လောဘသားတွေကြောင့်ကမ္ဘာကြီးပျက်စီးရခြင်းအပိုင်း၅

0 0 0
                                    

The world ruined by greedy ep5

ထန်စန်းက ရှောင်ဝူ ညီမလေး ရဲ့တာဝန်ကို လုပ်ပြီးပြီးလာ ရှောင်ဝူက ဟုတ် အကိုခိုင်းထားတဲ့အတိုင်းသေချာလုပ်ပေးထားပါတယ် ထန်စန်းက ကောင်းပြီး ခု အကို့တို့ဂရုစိုက်ရမယ် ကျားနက်ဂိုဏ်းက အဓိက ပစ်မှတ်ဖြစ်နေတယ် အကို တို့ ခဏနေ တာဖီရာမြို့ကိုသွားရအောင် တိုက်မုပိုင် (ခေါင်းဆောင်) အပြင် ကျူရှင်းကို ခေါ်သွားမယ် ရှန်းရှန်းရောဘဲ ရှောင်ဝူက ဟုတ် ညီမ သွားပြောပေးမယ် (၁၂နှစ်အတွင်းဘာဖြစ်ကုန်လဲ မသိဘူး အကိုညီမ ဖြစ်ကုန်ပြီဟေ့😁 ) ထန်စန်းက ကောင်းပြီးလေ အကို အဖေ့ နဲ့ တိုင်ပင်လိုက်မယ် ထန်စန်း သူ့မွေးစားအဖေ ရှောင်ဂန် ဆီသို့လာခဲ့တယ် ရှောင်ဂန်က သိနေတယ် ခု ကမ္ဘာမြေပြင်ကို ရောက်လာမယ့် ဂြိုလ်သား ၁၅ကောင်ကို ဦးဆောင်လာ တဲ့သူက ထန်စန်း အဖေရင်း ထန်ဟောက်ဖြစ်နေလို့ဘဲ (ဒါပေမယ့် မမှတ်မိနိုင်ဘူး ထန်ဟောက်က ဂြိုလ်သားပုံစံ အစစ်ကိုပြောင်းသွားလို့ဘဲ) ရှောင်ဂန်က အဲ့ချိန် မှာ သူဘာမှ မလုပ်နိုင်ခဲ့ဘူး ထန်ဟောက်က ဂြိုလ်သားတေကိုရှင်းနေပေမယ့် သူက နောက်ကနေဘဲ ခိုးကြည့်ခဲ့ရတာ သူ က တိုက်ခိုက်ရေးမှာ မကျွမ်း ဘူး အဲ့ဒါကြောင့် သူဝင်သွားရင် ထန်စန်းက ခုချိန်မှာ လူဖြစ်မှာ မဟုတ်တော့ဘူး ဘယ်သူမှ မလာတဲ့နေရာမှာ ငိုနေတဲ့ ကလေးကို ဘယ်သူမှ တွေ့မှာ မဟုတ်လို့ဘဲ နောက်ဂြိုလ်သား တေသာ ထန်စန်းကို ယူသွားခဲ့ရင် ဒီလို မျိုး ဖြစ်နေမှာ မဟုတ် ဘူး ကမ္ဘာကြီး ကို ဂြိုလ်သားတေအုပ်စိုးပြီးလောက်ပြီး ထန်စန်းက ပါရမီပါတော့ ဂြိုလ်သားဖြစ်ခဲ့ရင် ကမ္ဘာပျက်မှာသေချာတယ် ခုတော့ ရှောင်ဂန်က ထန်စန်း အဖေ မင်းကို ပြောစရာရှိတယ် ထန်စန်းက ဟုတ်ပြောပါအဖေ သား ကူညီပေးရမှာတေ ရှိလို့လာ သားကူညီနိုင်တဲ့ဟာဆိုပြောပါ မဟုတ်ဘူး အဖေမင်းကို ကူညီခိုင်းဖို့မဟုတ်ဘူး အဖေ က အမှန်တရားတခုကိုပြောပြမလို့ပါ လွန်ခဲ့တဲ့ ၁၈နှစ်က နှလုံး အတု (စက်ရုပ်နှလုံး) နဲ့ လူစိတ်ပျောက်ပြီးတော့ ဝိညာဥ်ဖျက်စီးရေးဂိုဏ်းခေါင်းဆောင်ပီပီတုန်ရဲ့ လက်အောက်မှာ ရုပ်သေးရုပ်လေးဖြစ်ခဲ့ရတဲ့ စက်ရုပ်နှလုံးသားနဲ့ မိန်းကလေးတယောက်ရှိတယ် သူမနာမည်က အားရင်လို့ခေါ်တယ် သူမက အသိစိတ်ပျောက်နေပေမယ့် လူကောင်းတေကို တယောက်မှ မသတ်ခဲ့ဘူး သူမ ပီပီတုန်ကို တောင်းဆိုခဲ့တယ် သူမကို သတ်ရင်သတ် မသတ်ရင် စနစ်ကို ထိန်းချုပ်ခွင့်ပြုပါ ဘာလို့လဲ ပီပီတုန်က သိနေတယ် သူမက လူ ကောင်းတေကို မသတ်လို့ဘဲ အဲ့ဒါကြောင့် ပီပီတုန်က စနစ်ကို ထိန်းချုပ်စေခဲ့တယ် အားရင်ကတော့အမိန့်နာခံခဲ့ပါတယ် တနေ့မှာ ပီပီတုန်က ပြောခဲ့တယ် နင်ငါ့ကို သစ္စာဖောက်တယ် ငါနင့်ကို သေလုနီးပါးဖြစ်ထားတာတောင် ငါ့ မှာလိုမျိုး စက်ရုပ်နှလုံးနဲ့ အသက်ဆက်ပေးခဲ့တာ နင်က ယောက်ကျားတယောက်အတွက်နဲ့ မောင်နှမလို တန်ဖိုးထားတာကို ဖျက်စီးပစ်တယ် ​ပီပီတုန်တို့ဂိုဏ်းက ကမ္ဘာမြေက အင်အားအကြီးဆုံးဖြစ်တဲ့ fox empire ဂိုဏ်းကို ထိုးစစ်ဆင်ခဲ့တာ အဲ့ချိန်မှာ စက်ရုပ်ထိန်းချုပ်သူအဖြစ်နဲ့ အားရင်လေးက နောက်ကပါလာခဲ့တယ် ထန်ဟောက်က အဲ့ မှာ ခေါင်းဆောင်တဦးပေါ့ သူ့အကိုက သူ့ကို ဂိုဏ်းချုပ်ပေးလုပ်ပေမယ့် သူလက်မခံဘူး အဲ့ဒါကြောင့် ဂိုဏ်သားတေကို ဦးဆောင်တဲ့ ခေါင်းဆောင်တယောက်အနေနဲ့ဘဲ တာဝန်ယူတယ် ချန်ရှင်းနဲ့ ဂုရုံနဲ့ ရထားတဲ့ရာထူးလိုပေါ့ အဲ့ချိန်မှာ ပီပီတုန်က ထန်ရှောင်နဲ့ထိပ်တိုက်တွေ့ပြီးတော့ထန်ဟောက်ကတော့ နောက်က စနစ်ကိုထိန်းချုပ်နေတဲ့အားရင်လေးကို တွေ့သွားခဲ့တယ် မြင်မြင်ချင်းအချစ်ပေါ့ ဒါကဒုတိယအကြိမ်တွေ့ကြတာပါ (ရှောင်ဂန်က ပြောတာမဟုတ်ဘူး ဒါက ဇာတ်လမ်းလိုလာခဲ့ရင်လည်း ဒီလိုဘဲ နောက်ကြောင်းပြန်မှာပါ လာဖို့တော့မရှိဘူးပေါ့😅 )ထန်ဟောက်က လက်ရွေးစင်စက်ရုပ်တကောင်ကို တချက်တည်းနဲ့ သံထည်ကြွေတဲ့အထိထိုးလိုက်တာ ပီပီတုန်ကိုအဲ့သြစေခဲ့တယ် အားရင်လေးကို သူစပြီး စိတ်ဝင်စားနေပြီး မျက်လုံးက အားရင်အပေါ်မှာ ဘဲရှိတယ် ပီပီတုန်က အဲ့ချိန်မှာ အဲ့လောက်မသန်မာသေးဘူး ပြောရမယ် ဆို သူမက ကျတော့ လူနှလုံးနဲ့ စက်ရုပ်တကောင်ပါ နောက်ပိုင်းကျရင် ကိုယ့်နှလုံးကိုဖောက်ထုတ်ပြီး စက်ရုပ်နှလုံးအစားထိုးမှာပါ အဲ့ချိန် ယန်း