part 3

4.7K 224 5
                                    

ခွေကျသွားတဲ့ကိုယ်လေးကြောင့်နမ်းနေတာကိုရပ်လိုက်တယ်

"ကျစ်! နမ်းရုံလေးနဲ့မေးရသလား ပျော့လိုက်တာဗျာ နောက်ကျအကျင့်ဖြစ်အောင်ကိုကို့ ကို ခနခနနမ်းပေးရမယ်"

လရိပ် သတိလစ်မေ့မျောသွားတာ ၃နာရီတောင်ကြာတာကြောင့် သူ(လရိပ်) သတိဝင်လာချိန်မှာ ညဉ့်နက်နေပြီ

"နိုးပြီလား"

နောက်ကျောက ထွက်လာတဲ့အသံကြောင့်လရိပ်ကိုယ်လေးတုန်သွားတယ်

"ဘယ်နှစ်နာရီရှိပြီလဲ?"

"၁၁နာရီရှိပြီ ကိုကို ပြန်လို့မရတော့ဘူး"

"၁၁နာရီလဲပြန်လို့ရပါသေးတယ် "

လရိပ်သူ့ရဲ့ အိတ်ကလေးကိုယူပြီးထပြန်ဖို့လုပ်တယ်
သူ(လရိပ်) သူ(ရှိန်)နဲ့ တစ်ခန်းထဲအိပ်စက်ရဲတဲ့သတ္တိမရှိပေ

"ကျစ်! ပြောနေတာနားမလည်တာလားဟမ်! ဒီလောက်ညဉ့်နက်နေတာကိုဘယ်လိုပြန်မှာလဲ"
ရှိန် လရိပ်ရဲ့လက်‌မောင်းကိုလှမ်းဆွဲလိုက်တယ်

"ငါ့ကိုလွှတ်"
လက်‌မောင်းကလေးဆွဲလိုက်တာကို သေမလိုရုန်းပြနေတာကြောင့် ရှိန်ဒေါသထွက်လာတယ်

"သေမလို့ရုန်းနေတာလား! ခင်ဗျားဒီအခန်းပြင်ကို‌ ခြေတစ်လှမ်းထွက်တာနဲ့ဘာဖြစ်သွားမလည်း ကျုပ်အာမမခံဘူးနော်"

သူခြိမ်းခြောက်လိုက်မှငြိမ်ကျသွားတာကြောင့် ရှိန်ကျေနပ်သွားတယ်

လရိပ်မှာ အခန်းထဲမှာအတူမနေချင်သော်လည်း အခန်းပြင်ထွက်ရင် လက်ရဲဇက်ရဲ့နိုင်လွန်းတဲ့ ဒီကောင်လေးကဘာလုပ်မယ်မှန်း မသိတာကြောင့် ကြိတ်မှိတ်အိပ်ဖို့သာကြိုစားလိုက်တယ်

"ဒါဆို ဒီည ငါဒီဆိုဖာပေါ်မှာအိပ်လိုက်မယ်"

"ဘယ်သူကခင်များကိုအဲ့မှာအိပ်ဖို့ခွင့်ပြုလို့လဲ?!"

"ဒါဆိုငါကကြမ်းပြင်ပေါ်မှာအိပ်ရမှာလား?"

"မဟုတ်ဘူး ကျုပ်နဲ့အတူတူအိပ်ရမှာ"

"ဟင် "
အလန့်တကြားမျက်လုံးလေးပြူးသွားတဲ့ လရိပ်ကို ရှိန်ဆွဲပြီးလုပ်ပစ်လိုက်ချင်ပြီ
သိုပေမဲ့ နမ်းရုံလေးနဲ့သတိလစ်တဲသူ(လရိပ်)ကြောင့်မနည်းထိန်းထားရတယ်

ကိုကိုကကျွန်တော့်အရုပ်ကလေး(Doll)Where stories live. Discover now