Unicode
"Jeon"
ချွဲနွဲ့၍ခေါ်ခြင်းလည်းမဟုတ်၊ ဆောင့်အောင့်၍ခေါ်ခြင်းလည်းမမည်သော အသံသြသြလေးကြောင့်Jungkook အံသြမှုတစ်ဝက်ဖြင့်နောက်လှည့်ကြည့်လိုက်ရသည်။ မာနခဲဟုလူအများသတ်မှတ်ထားသောKim သည်လူအများရှေ့တွင်သူ့အားရင်းနှီးစွာခေါ်ဆိုခဲ့ပါသည်။ထိုနေရာတွင်ရှိနေသောJeon မိသားစု၏အတွေးသည် ထိုအခြင်းအရာနှင့်ကွဲလွဲစွာအံသြမှုကြောင့်ပါးစပ်အဟောင်းသား။ မျိုးရိုးစဥ်ဆက်ကြီးမြင့်သူဖြစ်သည်နှင့်အတူ မျိုးရိုးJeon ဆိုသည့်အရာကိုလည်းတန်ဖိုးထားကြသည်။ ထို့အပြင် ထိုမျိုးရိုးအားလည်းမည်သူ့ကိုမျှခေါ်တွင်စေခြင်းမပြုကြ။ Jeonမျိုးရိုးအားတည်ထောင်သူJeonဖိုးဖိုးကြီးသည်ပင်သူ၏အချစ်ခင်ရဆုံးဇနီးဖြစ်သူအားယခုလိုမျိုးရိုးနာမည်ကိုအဖျားစွတ်ခေါ်ခြင်းမပြုလုပ်စေပေ။ သို့ပေမဲ့ Jeon Groupရဲ့အမွေဆက်ခံသူဟုယူဆရသောJeon Jungkookကတော့ မျိုးရိုးနာမည်အား Kim သခင်လေးကိုလွတ်လပ်စွာခေါ်ခွင့်ပေးထားသည်တဲ့လေ။
အံသြမှုနှင့်အတူJeonမိသားစုဟာလည်းနားလည်လိုက်ကြသည်။ Kimသခင်လေးသည်မိမိတို့၏တစ်ဦးတည်းသောအမွေဆက်ခံသူ၏ရင်နှစ်သည်းချာလေးဖြစ်နေသည်ဆိုတာကိုပင်။
"Kim လာလေ"
"မင်္ဂလာပါ ဥက္ကဌကြီးJeon ဒါကျွန်တော်တို့ရဲ့ဒုတိယမြောက်တွေ့ဆုံမှုပါပဲ"
"အေးကွယ် ဥက္ကဌကြီးလည်း company ကိစ္စတွေနဲ့မို့ မြေးတို့ဘက်တောင်မလာဖြစ်ဘူး။ ဘယ်လိုလဲအဆင်ပြေတယ်မလား"
ထို'အဆင်ပြေတယ်မလား'ဟူသောမေးခွန်းမှာ ဖခင်၏ရန်ရှာခြင်းကိုခံရသော company အားရည်ရွယ်ကာပြောခြင်းဖြစ်သည်ကိုသိသည်မို့။
"ဟုတ်ကဲ့ သူငယ်ချင်းဖြစ်သူကကူညီပေးပါတယ်။ အခုလည်းဒီပွဲထဲမှာသူရှိနေပါတယ်"
"အင်း အဆင်ပြေတာကြားရတော့ဝမ်းသာပါတယ်။ အကူအညီလိုအပ်ရင်ဥက္ကဌကြီးရဲ့သား Jungkookကိုသာပြောလိုက်ဟုတ်ပြီလား"
"ဥက္ကဌကြီးရဲ့စေတနာကိုမငြင်းဝံ့ပါဘူး"
ဥက္ကဌကြီးJeonကတော့ ထိုစကားအားသဘောကျသည့်နှယ် တဟားဟား ရယ်လျက်။ ရယ်သင့်ပါတယ် သူကိုယ်တိုင်ကူညီမည်ဆိုတုန်းကငြင်းခဲ့ပြီးမှ ယခုသူ့သားအားအကူအညီတောင်းသည်ကိုတော့ လက်ခံခဲ့သည်မဟုတ်လား။

YOU ARE READING
𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//
RomantikaJeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim Taehyung