နဲ့ ဟူလီနာမပါသေးဘူးနော် သူတို့က ထန်စန်းတို့နဲ့ရွယ်တူဘဲရှိတာ ခုက ထန်စန်းတို့တောင်မမွေးသေးဘူး😁 ထန်ရှောင်နဲ့ ပီပီတိုက်ရိုက်တိုက်နေကြတယ် ထန်ဟောက်က စက်ရုပ်တေ သူ့ကို သေနတ်နဲ့ပစ်တာ ခန္ဓာကိုယ်ကို ပေါက်ကုန်တယ် ဒါပေမယ့်သူ့မျက်နှာမှာ နာကျင်တဲ့ပုံမပေါက်ဘူး သူက ဒေါသထွက်လာရင် သူ့ပုံစံက ပိုကြောက်ဖို့ကောင်းလာတယ် သူဒေါသထွက်လာရင် သူ့နာမည်ကို သွေးဆာနေသော မြေခွေးလို့ခေါ်ကြတယ် (တခုပြောစရာရှိပါတယ် ဒီဟာက တကမ္ဘာကိုအခြေခံ တာကြောင့် သူတို့တေက english language နဲ့လည်းပြောပါတယ် )အထူးသဖြင့်
ဂြိုလ်သားတေနဲ့ဆိုပေါ့ ထန်ဟောက်က အားရင်ကို ခေါ်ပြီးပြေးသွားခဲ့တယ် ဟို အရင်က သူစတွေ့ပြီးသဘောကျခဲ့လို့ဘဲ အဲ့မှာ ထွက်ပြေးပြီးတလကြာခဲ့တာ အားရင်က လူစိတ်လုံးလုံးပျောက်နေတာမို့လို့ထန်ဟောက်ကို သတ်ဖို့ကြိုးစားတယ် ဒါပေမယ့် မရဘူး ထန်ဟောက်ရဲ့ခန္ဓာကိုယ်ကိုဖောက်လို့မရဘူး သူ့ရဲ့ အထူးဓားတေနဲ့ သေနတ်တေက ထန်ဟောက်ကို ဖောက်နိုင်ပေမယ့်မသေစေတာ ထန်ဟောက်က မင်းပင်ပန်းတယ် ငါ့ကို သတ်မနေနဲ့ မင်းမောရုံဘဲရှိတယ် အားရင်က နင်ဘယ်သူလဲ ဘာကြောင့်ငါ့ကို ဒီခေါ်လာတာလဲ ထန်ဟောက်က ငါ.....မင်းကိုချစ်တယ် ( ထန်စန်းရဲ့ ပါးပါးက😗😗 )အားရင်က ရှောင်ဖယ်တယ် သူမလည်း ချစ်ပါတယ် ပထမ သူတို့တွေ့ခဲ့ကြတဲ့အချိန်ကနေပြီးတော့ အဲ့တည်းက အားရင်ကလူသားပါ အဲ့နောက်ကနေစပြီးတော့ ပီပီတုန်ရဲ့လုပ်ကြံမှုတေကြောင့်ဘဲ စက်ရုပ်နှလုံးနဲ့လူသားစိတ်ပျောက်စေခဲ့တာ ပြီးတော့ သူကဘဲ စက်ရုပ်နှလုံးထည့်ပြီး အားရင်အပေါ်သူ့ကျေးဇူးရှိသလိုလိုနဲ့လုပ်ခဲ့တာ အားရင်နောက်ကို ထန်ဟောက်က လိုက်တယ် သူက အားရင်က လူသားနှလုံးမဟုတ်တာဘဲ နှလုံးတုဆိုတာမသိဘူးအားရင်ကို သူချစ်တယ်  ၂ပတ်လောက်ကြာပြီးတော့ချစ်ခြင်းတေပေါ်လာတာပေါ့ ၂ယောက်ကြားမှာ အားရင်က ကိုယ့်ကို ကို ထိန်းချုပ်နိုင်ပြီး ချစ်မိသွားကြတယ် အဲ့ဒါနဲ့ ကလေးလေးက မွေးတော့မယ် ၁လကြာတော့မွေးပြီးတာဘဲ လသားလေးပေါ့ အဲ့ဒါတေပါဘဲ ထန်စန်းက ဒါဆို..... ရှောင်ဂန်က ဟုတ်တယ် ငါက မင်းကို မွေးစားခဲ့တာပါ မင်းရဲ့ အဖေရင်းက