The world ruined by greedy ep2
စက်ရုပ်တကောင်ကို သတ်ပြီးတဲ့အချိန်မှာ သူရှောင်ဝူကို ခေါ်သွားဖို့လုပ်တယ် သူ့ဂိုဏ်းဆီကို ဒါပေမယ့် ရှောင်ဝူက ငိုနေတယ် မျက်ရည်ဝဲနေတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီးတော့ နင်ကဘယ်သူလဲတဲ့ ထန်စန်းက လည်း ငါက ဒီတိုင်းငါအပြင်သွားရင်းမင်းကို တွေ့လိုက်တာပါ အန္တရယ် ကြုံနေလို့လာဝင်ကူတာပါ မင်းအမေ အဲ့လိုဖြစ်သွားတာ တကယ် စိတ်မကောင်းပါဘူး ပြီးတော့ ငါဘယ်သူလည်း နင်မကြာခင်သိရမှာပါ ဒါပေမယ့် မင်းငါ့နောက်လိုက်ခဲ့ရမယ် ရှောင်ဝူက လည်း နင်က ဘယ်သူမှန်းမသိဘဲ ငါက ဘာလို့လိုက်ခဲ့ရမှာလဲ နင်ငါ့ကို ကယ်တဲ့အတွက်ငါကျေးဇူးတင်တယ် ဒါပေမယ့် ဘယ်မှာမှန်းမသိတဲ့နေရာကြီးကို ဘယ်လိုလိုက်ခဲ့ရမှာလဲ ထန်းစန်းက လည်း မင်း မင်းအမေအတွက်လက်စားချေချင်လာ
လို့မေးလိုက်တော့ ရှောင်ဝူရဲ့မျက်လုံးမှာ နာကျည်းမှုအပြည့်ဘဲ ဘာလို့လဲဆိုတော့ သူမအဖေကိုလည်း အဲ့ ပီပီတုန် ရဲ့ စက်ရုပ်တေကဘဲသတ်လိုက်လို့ပါ
ကောင်းပြီးငါနင့်နောက်လိုက်ခဲ့မယ် ဒါပေမယ့် နင်က ဘယ်သူလဲ ဆိုတာပြောပြ ထန်စန်းကလည်း
ငါ့နာမည်က ထန်စန်းပါ ငါနင့်ကိုခေါ်သွားမဲ့နေရာကအသံတိတ်လှုပ်ရှားခြင်းဂိုဏ်းကိုဘဲ အဲ့ဂိုဏ်းကို ငါ့အဖေ ရှောင်ဂန်က ဦးဆောင်တယ် (ထန်စန်းက ငယ်ငယ်တည်းက ရှောင်ဂန်ဆီမှာကြီးပြင်းခဲ့လို့ အဖေလို့သိထားတာပါ)
အဲ့ဒါနဲ့ရှောင်ဝူက ပို စိတ်ဝင်စားလာတယ် ထန်စန်းနောက်လိုက်သွားရင်း ထန်စန်းကလည်း ဂိုဏ်းအကြောင်းရှင်းပြနေတယ် (ဂိုဏ်းမှာ ထန်စန်းအပြင်
မာဟုန်ကျွင့်ဘဲရှိပါသေးတယ်) ဂိုဏ်းက ထုတ်လုပ်တဲ့ ဆင့်ကဲဖောက်ခွဲခြင်းနာရီအကြောင်းပေါ့ အဲ့နာရီက ရန်သူတယောက်ကိုယ်မှာကပ်ပြီးလို့ သတ်မှတ်ချိန်ပြည့်ရင် ဆင့်ကဲပေါက်ကွဲပါတယ် သူ့နာရီလေးက သေးပေမယ့် အချိန်ကို ညွန်ထားတဲ့ပုံ ဆိုတော့ ရန်သူကို မရိပ်မိစေဘူး