Unicode။အုံ့ဆိုင်းညို့မိူင်းနေတဲ့ကောင်းကင်ပြင်ကြီးကသည်နေ့လဲသူ့အတွက်လွမ်းဆွေးမူနဲ့နာကျင်ခြင်းတွေကိုတဖြည်းဖြည်းချင်းသယ်ယူဆောင်မပေးနေလျှက်။
ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေသည့်အပြင်ချောက်ခြားစရာကောင်းလောက်အောင်ညိုမိုင်းတိတ်ဆိတ်နေသည်။တစ်ချက်တစ်ချက်လင်းလတ်သွားတဲ့လျှပ်စီးကြောင်းနှင့်ကျယ်လောင်စွာထွက်ပေါ်လာတက်တဲ့မိုးချုန်းသံတို့ကထိုပတ်ဝန်းကျင်၏အခြေအနေကိုပိုမိုချောက်ခြားဖွယ်ရာဖြစ်နေအောင်ကူညီပံ့ပိုးပေးနေသည်လား။
အချိန်အားဖြင့်မနတ်ခင်းခုနှစ်နာရီခွဲနေပြီဖြစ်သည့်တိုင်နေ့၏အလင်းရောင်ကိုလုံလောက်စွာမရရှိသေးတဲ့ထိုအခြေအနေနှင့်ထိုပတ်ဝန်းကျင်ရဲ့တစ်ထောင့်တစ်နေရာအဖြူရောင်လိုက်ကာစများတဖြတ်ဖြတ်လွင့်နေတဲ့အခန်းငယ်တစ်ခု။ထိုအဖြူရောင်အခန်းငယ်ရဲ့မှူန်ပြပြမီးအလင်းရောင်အောက်အဖြူရောင်အခင်းစတွေခင်းကျင်းထားတဲ့ကုတင်ထက်မှနေကာမှန်ပြတင်းဆီသို့လာရိုက်ခတ်နေတဲ့မိုးစက်တွေနဲ့ထိုမိုးစက်များမှန်ပြတင်းကိုရိုက်ခတ်ရာမှတဖြည်းဖြည်းချင်းလွင့်စင်စီးကြနေသည့်မြင်ကွင်းကိုမမှိန်မသုန်တစိမ့်စိမ့်ထိုင်ကြည့်နေသည့်စိမ်းဖန့်ဖန့်မျက်ဝန်းတစ်စုံကနွေးထွေးမူများကင်းစင်လျှက်။
စိမ်းဖန့်ဖန့်မျက်ဝန်းများရဲ့အောက်_မျက်ခမ်းစပ်မှာနေရာယူထားတဲ့မှဲ့အနတ်ကလေးတစ်ပွင့်ကတောက်ပမူတွေလျော့ရဲလျှက်။အရည်ကြည်တို့ရစ်ဝေနေတဲ့ထိုအစိမ်းနုရောင်မျက်ဝန်းတွေကဆွေးမြှေ့မူများအပြည့်အနှက်နှင့်မျှော်လင့်ချက်တွေကင်းစင်နေသည့်အလားဖျော့တော့လို့နေပါသည်။မျက်ကွင်းများအနည်းငယ်ကျနေပြီဖြစ်တဲ့ထိုမျက်ဝန်းတွေကအိပ်ရေးပျတ်သည့်ညတို့အတွက်သတ်သေသတ်ကာရပင်။မေးရိုးပြေပြေများကထင်းထွက်နေပြီးပါးရိုးများပါချောင်ကြနေသည့်ထိုမျက်ဝန်းစိမ်းများနှင့်လူကမုတ်ဆိတ်မွှေးပါးသိုင်းမွှေးများပင်ထူထဲနေခဲ့လျှက်နှာဖူးပြင်မှလွန်ကာမျက်စပ်နားအထိပင်ထိလုနီးပါးဖြစ်နေတဲ့ဆံနွယ်အလိမ်အကောက်များကမဖြီးမသင်မူများကြောင့်ပွယောင်းယောင်း။
YOU ARE READING
Raindrop That Hit Me [one short]
Fantasi*Raindrop falling on him like a pink ocean.* *Raindrops hitting me.* _Sirius Kim Tae Hyung _Pink ocean Jeon (ʳᵃⁱⁿ ᵈʳᵒᵖ)