part 1

8.4K 261 4
                                    

လရိပ်ရောင် ကြောက်ရွံ့မှုကြောင့်တုန်ရီနေတယ်
"ကျွန်တော့်ကိုဘာလို့ဖမ်းလာတာလဲ ကျွန်တော်ကသာမာန်လူတစ်ယောက်ပါ ပိုင်ဆိုင်မှုဘာမှမရှိပါဘူး တောင်းပန်ပါတယ် ပြန်လွှတ်ပေးပါ"

မျက်လုံးကိုအဝတ်နဲ့စီးနှောင်ထားခြင်းကြောင့် မိမိကိုဖမ်းလာတဲ့သူဘယ်နားမှာရှိနေမှန်းမသိပေမဲ့ လရိပ်တောင်းပန်နေမိတယ်

ဆက်ရှိန်ညီ သူရှေ့တုန်ရီနေတဲ့ ကိုကို ကိုအရသာခံထိုင်ကြည့်နေရာမှ အနားကိုသွားလိုက်တယ်

"အရင်ကတိုင်း ဆံနွယ်ရှည်တွေရှိတုန်းဘဲနော် ကိုကို"

ရင်းနှီးလွန်းတဲ့ကိုယ်သင်နံ့ နဲ့အတူနားထဲစီးဝင်လာတဲ့ယောက်ျားဆန်ဆန်အသံကြောင့် လရိပ်ရင်ထဲကြောက်စိတ်ပိုလာတယ်"

"ရှိန်...ရှိန်လား"

ရှိန်သူ့ကိုကိုရဲ့မေးဖျားကိုပင့်ကိုင်လိုက်တယ်

"ရှိန်မဟုတ်ဘူး ကိုကို့ ကိုပိုင်တဲ့သခင်"

"ရှိန် ကိုယ့်ကိုပြန်လွှတ်ပေးပါ"

"အရင်ကအတိုင်း မောင်လို့ပြန်ပြင်ခေါ်"

မေးဖျားကိုကိုင်ထားတဲ့ရှိန်ရဲ့လက်တွေတင်းကြပ်သွားတာကြောင့် လရိပ်နာကျင်သွားတယ်

"အာ့! မောင်..."

"ဒီလိုလိမ္မာမှပေါ့ကိုကိုရာ မောင်ကလိမ္မာတဲ့အရုပ်ကလေးတွေကိုသာ‌သဘောကျမှန်းသိရဲ့နဲ့ မဆိုးချင်စမ်းပါနဲ့"

ရှိန် လရိပ်မျက်လုံးကိုစီးနှောင်ထားတဲ့အဝတ်စလေးကိုဖယ်ပေးလာတယ်

"ကျွန်တော်ရဲ့ရင်ခွင်ကနေ ပြန်လည်ကြိုဆိုပါတယ် ကိုကို"

လရိပ်ငိုချမိတော့တယ်

"ရှိန် ဘာကြောင့်ငါ့ကိုမလွှတ်ပေးနိုင်ရတာလဲ"

"တိတ်စမ်း!ကိုကို ငိုမနေနဲ့ ကျွန်တော့်ရင်ခွင်ထဲက အချိန်အကြာကြီးထွက်ပြေးပြီးတာတောင်မလုံလောက်သေးဘူးလား!"

မိမိကိုယ်လုံးလေးကိုဒေါသတကြီးလှုပ်ရမ်းလာရင်းအော်ဟစ်နေတာကြောင့် လရိပ်ပိုတိုးလို့သာ မျက်ရည်‌ကျမိတယ်

ကိုကိုကကျွန်တော့်အရုပ်ကလေး(Doll)Where stories live. Discover now