ဆင့်ကဲပေါက်ကွဲတာကို စမ်းသပ်တာက တော့ ပထမဆုံး ဂြိုလ်သားတကောင်သောင်းကျန်းတာကစတယ် ကမ္ဘာကိုရောက်လာတဲ့ဂြိုလ်သားတကောင်က နယ်မြေတေလိုက်ဖျက်စီးတယ် အကြောင်းမဲ့မဟုတ်ပါဘူး သူ့ခေါင်းဆောင်ခိုင်းထားတာပေါ့ အဲ့ချိန်မှာ ရှောင်ဂန်နဲ့တွေ့တာဘဲ ထန်စန်းကလည်းပါလာပါတယ် မကြာသေးဘူးဒီအဖြစ်အပျက်က အဲ့ဂြိုလ်သားမွေတာ ပီပီတုန်တို့ရဲ့ လက်ရွေးစင် စက်ရုပ်တေအကုန်ပျက်စီးတာ တည့်တော့မဟုတ်ပါဘူး ဖောက်ခွဲပစ်တာပါ ရှောင်ဂန်ကလည်း စမ်းသပ်ဖို့ရှိတာနဲ့ကွက်တိဖြစ်နေတာမို့ ဆင့်ကဲဖောက်ခွဲခြင်းနာရီကို အသုံးပြုလိုက်တဲ့အချိန်မှာ ဂြိုလ်သားက ပီပီတုန်တို့ ဂိုဏ်းထဲဝင်တာဘဲ သူက အချိန်သတ်မှတ်ထားတယ် ဂြိုလ်သားဝင်တာနဲ့ကွက်တိဖြစ်တော့ ဂြိုလ်သားအပြင် စက်ရုပ် ၇ကောင်လောက် ပျက်စီးသွားတယ် အဲ့လောက်ထိ ထွင်နိုင်တာပါ ရှောင်ဂန်က (sl မှာ ဆရာကြီးဘဲ ညာဏ်ရည် တအားမြင့်တယ်)
အဲ့ဟာတေကိုရှောင်ဝူသိပြီး ဂိုဏ်းလည်းရောက်တာဘဲ ရှောင်ဂန်က စိတ်ပူနေတဲ့ မျက်နှာနဲ့ ဘာဖြစ်လာတာလဲမေးတယ် ထန်စန်းကလည်း အဖေ သားအပြင်ခိုးထွက်သွားတာမှန်သွားတယ် မိန်းကလေးတယောက်အသက်ကို ကယ်နိုင်ခဲ့တယ် ရှောင်ဂန်က မင်းဘာဖြစ်သွားသေးလဲ ထန်စန်းက ဘာမှ မဖြစ်ပါဘူး ရှောင်ဂန်က ဒီမိန်းကလေးက
ဟုတ်တယ် သားသူ့ကို ကယ်ခဲ့တာပါ ရှောင်ဝူက လည်း ဟုပါတယ် သမီးကို ကယ်ခဲ့တာပါ အဲ့အတွက်ကျေးဇူးတင်ပါတယ် ထန်စန်းဆိုပြီးပြောတော့ ထန်စန်းက လူတေကယ်ရမှာငါ့အလုပ်ဘဲရှောင်ဝူကလည်း ဦးလေး သမီးနာမည်က ရှောင်ဝူပါ သမီးက သွက်လက်ပြီး စိတ်လည်းမြန်လို့ သမီးအမေက ဒီနာမည်လေးပေးခဲ့တာပါ ဒါပေမယ့် ခု အဖေရော အမေရော သမီးအနားမှာမရှိတော့ဘူး သမီးကို ဂိုဏ်းထဲဝင်ခွင့်ပြုပါ သမီး ကို ဦးလေးစိတ်မပျက်စေရပါဘူး ရှောင်ဂန်ကလည်း ကောင်းပါပြီး ကောင်းပါပြီး မင်းတို့လေးတေ တိုးတက်ချင်စိတ်ရှိကြတာငါ ဂုဏ်ယူမိတယ် တနေ့မင်းတို့ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်လို့ငါအပြည့်အဝယုံကြည်တယ်
ဒါပေမယ့် ငါ့အနေနဲ့ ဒါတေမလုံလောက်သေးဘူး ငါဂိုဏ်း ကို ဆက်လက်တည်မြဲစေဖို့ မင်းတို့ ၃ယောက်နဲ့ မလုံလောက်ဘူး ငါမင်းတို့လို ကလေးတေ ထပ်ရှာရမယ် ခုချိန်ကမ္ဘာအပြင်မှာ ဂြိုလ်ကောင်တေက မွေနေတာ အဲ့တာအပြင် ဝိညာဥ်ဖျက်စီးရေးဂိုဏ်းကလည်းတော်တော်ကြောက်ဖို့ကောင်းလာတယ် ကျန်တဲ့ဂိုဏ်းတေကလည်း စိတ်ဝမ်းကွဲလာကြတယ် ဘာတေထပ်ရင်ဆိုင်ရမလဲငါမပြောနိုင်ဘူး ဒါပေမယ့် မင်းတို့လေးတေအရွယ်ရောက်လာရင် ငါ တနေ့ စိတ်အေးရပြီး အဲ့ဒါကြောင့်ငါ နောက်ထပ် ၅ယောက်လောက်လိုအပ်တယ် တခြားဂိုဏ်းတေလို မလိုအပ်ဘူး ငါ့ဂိုဏ်းမှာ ၈ယောက်ဘဲ လိုတယ်ပြီးတော့ ဒီ၈ယောက်က ကမ္ဘာကြီးကို အလင်းတေယူဆောင်လာပေမယ့် ကြယ်ပြာလေး၈စင်းဖြစ်လာလိမ့်မယ် အဲ့ဒါပြောပြီးရှောင်ဂန်းက မင်းတို့အနားယူတော့ နောက် နေ့ကျရင် ငါတို့တူတူ သူငယ်ချင်းအသစ်တေသွားရှာကြတာပေါ့ ၃ယောက်လုံးက ဟုတ်ကဲ့ပါဆိုပြီး အထဲဝင်သွားကြတယ် သိတဲ့အတိုင်းမာဟုန်ကျွင့်ဆိုတာ အချစ်စစ်မတွေ့သ၍ စိတ်က ၆နှစ်ဘဲ ရှိသေးတာ ရှောင်ဝူဘေးမှာ ကန့်လန်ကန့်လန့်လုပ်နေတယ် ဟဲဟဲ ငါက မာဟုန်ကျွင့်ပါ ဒီမှာ ဆို ငါက စနိုက်ပါဘက်ကိုသွားတာပါ အဓိက ကတော့ လက်ကို လေ့ကျင့်နေပါတယ်
ရှောင်ဝူကလည်း ကျမကတော့ အမြန်နှုန်းကို အဓိကျင့်မယ် ဆိုပြီးတော့ ပြောရင်းအိပ်ပျော်သွားကြတယ် ထန်းစန်းဆို တာ ၆နှစ်ဆိုပေမယ့် သူ့လေ့လာတာတေက တဖက်ကမ်းလွန်နေပြီး သူထွင်ဖို့စဥ်းစားထားတာ ပလပ်စမာအမြှောက်ပါ သူကကျစ်လစ်တဲ့သံကို လေခွင်းနိုင်အောင် သေချာပုံသွင်းပြီး နောက်ကနေပေါက်ကွဲအားတခုနဲ့တွန်းလွှတ်လိုက်တာပါ အဲ့အမြှောက်ကတချက်တည်းနဲ့ ၁၇လက်မထူတဲ့သံထည် ထုထည် ၃ခုအထိ ဆက်တိုက်ဖောက်နိုင်တယ်အဲ့အမြှောက်လုပ်ဖို့အတွက် သံမဏိကျည်ဆံ လိုတယ် သံမဏိကျည်ဆံကို လေထဲသွားနိုင်အောင် အသွားအထစ်ထစ်တေနဲ့သေချာပုံသွင်းရတာ
