Unicode
သူငယ်ချင်းနှစ်ယောက်စိတ်ကောက်ပြေပြီးနောက်တွင်အရင်လိုပျော်ရွှင်စွာစားသောက်ကာစကားများနေကြစဥ်..
"ဟိုလေသူငယ်ချင်းတို့ငါထိုင်လို့ရမလားဟင်"စကားသံလာရာကိုကြည့်မိတော့ဆံပင်အားတစ်စုတစ်စည်းထဲစုသည်းထားကာ မိတ်ကပ်ပါးပါးအုပ်ထားသောမျက်နှာလှလှလေး။ အော်အတန်းပြောင်းလာတယ်ဆိုတဲ့ကောင်မလေးပဲ။ ယောင်္ကျားလေး၊မိန်းကလေးမခွဲခြားပဲတန်းတူညီတူဆက်ဆံသည့်ကျောင်းဖြစ်သည့်အပြင် ယောင်္ကျားလေးများနှင့်မိန်းကလေးများရင်းနှီးမှုကိုပါပိတ်ပင်ထားခြင်းမရှိသောကြောင့်ထိုသို့လာမိတ်ဆက်မှုအားသူငယ်ချင်းနှစ်ယောက်လုံးတအံတသြဖြစ်မနေ။ သို့ပေမဲ့အံသြရတာတစ်ခုကသူ့သူငယ်ချင်းအပေါင်းအသင်းတွေရှိပါလျက်နှင့် Taehyungတို့သူငယ်ချင်းနှစ်ဦးသာရှိသောဝိုင်းအားဘာကြောင့်လာရပါသနည်း။
မေးခွန်းများစွာမေးချင်နေပေမဲ့ မိန်းကလေးတစ်ဦးအားအကြာကြီးမတ်တပ်ရပ်ခိုင်းထားသည်မှာယောင်္ကျားဆန်ခြင်းအပြုအမူမဟုတ်သောကြောင့် Taehyung မျက်နှာချင်းဆိုင်ထိုင်နေသော Jiminဘက်အားရွှေ့ပြောင်းပြီးထိုမိန်းကလေးအားနေရာပေးလိုက်သည်။ ထိုအခါမှမျှော်လင့်တကြီးစောင့်စားနေပုံရသောထိုမိန်းကလေးမှာမျက်လုံးများပိတ်သည်အထိ'ဟီးခနဲ'ရယ်ပြလေသည်။
"ငါ့နမည်Seo Bora ပါ ဟိုတစ်နေ့ကမှကျောင်းပြောင်းလာတာ ငါတို့ခင်လို့ရတယ်မလားဟင်"
"သဘောရိုးနဲ့ခင်ချင်တယ်ဆိုရင်တော့ငါတို့ဘက်က welcomeပါ"
"ငါကသဘောရိုးပါပဲဟ အခုကစပြီးငါတို့သူငယ်ချင်းတွေဖြစ်သွားပြီနော် ဟီး"
Taehyungကတော့သူနှင့်ဆိုလျှင်အမြဲပြုံးနေတက်သောမိုချီလုံးကတစ်စိမ်းရှေ့မှာဆိုရင်ဖြင့်ရုပ်တည်ကြီးအဖြစ်ပြောင်းလဲသွားပုံအားအံသြတကြီးဖြင့်။"ငါ့နာမည်ကTaehyung သူကတော့Jimin. မိုချီလုံးပြောသလိုပဲ သဘောရိုးနဲ့ခင်မယ်ဆိုရင်တော့ငါတို့ဘက်ကwelcomeပါ"
"Taehyungငါ့ကိုမိုချီလုံးလို့ခေါ်လိုက်တာလား"
"ယောင်သွားတာဆောတီး"
Taehyungယောင်သွားခြင်းဖြစ်သည်။ စိတ်ထဲကအမြဲမိုချီလုံးဟုခေါ်နေကျဆိုတော့ပါးစပ်ကယောင်၍ထွက်သွားခြင်း။ ထိုအခေါ်အဝေါ်အားစိတ်ဆိုးမည်ထင်သော်လည်း ပြုံးစိစိဖြင့်သဘောကျနေပုံရသောJiminကြောင့် Taehyungလည်းစိတ်အေးလိုက်ရသည်။ တစ်ဦးတည်းသောသူငယ်ချင်းကောင်းလေးအားTaehyungမဆုံးရှုံးချင်ပါ။

YOU ARE READING
𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//
RomanceJeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim Taehyung