The world ruined by greedy( ep1)
မျက်နှာတေကမြင်ဖူးပြီးသားဆိုတော့ ကိုယ့်ဘာသာ ပုံဖော်ရပြီလေ😁😝
ဒီနေ့ရေးချင်တာလေးရှိပါတယ် ထူးထူးဆန်းဆန်းလေးတေပေါ့ မနေ့ညက စဥ်းစားထားတာတေပါ
အကယ်၍ soul land မဟုတ်ဘဲ ဝိညာဥ်ကွင်းတေမဟုတ်ဘဲ ခုလို ရာစုခေတ်ရောက်နေခဲ့မယ်ဆို( ကြည့်လို့ကောင်းမယ် ထင်လာ ထင်တာပေါ့) မွန်းစတားလေတေပါလို့ပေါ့ နာမည်တေတော့ မချိန်းတော့ဘူး မေ့ရင် မမိုက်တော့ဘူး
(ဝိညာဥ်ဖျက်စီးခြင်းဂိုဏ်း)
ကမ္ဘာ ကို ဖျက်ဆီးဖို့လာနေတဲ့ ရန်သူတေအများကြီးထဲမှာ စက်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ရက်စက်သူကြီး ပီပီတုန်(sl ထဲကလို မဟုတ်ပါနော်)
ကြင်နာခိုင်းနေမှာစိုးလို့ 🙂 အဲ့ထဲ မှာ လည်း အာဏာရှိသမျှ လူအကုန်လိုက်သတ်ပြီး ဂိုဏ်းတေအားလုံးကို အမှုန့်ကြိတ်ပစ်တဲ့ ယန်း (ဒီမှာ ကြောက်ဖို့ကောင်းတယ်နော်😳)
ရန်သူတေကို အသေသတ်ပြီး ခန္ဓကိုယ်ကို အပိုင်းပိုင်းလုပ်ပစ်တဲ့ စက်ရုပ်နှလုံးနဲ့ ဟူလီနာ (သူမရဲ့နှလုံးကို ကမ္ဘာအပြင်က ဂြိုလ်သားနဲ့တိုက်တဲ့အချိန်ဆွဲထုတ်ခံထိခဲ့တာပါ အဲ့ဒါကို ပီပီ တုန်က တွေ့ပြီးတော့ သူမကို ပြန်အသက်သွင်းပေးခဲ့တာပါ အဲ့လိုအချိန်လေးမှာ ပြန်ကောင်းလာတဲ့ ဟူလီနာကို ကြည့်ခြင်းအားဖြင့် သူမရဲ့ အသက်ပြင်းတာကိုတွေ့ရမှာပါ ဒါပေမယ့် ပီပီတုန်ဆို တာ အချဥ်မှမဟုတ်တာ သူမလူတယောက်ကို အဖွဲ့ထဲမှာ ဆွဲခေါ်တယ် ဒါမှမဟုတ် ရာထူး အကောင်းစားပေးထားတယ်ဆိုတာ သူမက ဟူလီနာကို သူမရဲ့ အာဏာကို ဆက်ခံစေချင်တာ သူမ(ပီပီတုန်)ကိုယ်တိုင်ကတော့ ကမ္ဘာကြီးကိုအုပ်စိုးမယ်ပေါ့ ဟူလီနာကို နှလုံးဖောက်ထုတ်ခံထိအောင် တမင်လုပ်ခဲ့တာဆို မမှားပါဘူး ဘာလို့လဲဆိုတော့ ဂြိုလ်သားတေနဲ့ သူမပူးပေါင်းထားလို့ပါ ကမ္ဘာကို သိမ်းရခဲ့ရင် အညီခွဲမယ်ဆိုပြီး တကမ္ဘာလုံးကို စက်ရုပ်နှလုံးဖြစ်အောင်လုပ်ချင်တာသူမက ပြီးတော့ သူမပူးပေါင်းထားတဲ့ ဂြိုလ်သားတေကို အပြတ်ရှင်းမှာပေါ့ လိုသုံးလေးတေ ဟို ကောင်တေက😁
