The world ruined by greedy ep6
ပြန်ရောက်ပြီး ၄ရက်လောက်ကြာပြီး တဲ့အခါမှာ ရှောင်ဂန်က ထန်စန်းပေးတဲ့ ဂြိုလ်သားအပိုင်းအစလေးကို စမ်းသပ်ကြည့်တယ် သူ့ခန္ဓာကိုယ်ကို မဖောက်နိုင်အောင်လုပ်ထားတဲ့ အပြင် ပျက်စီးခဲ့ရင် ပြန်လည်ပြုပြင်ပေးတာပါ ရှိတယ် ထန်စန်းက အဲ့ဒါဆို သားအနေနဲ့ ဘာလုပ်ရမလဲ သူတို့ ခန္ဓာကိုယ်က အဲ့လောက်မာနေတာ ငါတို့ တေ ရိုးရိုး သတ်နိုင်မယ် မထင်လိုက်နဲ့ ပျော်ရွှင်စရာတေအစက ဒီဂြိုလ်သားတေကြောင့်ပျက်စီးခဲ့ရတာ မင်း အဖေကလည်း တနေ့ ကမ္ဘာကိုဖျက်စီးတော့မယ် လူ အသိစိတ်ပျောက်နေပြီး ငါ လည်း မတတ်နိုင်တော့ဘူး ထန်စန်း ဒီကမ္ဘာကို ကယ်တင်ဖို့ မင်းအစွမ်းကုန်ကြိုးစားပါ ခု ချိန်မှာ ဂြိုလ်သား ဖျက်စီးဖို့ လက်နက်လိုတယ် မင်းအနေနဲ့ အသုံးဝင်တာ တခုခု လုပ်ပါ ငါ့သား ဟု သားအနေနဲ့ စဥ်းစားထားတာ တခုရှိတယ် ဒါက ဓားတလက်ဘဲ ရှောင်ဂန် သားလိုအပ်တဲ့ ပစ္စည်းတေပြောပါ ထန်စန်းက သားအနေနဲ့ သလင်းကျောက်ကို လိုတယ် ရှောင်ဂန်က သားဘယ်မှာ သွားရှာမှာလဲ ဂျိုက်သရင်းမြို့မှာပါ ဒါက တအားဝေးတယ် မိုင် ၁၅၀ ခရီးကို သား တယောက်တည်း သွားမှာလား သား ရုန်ရုန်နဲ့ အော်စကာကိုခေါ်သွားမှာပါ သူတို့က ဘဲ အတု အစစ်ပြောပေးနိုင်မှာ ဒါပေမယ့် အဲ့နေရာက သလင်းတောင်လို့အမည်ရပါတယ် အဲ့ထဲမှာ ရှေးဟောင်း နဂါးတကောင်ရှိပါတယ် သူက အဲ့ သလင်းကျောက်တေကို စောင့်ရှောက်တာပါ သူ့စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ရင် သလင်းကျောက် ကို လိုအပ်တဲ့ပမာဏပြောပြီး အဲ့ ပမာဏနဲ့ ညီတူညီမျှစမ်းသပ်မှာပါ သွားရတာ လည်း အရမ်းခက်ခဲတယ် တောင်ကြီးက နက်နေရော ဒါပေမယ့် အဲ့နေရာကိုရောက်လာတဲ့သူတေက မအောင်မြင်ခဲ့ဘူး စမ်းသပ်မှုကျရှုံးပြီးသေ သွားကြရတယ် ဘာကြောင့်လဲ အနည်းငယ်သာ တောင်းမယ်ဆို လွယ်ကူတဲ့ စမ်းသပ်ချက်နဲ့ ကိုယ် အနည်းငယ်ပိုင်တာကမြတ်တာဘဲ ဒါပေမယ့် ဇာတ်လမ်းခေါင်း
