ်စုံတစ်ယောက်၏စိုက်ကြည့်နေခြင်းကိုခံစားလိုက်ရ၍နောက်ကိုလှည့်ကြည့်မိတော့Jungkookကိုယ်လေး'ဆက်ခနဲ'တုန်သွားရသည်။ ဆိုဖာပေါ်ခြေချိတ်ထိုင်ကာJungkookအားစိုက်ကြည့်နေသူတစ်ဦး။သူများအိမ်အားစပ်စုနေခဲ့ခြင်းကြောင့်မလုံမလဲဖြစ်ကာစကားလမ်းကြောင်းပြောင်းရန်ရှာနေစဥ် စားပွဲပေါ်ရှိလိမ္မော်ဖျော်ရည်လေးနှစ်ခွက်အားတွေ့လိုက်ရသည်။
"အဟမ်း coffeeမရှိဘူးလား၊ကိုယ်ကready madeဖျော်ရည်တွေသိပ်မသောက်လို့"
"ကျွန်တော်coffeeမကြိုက်ဘူး ပြီးတော့ဒီဖျော်ရည်ကလိမ္မော်သီးအစစ်ကိုကြိတ်ထားတာ"
"အော် ဟုတ်ပါပြီအဟင်း"
ပါးစပ်ကသာဖြစ်သလိုဖြေလိုက်ပေမဲ့စိတ်ထဲတွင်တော့မာနခဲလေးကကော်ဖီမကြိုက်ကြောင်းကိုအထပ်ထပ်မှတ်လျက်။

YOU ARE READING
𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//
Roman d'amourJeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim Taehyung