ကဲ တဖက်မှာကတော့ ဆိုက်ဘာအဖွဲ့လို့တော့ပြောလို့ရတယ် မဟုတ်သလိုဘဲပေါ့ ဂိုဏ်းတေအားလုံးထဲမှာ ပေါ့နော် သိုသိုသိပ်သိပ် နဲ့ လုပ်ရှားနိုင်တဲ့အထိကို တော်တဲ့ မွန်းစတားလေး၇ယောက်ပါဝင်တဲ့ (အသံတိတ် လှုပ်ရှားခြင်းဂိုဏ်းပေါ့ ကျနော်စဥ်းစားထားတာလေးပါ) ရှန်းရှန်းဆို တအားတော်တယ် သူမရဲ့ လျှင်မြန်နှုန်းတေက အစွန်းရောက်တယ် လူတယောက် ကို မျက်စိတမှိတ်အတွင်းအသက်ပျောက်စေတယ် သူတို့ဂိုဏ်းမှာအားနည်းတာ တခုရှိတယ် အဲ့ဒါက ခွန်အားခြင်း ယှဥ်တိုက်ရတော့မယ် ဆို မုပိုင်နဲ့ ထန်စန်း ၂ယောက်တည်း ရှိတာပါ
ရှောင်ဝူလေးကတော့ ရန်သူ၁၅ယောက်သူမကို ဝိုင်းထားမယ်ဆို အဲ့ရန်သူတေကို မျက်စိ တမှိတ်အတွင်းပြန်သတ်ပြနိုင်တယ် အဲ့ဒါကြောင့်သူမအရည်အချင်းက ထန်းစန်းပြီး ဒုတိယဖြစ်နေတာပါ
ပီပီတုန်က သူတို့ဂိုဏ်းကို တခါမြင်လိုက်ဖူးတယ် တခါကပေါ့ဗျာ (အတိတ်သို့😊)
ရန်သူတေကို ပီပီတုန်ယှဥ်တိုက်နေတဲ့အချိန်ပေါ့ အဲ့တည်းက ကမ္ဘာမြေမှာ စစ်ပွဲကြီးစတာပါဘဲ အဲ့တည်းက ဆို (fox empire) ဂိုဏ်းက တအားနာမည်ကြီးတာပါ ပြောရမယ် ဆို ဂိုဏ်ခေါင်းဆောင်က ထန်ရှောင်ဖြစ်နေတာကို ဒါပေမယ့် သူ့ကို ဂိုဏ်းခေါင်းဆောင်လုပ်ခိုင်းပေမယ့် အဲ့ရာထူးကို မနှစ်သက်တဲ့ ထန်စန်းရဲ့အဖေထန်ဟောက်( တချက်ထိုးလက်သီး) ဘာလို့ အဲ့လို နာမည်ပေးထားတာလဲဆိုတော့ အဲ့မှာကြည့်မယ် ဆို ဂြိုလ်သားတေမာကြောမှုက စက်ရုပ်တေထက်မာကြောပါတယ် အဲ့ဒါကို သူက တချက်တည်းထိုးပြီး ပွဲသိမ်းနိုင်လို့ပါ (sl မှာသာမက ဒီမှာရော တိုက်ခိုက်ခြင်းကြမ်းပါတယ် တချက်တည်းနဲ့ ပီပီတုန်ဖန်တီးထားတဲ့ ၁၆လက်မ သံထည်အထူ တေကို တချက်တည်းနဲ့ကြေသွားစေတာပါဘဲ ဒါပေမယ့်😉 လူတိုင်းအားနည်းချက်ရှိပါတယ် အဲ့တည်းမှာ ထန်ဟောက်အားနည်းချက်ကတော့ ပီပီတုန်ရဲ့အဖွဲ့ဝင်တေထဲက စက်ရုပ်နှလုံးသားနဲ့ ဖြစ်ပြီး တော့ ကြင်နာမှုမရှိတော့တဲ့ မိန်းကလေး အားရင်ကို သဘောကြမိခဲ့တာဘဲ (နာမည်တေကအကုန်တူပါတယ်နော် တန်းမြင်တယ်မလာ😇 ) ဟုပါတယ် အဲ့ချိန်မှာ လူသားစိတ် လုံးလုံးပျောက်ကွယ်သွားတဲ့ အားရင်ကို ထန်ဟောက်က ဘယ်လို အသက်ပြန်ဝင်စေခဲ့တာလဲ သူ အားရင်ကို ခေါ်ထုတ်ပြီးအဝေးတနေရာ ပြေးသွားခဲ့ပါတယ် ၁လကြာတဲ့အခါမှာ အားရင်က လူစိတ်ပြန်ဝင်လာခဲ့ပါတယ် ( အချစ်ကြောင့် )လူသတ်ချင်စိတ်တေ ရိုက်ရိုက်ထည့်ထားတာ ပီပီတုန် လက်ချက်ဆိုပေမယ့် အဲ့ချိန်ကပီပီတုန်ရဲ့မွေးစားအဖေ ကြီးကသာ အုပ်စိုးခဲ့ပါတယ် (သူမကိုယ်တိုင်သူ့အဖေအကိုပြန်သတ်ခဲ့တာပါ )အားရင်လေးက အသိပြန်ဝင်လာပေမယ့် သူမ ကြာကြာမခံတော့တာသူမသိနေတယ် အဲ့ချိန်မှာ ကလေးတယောက်ထွက်လာတာဘဲ ဘူလေးလဲ (ထန်စန်းလေးပေါ့😁 )