စဥ်လိုဘဲ လောဘကြီးလို့အများကြီးလိုချင်လို့ စမ်းသပ်ချက်တေက ခက်ပြီး ကျရှုံး သေဆုံးခဲ့ကြတယ် ထန်စန်းကဒါက မဟုတ်သေးဘူး သူ့အနေနဲ့ အဲ့လိုရက်ရော တာ မဖြစ်နိုင်ဘူး သူက လူ တေကို သတ်နေသလိုဘဲ သူ့ဆီက ရသွားတဲ့သူဆို လို့ ၂ယောက်ဘဲ ရှိတယ် လို့ကြားဖူးတယ် ပီပီတုန်နဲ့ သားအဖေ ထန်ဟောက် ရှောင်ဂန်က မင်းမှန်တယ် ခုတော့ သွားပါ မြန်မြန်သာသွား ဘာတေခက်ခဲလာမလဲ မပြောနိုင်ဘူး ဟုတ်အဖေ ဆိုပြီး ရုန်ရုန် နဲ့ အော်စကာကို ခေါ် ပြီး ထွက်သွားတယ် ၁ရက်ကြာတော့ သူတို့ ဂျိုက်သရင်းမြို့ကိုရောက်သွားတယ် သလင်းတောင်ကို ရှေ့ဆက်သွားပြီးတဲ့အချိန်မှာ တောင်နားရောက်လာတယ် သူတို့တောင်ထဲဝင်ပြီးရင် လုံးဝပြန်ထွက်မရဘူး စမ်းသပ်ချက်အောင်မှဘဲ ထွက်လို့ရမယ် ကျောက်နဲ့အတူပေါ့ အဝင်ပေါက်ကြီးက လည်း သူတို့ကို မကြိုဆိုနေသလို ခံစားရတယ် ထန်စန်းက ဝင်ကြမယ်တဲ့ ဂူထဲရောက်တော့ မှောင်နေရောဘဲ ရှေးဟောင်းဂူကြီးပေါ့ အဲ့ နဂါးက ပြောရမယ်ဆို မရှိသင့်တော့ဘူး ဒါပေမယ့် သူ အနေနဲ့ကျောက်တေစောင့်ရှောက်ဖို့အတွက်နေနေ တာပါ ဒီကျောက်တေက တအားအဖိုးတန်တယ် ဒါက ဂြိုလ်သားတေရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးဖို့အလိုအပ်ဆုံး အဓိက အကျဆုံး ဘဲ လမ်းပေါက်ကြီးမှာ မီးလင်းလာတယ် မီးတုတ်တေ ထန်စန်းတို့လမ်းကြောင်းအတိုင်းလိုက်သွားတယ် ရုန်ရုန်က အကိုစန်း ဒီမှာ ဘာလိုင်းမှ မမိဘူးနော် ထန်စန်းက ကိစ္စမရှိဘူး သတိနဲ့နေပါ အော်စကာက ငါတို့ဒီလာတာ ပြန်ထွက်ဖို့အဆင်ပြေပါ့မလား ထန်စန်းက ပြန်ထွက်ဖို့ဆို ငါတို့ စမ်းသပ်ချက်အောင်ရမယ် ငါတို့တူတူလုပ်ရမှာလား ဟုတ်တယ် သူ့တောင်ထဲကနေ ငါတို့ကို နေရာတခုစီခေါ်သွား
မယ့်ပုံဘဲ လျှောက်လာရင်းနဲ့ နဂါးကို တွေ့လိုက်ရတယ် နဂါးက မင်းတို့တေက သေချင်နေကြတာလား ငါ့သက်တမ်း နှစ်ပေါင်း ၁သိန်းကျော်နေပြီး ငါ့ရဲ့ တောင်ကို ငါပေးတွေ့တဲ့သူကဘဲတွေ့နိုင်တယ် မင်းတို့ထင်တာ မင်းတို့လာချင်သလိုလာရမယ်ထင်လို့လား ငါ သလင်းကျောက်တေကို ထိန်းသိမ်းနေတာ သူတို့တေက ခုတဖြည်းဖြည်းပျောက်ကွယ်နေပြီး အဲ့ဒါကြောင့်သူတို့ကုန်ရင် ငါနားရပြီး ထန်စန်းက ခင်ဗျားနာမည်သိလို့ရမလား