သာမန်ပန်ပဲထုတဲ့ပညာလောက်နဲ့ပုံသွင်းမရဘူး ထန်စန်းဘာကြောင့်သွင်းနိုင်လဲဆိုတာ သိပြီးသားဖြစ်မှာပါ သူပါရမီက ထူးကဲပြောင်မြောက်တဲ့အပြင် တချက်ထိုးလက်သီး ထန်ဟောက်ရဲ့သား ဖြစ်တဲ့အပြင်
သန့်စင်တဲ့စိတ်ထားနဲ့ လူဆိုးတယောက်ဖြစ်နေတာတောင် လူကောင်းတေကို တယောက်မှမသတ်ခဲ့နဲ့ အားရင်လေးက မွေးထားခဲ့လို့ပါ အားရင်က အဲ့လိုလုပ်လို့အမြဲအပြစ်ပေးခံထိတယ် သူမညာဏ်ရည်တေကြောင့်ပီပီတုန်က ဆက်ထားထားခဲ့တာ
ခုထန်စန်းက အဲ့ဒါထွင်ဖို့လုပ်နေတာ ရှောင်ဂန်သိပေမယ့် သူမသိသလိုဘဲနေတယ် ထန်စန်းက ထူးခြားတဲ့လူတယောက်မှန်းသူသိတယ် သူရဲ့ အလုပ်တခုကိုလုပ်ရင် အောင်မြင်တဲ့အထိလုပ်တာကို ရှောင်ဂန်သဘောကျတယ် ရှောင်ဂန်လည်းသူ ရှာမယ့်ကလေးတေအကြောင်းစဥ်းစားနေတာပေါ့
ဒါနဲ့နောက်နေ့ရောက်ခဲ့တယ် အပ်ပိုလိုင်းလို့အမည်ရတဲ့မြို့ကြီးရှိပါတယ် အဲ့မှာ ရှိတဲ့ဂိုဏ်းကြီးကတော့ ပေါက်ကွဲပစ္စည်းထွင်တဲ့နေရာမှာအတော်ဆုံးပါ တနည်းအားဖြင့် (လက်နက်ပုန်းဂိုဏ်း ပေါ့ sl ကကြည့်မယ်ဆို ) ဂိုဏ်းနာမည် ကတော့ လင်းယုန်ဖောက်ခွဲရေးဂိုဏ်းပါ အဲ့တာက ရုန်ရုန်တို့ဂိုဏ်းပါ ရုန်ရုန်ထွင်ထားပေးတဲ့ ဖောက်ခွဲရေးပစ္စည်း ၃ခု ရှိပါတယ် နာမည်တေက နောကမှ အသေးစိတ်ရေးပေးပါ့မယ်
လင်းယုန်ဖောက်ခွဲရေးလို့အမည်ရတဲ့အကြောင်းရင်းက အဲ့လူတေက သွက်လက်တယ် ဂိုဏ်းသားအယောက်၁၀၀ နဲ့ တရက်ကို ဖောက်ခွဲပစ္စည်း၅၀၀ထိထုတ်နိုင်ပါတယ် ပြောရမယ်ဆို ဖောက်ခွဲတာတေက တအားပြင်းတယ် ပြောမယ် ဆို အငွေ့မထွက်ဘူးဗျ ထွင်တာတေမိုက်တယ် ပြောရမယ် ဆို လင်းယုန်ဖောက်ခွဲရေးဂိုဏ်းက ငွေကြေးအများဆုံး ဂိုဏ်းတေအားလုံးလေးစားခံရတယ်ဗျ သူတို့ ရဲ့ တီထွင်မှု ကို လူတိုင်းကြိုက်တယ် အဖွဲ့သားတေကို ဦးဆောင်နေတဲ့ခေါင်းဆောင်၂ယောက် ချန်းရှင်း (ဓားဖိုးဖိုး) နဲ့