အဲ့လိုအချိန်မှာ ဂြိုလ်သားတေကသူမကို ရှာတွေ့သွားတယ် ဒါပေမယ့် ထန်ဟောက်ဆိုတာ သိတဲ့အတိုင်း အချိုမဟုတ်အချဥ်မဟုတ်လေ အကုန်လုံးကို သူတချက်တည်းနဲ့ထိုးတယ် သူက သေနတ်ပြီးတယ်နော် စနှိိုက်ဘာဒဏ်ကိုခံနိုင်တဲ့အထိကြောက်ဖို့ကောင်းတယ် ဒါပေမယ့် သိတဲ့အတိုင်း အချစ်နဲ့တွေ့ရင် အရာအားလုံး ပေးဆပ်ရဲ့ခဲ့တာပေါ့ သူကို ဂြိုလ်သားခေါင်းဆောင်က သူနဲ့ပူးပေါင်းရင် အဲ့ကလေးနဲ့ အားရင်ကိုလွတ်ပေးမယ်တဲ့ ဒါပေမယ့် လည်း အားရင် က သူမ မခံတော့တာသူမသိတယ် သူမတားပေးထားမယ်ဆိုပြီး တော့ပြေးခိုင်းတယ် ဒါပေမယ့် ထန်ဟောက်က အားရင်လက်ထဲကလေးထည့်ပြီး မင်းသွားပါ ကလေးက အဖေမေတ္တာမရပေမယ့် သူက အမေမေတ္တာကိုလိုအပ်တယ် ထန်ဟောက်ကတော့ အားရင်လေးသေတော့မှာသူမသိခဲ့ဘူး သူမကျန်နေခဲ့တယ် ထန်ဟောက်ကတော့ လက်ခံခဲ့တာပေါ့ ခုချိန်မှာထန်ဟောက်က အသိစိတ်မဲ့နေတဲ့ လူသတ်သမားတယောက်ဖြစ်နေခဲ့ပြီး အားရင်လေးကတော့ ထန်စန်းနဲ့ကျန်ခဲ့ပေမယ့် သေသွားခဲ့တာပေါ့ထန်ဟောက်ပူးပေါင်းပြီး ခဏအကြာမှာဘဲ ကဲ ပြီးတော့ တယောက်တည်း ငိုနေတဲ့ ကလေးလေး ထန်စန်း ပြောရမယ် ဆို ထန်စန်း က လသားလေးဘဲရှိပါသေးတယ် အဲ့ချိန်မှာ ဂိုဏ်းတခုထူထောင်ပြီး ရန်သူအားလုံးကို အမြစ်ပြတ်တွန်းလှန်ဖို့
စဥ်းစားနေတဲ့ ရှောင်ဂန်
(ခုချိန်ထိရှောင်ဂန်က အသံတိတ်လှုပ်ရှားခြင်းဂိုဏ်းခေါင်းဆောင်ပါဘဲ)
သူ့အသက်က ၄၀ ဝန်းကျင်ဘဲရှိပါသေးတယ် သူထန်စန်းကို စတွေ့တည်းက ၂၂နှစ်ဆိုတော့ ထန်စန်းက ခုမှ ၁၈နှစ်လောက်ဘဲရှိပါသေးတယ် သူကအဲ့ချိန်မှာ ထန်စန်းကိုသူကြည့်လိုက်တာနဲ့သူသိနေတယ် စိတ်ထဲကနေ ပေါ်လာတဲ့ခံစားချက် သူမျက်ရည်ဝဲလာတယ် အဲ့ဒါနဲ့ခေါ်မွေးစားခဲ့တာဘဲ သားအရင်းလိုမျိုး
(ခုက အတိတ်ပြောနေတာနော် နောက်ကြောင်းပြန်နေတာ တမျိုးထင်မှာစိုးလို့ )
ထန်စန်းအသက် ၆နှစ်ရောက်လာတာနဲ့ သူလူတယောက်ကို သတ်ပြီးပြီး ဘာလို့လဲ သိလာ? ပြောရမယ်ဆို သူက အပြင်သွားနေတာပေါ့ အဲ့ချိန်မှာရှောင်ဂန်က တားခဲ့တယ် သိတဲ့အတိုင်းထန်စန်း ဆို တာ စူးစမ်း လို စိတ်ပြင်းပြတယ် အဲ့မှာ စက်ရုပ်တကောင်က လူတယောက်ကို သတ်လိုက်တယ် သာမန်လူသားကို ပေါ့ အမေတယောက်လို့ပြောလို့ရတယ် ဘယ်သူလဲ ကလေးကရောဘယ်သူလဲ?
