Unicode
အခန်းတွင်းရှိလေထုကအေးစက်နေသည်။ စူးစိုက်ကြည့်နေသောမျက်ဝန်းတစ်စုံအားအလေးမထားဟန်ပြုမူနေသောအမျိုးသမီးတစ်ဦးလည်းရှိလေသည်။
"Han Yuna ငါမေးနေတယ်လေ ဘာလို့မတိုင်ပင်ထားတဲ့ကိစ္စကိုလုပ်လိုက်တာလဲလို့!"
"ရှင်လိုချင်တဲ့နေရာရရင်ပြီးပြီမလား စကားတွေလာရှည်မနေနဲ့"
"Han Yuna!!"
"ဟေး လေသံကိုပြင်လိုက်နော် ကျွန်မကရှင့်လိုလူရဲ့အော်ငေါက်တာကိုခံရမဲ့အမျိုးအစားထဲမပါဘူး"
မာနကြီးစွာပြောလာသောသူ(မ)ရဲ့လေသံအဆုံးအေးစက်သောအခန်းဟာနောက်တစ်ကြိမ်ပြန်လည်တိတ်ဆိတ်သွားပြန်လေသည်။
အချိန်ခဏတာကြာပြီးနောက်Han Yunaနှင့်မျက်နှာချင်းဆိုင်ထိုင်နေသောJeon Dohyunမှ သက်ပြင်းတစ်ချက်ကိုချ၍စကားစလာလေသည်။"ခုဘာဆက်လုပ်မှာလဲ Daddyကငါ့ကိုလွယ်လွယ်နဲ့ အမွေဆက်ခံသူနေရာကိုပေးမယ်မထင်ဘူး"
"လွယ်လွယ်နဲ့မရရင်လုယူရုံပဲရှိတာပေါ့"
"မင်းအဆင်ပြေသလိုသာကြည့်လုပ်လိုက်တော့ တစ်ခုပဲDaddyကိုအန္တရာယ်မပြုဖို့ပဲ။အေး Daddyသာထိခိုက်သွားရင်မင်းလည်းအေးဆေးနေရဖို့မစဥ်းစားနဲ့"
ထိုစကားကိုပြောလိုက်သောDohyun၏စိတ်ရင်းသည်အမှန်ပင်ဖြစ်သည်။ Dohyun အရာရာမှာပြည့်စုံကာသူ့ထက်သာလွန်နေသောJungkookကိုမုန်းပေမယ့် ငယ်စဥ်ကတည်းကသူ့အပေါ်တွင်အမေ့ထက်ဂရုစိုက်၊အလိုလိုက်သောDaddyကိုတော့ ဘာထိခိုက်မှုမှမဖြစ်စေချင်ပေ။ Dohyunတို့ပထမဆုံးစီစဥ်ထားသည်ကအမွေဆက်ခံသူနေရာကိုJungkookကိုမပေးဘဲ Jungkookကလွဲ၍ကျန်တဲ့မည်သူ့ကိုမဆိုပေးရမည်ဆိုသောအချက်။ သို့ပေမဲ့ပွဲအတွင်း၌မထင်မှတ်ထားသောဖြစ်ရက်ကြောင့်Dohyun ယခုအချိန်ထိစံအိမ်တော်အတွင်းသို့မပြန်ရဲဖြစ်နေသည်။ Daddyအားမျက်နှာချင်းဆိုင်ရန်သူသတ္တိမရှိပေ။ အစီအစဥ်အားလုံးကလွဲသွားသည်ဖြစ်၍သူ့(မ)စိတ်တိုင်းကျသာစီစဥ်ရန် ပြောလိုက်ရတော့သည်။
Han Yunaဘက်တွင်တော့ ပြောချင်ရာပြောကာထွက်သောသောJeon Dohyunဆိုသောသူအား Yunaအချဥ်ပေါက်နေပြီဖြစ်သည်။ သူကိုယ်တိုင်ကျတော့ဘာမှဖြစ်မြောက်အောင်လုပ်နိုင်စွမ်းမရှိပေသော်လည်းသူတစ်ပါးအားအမိန့်ပေးခိုင်းစေသည့်နေရာတွင်တော့ဆရာတစ်ဆူဖြစ်နေခြင်းကြောင့်။ Han Yunaဆိုတဲ့ငါကသူ့စကားကိုနားထောင်မယ်လို့ဘယ်တုန်းကပြောဘူးလို့လဲ။ လိုတာရှိလို့ခဏတာအသုံးချခြင်းကိုအဟုတ်ကြီးမှတ်နေတာပဲ "ဟက်!အရှုံးသမား"

YOU ARE READING
𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//
RomanceJeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim Taehyung