ဂုရုံ (အရိုးဖိုးဖိုး) ဒီခေါင်းဆောင်တေက တအားသွက်လက်တယ် ပြောရမယ်ဆို ဗုံးဆင်တာတေထက် သေနတ်ပစ်တာတေပေါ့ စနိုက်ပါမှာ ဆရာ တဆူဖြစ်တဲ့ ဂုရုံ ပြီးတော့ ရန်သူတေကို တချက်တည်းနဲရှင်းနိုင်အောင် ချန်ရှင်းက shotgun ထွင်ထားတယ် ၅ပေအကွာထိ damage သက်ရောက်ပြီးတော့ ၁၉လက်မသံထည်တေကို တချက်တည်းနဲ့ သက်ရောက်ပါတယ် ၅ပေအတွင်းအကွာဝေး နဲ့နည်းနည်းဆိုင်တယ် ၁ပေဝေးရင် ၁လက်မလျော့တယ် ထိခိုက်နှုန်းက ဒါပါဘဲ အငွေ့ပျောက်ဗုံးက ရုန်ရုန်လေးထွင်ထားပေးတာပါ သူအဖေ နင်ဖန်ကျိကတော့ ထပ်ပြီးတော့ ဦးဆောင်နေဆဲဂိုဏ်းချုပ်ကောင်းတယောက်ပေါ့ သူ့မှာစိတ်အေးရတယ် ဂိုဏ်းကို ခေါင်းဆောင်၂ယောက်ကဦးဆောင်ပေးနေတာ အဲ့မှာရှောင်ဂန်ရောက်လာတာပါ သူမ ကို
သူ့ဂိုဏ်ထဲပေးဝင်ဖို့တောင်းဆိုတယ် သူအဖေ နဲ့ အဖိုး တေက ရှောင်ဂန်တော်ကြောင်းသိတယ် ပိုတိုးတက်လာမှာသိတဲ့အတွက်ရှောင်ဂန်နဲ့လိုက်စေခဲ့တယ် ဘေးမှာက လည်း ကလေး၃ယောက်ပါလာတာပေါ့ ရှောင်ဝူ ထန်စန်း မာဟုန်ကျွင့် သူတို့တေ ခဏလေးရင်းနှီးသွားကြတယ် သိတဲ့အတိုင်း
မာဟုန်ကျွင့် ကတော့ မိန်းကလေးတွေ့ရင် လေ
ရုန်ရုန်ကိုဖြစ်နေတာ သူတို့တေအချင်းချင်းသိပြီး ရှောင်ဂန်က အပ်ပိုလိုက်းမြို့ကထွက်ခွာလာခဲ့တယ်
ကျန်တဲ့ ၄ယောက်ကို ဘယ်လိုရှာမလဲ?
အပိုင်း၃ မျော် ရှည်ရှည်ရေးထားပေးတယ်နော်
အောက်မှာ ထန်စန်းထွင်တဲ့ ဒီလက်နက်အကြောင်းပြောပြပေးတဲ့ ဘရို
Myint Myat Ko Ko ကျေးဇူးပါ😘😘
YOU ARE READING
လောဘသားတေကြောင့်ကမ္ဘာကြီးပျက်စီးရခြင်း
Fantasyဒီဇာတ်လမ်းလေးက soul land က ဇာတ်ကောင်လေးတေနဲ့ ဘဲ မှော်ခေတ်ကနေ သိပ္ပံခေတ်ကိုသွားတာပါ ကမ္ဘာကြီးပျက်စီးမယ့်ကပ်ကြီးကျရောက်လာချိန်မှာ ကယ်တင်ဖို့ ဘယ်သူတေရှိနေမှာလဲ ရန်သူတေက စက်ရုပ်တေအပြင် ဂြိုလ်သားတေကပါ ကမ္ဘာကိုကြီးစိုးဖို့ကြိုးပမ်းလာကြတာပါ အဲ့ ပြဿနာတွေက...