ကလေးက ရှောင်ဝူလေးပါ သူမ ကလည်း ၆နှစ်ဝန်းကျင်လေးပေါ့ သူမအရှေ့မှာ အမေသတ်တာမြင်လိုက်ရတော့ဝမ်းနည်းတာပေါ့ ဒါပေမယ့် sl ကလိုဘဲ လပိုင်းငယ်ပါတယ် (ထန်စန်းထက် )သူအဲ့လိုတွေ့တဲ့ချိန်မှာ စက်ရုပ်ထဲမှာ လူပါနေတယ် ထန်စန်းက ရှောင်ဝူကို ဆွဲခေါ်လိုက်တယ် ဟို စက်ရုပ်ပေါ်က အကောင်ကလည်း gun ကြီး ချိန်းပြီး ပစ်တာဘဲ သူတို့တီထွင်အားက ဒီကနဲ့ အဆပေါင်း အများကြီးကွာပါ့ စက်ရုပ်တကောင်တည်းကို ထွင်ထားတာ auto gun တေရော လေယာဥ်ဖျက် ဒုံးတေရော ဒရုန်းတောင်ထုတ်နိုင်တဲ့ အပြင် လေယဥ်ထိပြောင်းလို့ရတယ်
သံထည်က သတ္တုတေအပြည့်နဲ့ပေါ့ပါအောင်လုပ်ထားတယ် အဲ့ လောက် မာတဲ့ စက်ရုပ်တကောင်ကို ၆နှစ်အရွယ် ကောင်လေး ထန်စန်းက သတ်လိုက်ရင် ယုံမလာ ယုံရမှာ ပေါ့ ( sl မှာ နှစ်၄၀၀သက်တမ်းရှိတဲ့ မြွေကို သတ်နိုင်တယ် ဒါပေမယ့် ဒီမှာက အရင်ဘဝမပါပါဘူးနော်)
အပိုင်း၂ မျော် ကျနော်က ရေးချင်မှရေးတာဆို တော့ တပတ်တပိုင်းလည်းဖြစ်နိုင်တယ် ဒီက နေလည်း ကုလားအုတ်ဖြစ်လို့ရပါတယ်လို့😁😝 ကြိုက်နေပြီမလာ
#NyiNyi
YOU ARE READING
လောဘသားတေကြောင့်ကမ္ဘာကြီးပျက်စီးရခြင်း
Fantasyဒီဇာတ်လမ်းလေးက soul land က ဇာတ်ကောင်လေးတေနဲ့ ဘဲ မှော်ခေတ်ကနေ သိပ္ပံခေတ်ကိုသွားတာပါ ကမ္ဘာကြီးပျက်စီးမယ့်ကပ်ကြီးကျရောက်လာချိန်မှာ ကယ်တင်ဖို့ ဘယ်သူတေရှိနေမှာလဲ ရန်သူတေက စက်ရုပ်တေအပြင် ဂြိုလ်သားတေကပါ ကမ္ဘာကိုကြီးစိုးဖို့ကြိုးပမ်းလာကြတာပါ အဲ့ ပြဿနာတွေက...