ဟ ဟ ဟ မင်းက အသက်ရှင်လျက်ထွက်သွားနိုင်လို့လားငါ့မှာ သလင်းကျောက် အနည်းငယ်ဘဲကျန်တယ် လူတေ လက်ထဲမရောက်စေချင်လို့ပေါ့ ထန်စန်းက ဒါပေမယ့် ခင်ဗျားအနေနဲ့ လူ၂ယောက်လက်ထဲပေးခဲ့ရတယ်မလား သူတို့တေ က ပီပီတုန်နဲ့ ထန်ဟောက်ဘဲ ဟုတယ်မလား မင်းက ဘယ်လိုသိတာလဲ ဒါကပြော စရာလိုသေးလို့လား ကျန်တဲ့ သလင်းကျောက် အနည်းငယ်ကို လာယူတာပါ ဒီအနည်းငယ်က ငါ့အတွက် မိုးကြိုးဓား (Thunder sword) လုပ်ဖို့လုံလောက်တယ် ၉ခုလောက်ရတယ် ဟ ဟ ဒါဆို စမ်းသပ်ချက်အတွက်အဆင်သင့်ဘဲလား ၃ယောက်လုံး ဟူတ် အဆင်သင့်ပါ ကောင်းပြီး မင်းတို့အောင်ပါစေ ငါလည်း နားချင်လှပြီး ပြောရမယ်ဆို စမ်းသပ်ချက် က၄ခု ရှိတယ် မင်းတို့ ငါခေါ်သွားမယ့် ကမ္ဘာတခုကို လိုက်ခဲ့ သူက ပြောရမယ်ဆို အရင်ခေတ်ပေါ့နော် မှော်ပညာတေရှိတဲ့နေရာတခုကိုခေါ်သွားတယ် ဒီမှာ မင်းတို့ကြည့် အရှေ့က ကျောက်တိုင် ၅ခုကိုတွေ့လား အဲ့မှာ စီချယ်ထားတဲ့ စိန် တေ တတိုင်ကို ၃လုံးရှိတယ် အဲ့ ၁၅လုံးကို မင်းတို့သူ့နေရာပြန်ထားရမယ် အဲ့ဒါအတွက် အချိန် ၃နာရီပေါ့ သူတို့အချိန်နဲ့ ဒီတတောလုံးမှာရှိတဲ့ နေရာတေထဲမှာ သူ့နေရာအမှန်ကိုပြန်ထားပေးရမယ် သူတို့တေ သွားကြတယ် ပြီးတော့ အဲ့မှာ ရှိတဲ့ စိန်တေကို ယူလာပြီးတော့ လူခွဲသွားကြတယ်၅လုံးတယောက် သူတို့လေးတေက ညာဏ်ကောင်းလို့ အေးဆေးအောင်မှာပါ တောကြီးက လှည့်စားနေတယ် သူတို့တေက ပထမဆုံးအနေနဲ့ အမှတ်အသားတခု မှတ်ခဲ့တယ် အယောက်တိုင်း ဒီအမှတ်ဆီပြန်ရောက်နေကြတယ် ထန်စန်းက အဲ့လိုသိနေတော့ သူ့အနေနဲ့ အဲ့အမှတ်ကိုဖျက်ပြီးတော့ မှတ်ထားတဲ့ အပင်ကိုချိုးလိုက်တော့စိန်
ထည့်တဲ့နေရာပေါ်လာတယ် သူထည့်ပြီးတော့ နေရာတေက တခုထက်တခုရှုပ်လာတယ် ကျန်တဲ့ ရုန်ရုန်နဲ့ အော်စကာကလည်း အဲ့ နည်းအတိုင်းလုပ်ကြတယ် သူတို့တေလုပ်ပြီးလို့နောက်ဆုံးအချိန်ရောက်တော့ လမ်းက ၄ကြောင်း အဲ့ ထဲက တလမ်းအမှန်ရွေးရမယ် ထန်စန်းက သူတို့ ကို သေချာပြီး မင်းတို့ ညာဖက်ကလမ်းဘဲ ဝင်သွားတဲ့ အချိန် မှာ နောက်ဆုံးစိန်စီပြီးအောင်သွားကြတယ် အဆင့်၂စမ်းသပ်ချက်ရောက်လာတယ် သူတို့လုပ်ရမှာက အောက်မှာချော်ရည်တေအပြည့်နဲ့ အပေါ်မှာ တံတားလေးတခုဆောက်ထားတယ် သူတို့ခြေစနှင်းလိုက်တာနဲ့အဲ့တံတားက စပြိုကျမယ် ၃မိုင်တိတိပြေးရမှာပါ သူတို့မှာ ပစ္စည်းပါခဲ့ရင် အဲ့ပစ္စည်းတေပေးသုံးတယ် ဒါပေမယ့် အပြေးမြန်ဖို့တေအတွက်တော့သုံးခွင့်မရှိဘူး သူတို့က အဆင်သင့်ဖြစ်လို့စ လှမ်းလိုက်တဲ့ အချိန်မှာရုန်ရုန်နဲ့ အော်စကာ မင်းတို့မြန်မြန်ပြေးငါ နောက်က လိုက်မယ် ကောင်းပါပြီး သူတို့တေပြေးကြတယ် အရှေ့ကနေပြေးကြပေမယ့် ရုန်ရုန်က နှေးတယ် သူမအတွက်ခက်ခဲတယ် အော်စကာက ရုန်ရုန်လက်ဆွဲ ပီး ခေါ်သွားတယ် နောက်က ထန်စန်းက လည်း လိုက်လာတယ် မြန်မြန်ပြေး တံတားပြိုတာ ငါတို့ကိုမှီနေပြီး ပြေးရင်းနဲ့ တမိုင်ပြီးသွားတယ် နောက်ထပ်ပြေးတဲ့ အချိန်ရုန်ရုန်မနိုင်တော့ဘူး အော်စကာက သူရုန်ရုန်ကို သဘောကြတာကြာနေပြီး ၁နှစ်လောက်ရှိမလားဘဲ သူရုန်ရုန်ကို ကျောပေါ်တက်ခိုင်းတယ် ရုန်ရုန်က ငါပြေးနိုင်တယ် ထပြီးတော့ ထပ်ပြေးတယ် ထန်စန်းက တော့ အခြေနေကြည့်ပြေးတာပေါ့
ရုန်ရုန်ပါတာကို သူမက သူတို့အဖွဲထဲမှာ တီထွင်သူဆိုတော့ လုံးဝလေ့ကျင့်မအားဘူး သူမက အနှေးဆုံးဘဲ ပေါ့ သာမန်လူတယောက်လိုပါ ထန်စန်းတို့က အပြေးတအားမြန်တယ် မိုင်ဝက်ရောက်တော့ ရုန်ရုန်မောနေပြန်ပြီး အော်စကာက ရုန်ရုန်ကို ကျော်ပေါ်မြန်မြန်တက် မင်းနောက်ကျသွားလိမ့်မယ် ကျော်ပေါ်တင်ပြီးတော့ပြေးတာ တအားမြန်တယ် အော်စကာ သူက နည်းပညာသမားဆိုပေမယ့် သူအရင်က ကျောက်တုံးတေ ထမ်းပြေးခဲ့တယ် ခုချိန်ထိလေ့ကျင့်တယ် သူချစ်တဲ့သူကိုကာကွယ်ဖို့ပြေးရင်းနဲ့ တမိုင်ပြီးလို့မိုင်ဝက်ဘဲကျန်တော့တဲ့အချိန်မှာ ထန်စန်းက အရှေ့ရောက်နေပြီး အော်စကာ သတိထား နောက်ဆုံး မီတာ ၂၀အလိုမှာ သူတို့ပြုတ်ကျသွားတယ် အော်စကာက ငါမင်းကိုချစ်တယ် မင်းမသေစေရဘူး ငါကာကွယ်မယ် နာရီထဲက ကြိုးသေနတ်ထုတ်ပြီးပစ်တဲ့အချိန် နည်းနည်းလေးဘဲလိုတယ် မှီသွားတယ် ထန်စန်းကဆွဲတင်ပေးခဲ့တယ် နဂါးက မင်းတို့တေက ရဲရင့်တာဘဲ တကိုယ်တည်းမကြည့်ဘဲ အဖွဲ့သားကို ကယ်ဖို့ကြိုးစားတယ် ကောင်းပြီး လေ မင်းတို့ကို စမ်းသပ်ချက်တခုလျှော့ပေးတယ် နောက်ဆုံးတခုဘဲ ကျန်တယ် ထန်စန်းက အကြီးအကဲကျေးဇူးပါ ဟ ဟ ဟ ဟ မင်းကငါ့ကိုရိုသေနေစရာမလိုဘူး နောက်ဆုံးစမ်းသပ်ချက်ကခက်တယ်နော် အဆင်သင့်ဘဲလား အော်စကာရုန်ရုန်ကိုကြည့်ပြီး ငါမင်းကိုကာကွယ်မှာပါ ငါမင်းကိုပြောစရာရှိတယ် ငါမင်းကို ချစ်တယ် အသက်ထက်ပိုပြီးတော့ ငါမင်းကို ကာကွယ်လိုက်တိုင်းငါပျော်ရွှင်နေမိတယ် ရုန်ရုန်က ပါးနီလာပြီး နောက်မှပြောကြရအောင် အကြီးအကဲ အဆင်သင့်ပါ နောက်ဆုံးစမ်းသပ်ချက်ကတော့ မင်းတို့တေကို သလင်းကျောက်အတုတေပေးမယ် အဲ့ဒါကို မင်းလိုချင်တဲ့လက်နက်ပုံထွင်းပြ ပြီးရင် အဲ့ဒါနဲ့ မင်း ရှေးဟောင်းနဂါးဖြစ်တဲ့ငါနဲ့တိုက်ရမယ် ကျန်တဲ့ ၂ယောက်မပါဘူး ထန်စန်း မင်းကို နေရာတခုခေါ်သွားမယ် အကုန်လုံးလိုက်ခဲ့ကြ ထန်စန်းကို ခေါ်သွားတဲ့နေရာက ပန်းပဲ လုပ်ဖို့ပစ္စည်းတအားစုံလင်တယ် ထန်စန်းက အဲ့တာတေတွေ့ပြီး ဒါက သိပ္ပံခေတ်မရောက်ခင်က ဖြစ်တဲ့ပုံစံမျိုးလား ဟုတ်တယ် မင်းတို့ကို ငါတို့ ခေတ်ကို ခေါ်သွားတာ မင်းအတွက် လိုအပ်တဲ့ သလင်းကျောက်အတုအများကြီးရှိတယ် အဲ့ဟာနဲ့ထွင်ပြီးရအောင်ငါ့ကို တိုက်ပါ သလင်းကျောက်သာ အစစ်ဖြစ်နေခဲ့ရင် မင်းငါ့ကို လွယ်လွယ်နဲ့နိုင်မှာမို့ဘဲ သလင်းကျောက် အတုကို နဂါးဖန်တီးခဲ့တာ ထန်စန်းက ပထမဆုံးအနေနဲ့ သလင်းကျောက်အတုကို အပူပေးမယ် သူ့ကို အရည်ဖျော်မရပေမယ့် ပုံသွင်းလို့ရတယ် ထန်စန်းက သူရဲ့ ပန်းပဲထုချက်တေက တချက်ကို သံကို လိုတဲ့ပုံစံသွင်းလို့ရတယ် သူလုပ်ပြီးတော့ ၂နာရီအကြာ အကုန်လုံး လက်စသတ်လိုက်တယ် ပြီး တော့ အကြီးအကဲ ကျနော် အဆင်သင့်ပါ ကောင်းပြီးလေ တိုက်ပွဲစကြတာပေါ့ ဟိုမှာ အမွေးတိုင် မကုန်ခင်ငါ့ကို နိုင်အောင်တိုက်ရမယ် ထန်စန်းက ကောင်းပါပြီး ရုန်ရုန်က အကိုစန်းရှင်အဆင်ပြေပါ့ပလား ရုန်ရုန်ငါ့ကို ယုံလိုက်ပါ သူအချက်ပေးသလောက်ငါက သူ့ကို သတ်ပေးရမှာ စပြီး ပထမဆုံး ဒီနဂါးမှာ သက်တမ်းရင့်ပြီး အစွမ်းတေပြည့်နှက်နေတဲ့ အမြုတေရှိတာ ထန်စန်းက သိလိုက်တယ် အဲ့ အမြုတေက သူ့ရဲ့ ခုလိုအပ်နေတဲ့ သလင်းကျောက်ထက် ပို စွမ်းတယ် သူ့မှာ တော့ နမူနာ လုပ်ထားတဲ့ မိုးကြိုးဓားရှိတယ် ဒါပေမယ့် အမှန်အကန်တိုက်မှာ ဖြစ်တဲ့ အတွက် သူ့မှာ ပါလာတာတေကို ပေးသုံးတယ် သူတို့စတိုက်ပြီး နဂါးက သလင်းကျောက်စောင့်ရှောက်သူမို့သူအရောင်နဲ့ စွမ်းအင်တေက အပြာရောင်တေ ထန်စန်းက လက်ထဲကဓားကိုထုတ် ပြီးတော့ စတိုက်တယ် ထန်စန်းက ပွဲတပွဲကို အကြာကြီးမဆော့တတ်ဘူး ဓားကနေဟန်ပြပြီးတော့ လျှို့ဝှက်ထားတဲ့ ကပ်ဗုံးအသေးစားကို ပစ်နဂါးကိုယ်မှာကပ် နဂါးက ဝုန်းဒိုင်းကြဲတယ် အကုန်ပျက်စီးတာ သူ့ရဲ့ ရေခဲပြာတေက တောင်တခုလုံးအေးခဲစေခဲ့တယ် သူတချက်မှုတ်ထုတ်လိုက်တာနဲ့ဘေးကနေ ရေခဲချွန်တေရဲ့ မုန်တိုင်းကထွက်လာတယ် ထန်စန်းက မခေပါဘူး သူက မှော်ပညာတေမတတ်ထားတာက သိပ္ပံခေတ်ရောက်နေတာကို အဲ့ဒါနဲ့ ထန်စန်းလည်း စပြီးတော့ နူထရွန်အပ်၁၅ ချောင်းကို တခါတည်းပစ်လိုက်တာ နဂါးကိုယ်မှုစိုက်တဲ့အချိန် အားနည်းချက်ပေါ်လာတယ် အဲ့ဒါကို လုပ်ဖို့ခက်ခဲတယ် နဂါးရဲ့ အရွယ်အစားက စက်ရုပ် ၁၀ကိုယ်စာရှိတယ် နူထရွန်အပ်တေက နဂါးကိုယ်တွင်းထဲထိဖောက်သွားပြီး သူအော်လိုက်တယ် သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲတော့မှာပြိးတော့ထန်စန်းက နဂါးကိုယ်ထဲဝင်သွားတယ် လင်းယုန်မျက်စိသုံးပြီးတော့ အမြုတေကို ရှာတွေ့ခဲ့တယ် အဲ့ဒါကို နဂါးကိုယ်နဲ့ဖြတ်ပစ်လိုက်တယ် နဂါးကပြီး သေသွားတာဘဲ နဂါးကအမြုတေထဲမှာ နဂါးစကားချန်ခဲ့တယ် ငါ့နာမည်က ကျင့်ရှန်းလို့ခေါ်တယ် ငါခုတော့အနားယူခွင့်ရပြီး မင်းတို့သိသင့်တဲ့အရေးကြီးဆုံးအမှန်တရားတခုပြောပြမယ် ဒီသလင်းတောင်ကြီးက မင်းတို့ထွက်ပြီးတာနဲ့ပျောက်ကွယ်သွားလိမ့်မယ် ပြီးတော့ အရင်က မင်းပြောတဲ့ ထန်ဟောက်နဲ့ ပီပီတုန် ကို ငါသလင်းကျောက်ပေးခဲ့တယ် ဘာလို့လဲဆို အဲ့ဒါတေက အတုချည်းဘဲ အစစ်ကို ငါဘယ်သူ့ကိုမှမပေးဖူးဘူး နှုတ်ဆက်ပါတယ် ထန်စန်းတို့ကျောက်တေကို နာရီထဲသိမ်းပြီးတော့ ပြန်ထွက်လာခဲ့ကြတယ် ဟိုကိုရောက်ရင်ရော ဘယ်လိုထပ်ထွင်မှာလဲ အမြုတေပါလက်ဆောင်ရခဲ့တော့ ....
အပိုင်း၇ မျော်
YOU ARE READING
လောဘသားတေကြောင့်ကမ္ဘာကြီးပျက်စီးရခြင်း
Fantasyဒီဇာတ်လမ်းလေးက soul land က ဇာတ်ကောင်လေးတေနဲ့ ဘဲ မှော်ခေတ်ကနေ သိပ္ပံခေတ်ကိုသွားတာပါ ကမ္ဘာကြီးပျက်စီးမယ့်ကပ်ကြီးကျရောက်လာချိန်မှာ ကယ်တင်ဖို့ ဘယ်သူတေရှိနေမှာလဲ ရန်သူတေက စက်ရုပ်တေအပြင် ဂြိုလ်သားတေကပါ ကမ္ဘာကိုကြီးစိုးဖို့ကြိုးပမ်းလာကြတာပါ အဲ့ ပြဿနာတွေက...