Unicode
'Jeon Groupရဲ့10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား'
လက်ထဲ၌ရှိနေသောဖိတ်စာလေးကိုကြည့်၍Taehyung သွားသင့်၊မသွားသင့်အတွေးများနေခဲ့သည်။ အတွေးများရသည့်အကြောင်းအရင်းကတော့ အရင်အချိန်တုန်းကTaehyungရဲ့အိမ်ကိုချောင်းပေါက်မတက်လာနေသောသူမှာ ဟိုတစ်နေ့ကမျက်နှာပူစရာအဖြစ်ပြီးသည့်နောက်နေ့မှစ၍အရိပ်အခြေတောင်ပေါ်မလာ၍။ ထို့အပြင်သူငယ်ချင်းဖြစ်သူJiminရဲ့ပြောစကားများအရ Jeonသည်ကောင်မလေးတစ်ယောက်နှင့်တွဲသွားတွဲလာလုပ်နေသည်ဟူသောအချက်။ ကုမ္ပဏီရဲ့ရှယ်ယာကိစ္စများနှင့်မအားလပ်၍အလုပ်ရှုပ်နေသောTaehyungအား စိတ်ရှုတ်အောင်ဒီကိစ္စအားမပြောချင်ပေမဲ့ Taehyung ရဲ့Jungkook အပေါ်ထားတဲ့ခံစားချက်တစ်ချို့ကိုရိပ်မိနေ၍ယခုလိုသတိပေးရခြင်းဟုJiminကဆိုသည်။ဖိတ်စာအားကိုင်ကြည့်ကာငိုင်နေသောCEOဖြစ်သူကိုကြည့်ရင် အတွင်းရေးမှုးSeokjinမှာအံသြလျက်။ အရင်တုန်းကCEO Kim Taehyung ဆိုသည်မှာအေးတိအေးစက်ဖြင့်ခံစားချက်မရှိသောသူတစ်ဦးကဲ့သို့ပင်မဟုတ်လား။ Jeonသခင်လေးနှင့်ပတ်သတ်ပြီးမှသာ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းဟူသောခံစားချက်များကိုသိလာရသူတစ်ဦး။ CEOအားခံစားချက်ရှိသူတစ်ယောက်ဖြစ်စေချင်သော်လည်းယခုလိုမှိုင်တွေကာတစုံတရာအားအတွေးလွန်နေသောပုံစံမျိုးကိုတော့Seokjin မလိုလားချေ။
"CEOအဆင်မပြေရင်ကျွန်တော်ငြင်း..."
စကားပင်မဆုံးသေးလက်ကာပြလိုက်သောသူကြောင့်Seokjinစကားမှာတစ်ဝက်တစ်ပျက်ဖြင့်။"ညနေJeon Groupကိုသွားဖို့ပြင်ထားပေးပါအတွင်းရေမှူးKim"
"ကောင်းပါပြီCEO"
အကြောင်းအရင်းကိုသိဖို့လိုတယ်၊ သူ့ကိုမဆက်သွယ်ဘူးဆိုရင်တောင်ဘာကြောင့်မဆက်သွယ်တာလဲဆိုတဲ့အကြောင်းအရင်း။
.
.
.
"Woojin နှစ်ပတ်လည်အခမ်းအနားအတွက်ဘာတွေလိုအပ်သေးလဲ""ဘာမှမလိုတော့ဘူး CEO အားလုံးperfectပဲ"
"ဒါနဲ့Kim ကိုရောဖိတ်ထားသေးလား"
"CEOရယ်နှစ်ပတ်လည်အခမ်းအနားအတွက် Kim groupတစ်ခုထဲကိုဖိတ်ရတာမဟုတ်ပါဘူးဗျာ"
Woojinရဲ့စောင်းရွဲ့နေသောစကားသံများကိုJungkookမသိချင်ယောင်သာဆောင်လိုက်သည်။ ကိုယ့်မှာကသူမသိသေးသည့်တချို့ကိစ္စတွေကရှိသေးသည်မဟုတ်လား။ ဟိုကလေးမမြှောက်ပေးသလိုလုပ်ခြင်း၏အကျိုးကသူတို့နှစ်ယောက်ကိုလုံးဝအဆင်ပြေသွားစေသလို၊ လုံးဝလည်းပြတ်တောက်သွားနိုင်သည်လေ။

YOU ARE READING
𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//
RomanceJeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim Taehyung