fox empire က ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး ခုချိန်မှာ လူစိတ် လုံးလုံးပျောက်နေတဲ့ ရက်စက်ပြီးကြင်နာစိတ်မဲ့တဲ့ ဂြိုလ်သားတေကို ဦးဆောင်လာမယ့်ခေါင်းဆောင်တယောက်ဘဲ မင်းကိုမွေးပြီးခဏအကြာမှာ ထန်ဟောက်က ရန်သူနောက်လိုက်သွားပြီး နာကျင်မှုဒဏ်တေမခံနိုင်တော့ တဲ့ သားရဲ့ အမေရင်း အားရင်လေးကလဲသေဆုံးသွားတယ် အဖေက ဘဲ ခေါ်လာပေးတာပါ အဲ့ချိန်မှာ အဖေဘာမှ မလုပ်ပေးနိုင်တာ တောင်းပန်ပါတယ် သားအဖေ့ကို စိတ်ဆိုးလား ထန်စန်းက ဒါဆို သားမှာ အဖေ၂ယောက်ရှိတာဘဲ အဖေ... အဖေက သားကို ဒီအရွယ်ထိကျွေးမွေးစောင့်ရှောက်လာတဲ့ အဖေတယောက်ပါ သားအတွက် ဆရာတဆူလည်းဟုတ်တယ် သားသမီးတေက မိဘကို အပြစ်တင်ပိုင်ခွင့်မရှိပါဘူး စိတ်ဆိုးခွင့်မရှိပါဘူး အဖေလုပ်ခဲ့တာတေ သားကောင်းဖို့အတွက်ချည်းဆိုတာသိပါတယ် ( soul land မှာလည်း ထန်ဟောက်နဲ့ပြန်တွေ့တဲ့အချိန်သူ ဒီစကားပြောခဲ့ပါတယ် အဖေ့ကို စိတ်မဆိုးဘူး သားသမီးတေက မိဘကိုအပြစ်တင်ပိုင်ခွင့်မရှိဘူး ခုက သူရှောင်ဂန် ကိုပြောနေတာပါ) သူ့မွေးစားအဖေပေါ့ အဖေ က သားကိုမွေးစားထားတာ ဆိုရင်တောင် သားအဖေပါဘဲ အဲ့ချိန်မှာ အဖေရှိမနေဘဲဝင်ကယ်ခဲ့ရင် သားခုချိန်လူဖြစ်လာမှာမဟုတ်ဘူး ကမ္ဘာကြီးကို ကယ်တင်ခွင့်ရမှာမဟုတ်ဘူး သားအပေါ်မှာ အဖေ့ကျေးဇူးတေအများကြီးရှိတယ် ခုအဖေကို သားပြောစရာရှိလို့ပါ သားအဖေ ထန်ဟောက်ဦးဆောင်လာမယ့် ဂြိုလ်သား၁၅ကောင်က ကျားနက်ဂိုဏ်းကို ပစ်မှတ်ထားနေတယ် သားတို့ သွားဖို့လိုတယ် ရုန်ရုန် အော်စကာနဲ့
မာဟုန်ကျွင့် ကို ချန်ခဲ့မှာပါ ရုန်ရုန် က သူထွင်ထားတဲ့ စက်ရုပ်နဲ့ကူမယ်တဲ့ ရှောင်ဂန်ကကောင်းပြီး ဂရုစိုက်ကြပါ မင်းတို့လေးတေအရွယ်ရောက်လာကြပြီး တယောက်လိုရင် တယောက်ရှိနေကြပါ ဟုတ်ကဲ့ အဖေ ဘေးမှာ ရှောင်ဝူရောက်လာ တယ် ဦးလေး သမီးတို့ သွားဖို့ အသင့်ဖြစ်ပြီး
ကောင်းပါပြီး ဂရုစိုက်သွားကြပါ ဟုတ်... ထန်စန်းနဲ့ရှောင်ဝူထွက်လာတယ် ဘေးမှာ မုပိုင်က ထန်စန်းငါအဆင်သင့်ဘဲ ကျန်တဲ့ သးတေကလည်း ကျတော် (မ) တို့အသင့်ဖြစ်ပြီး ထန်စန်းက ကောင်းပါပြီး ရုန်ရုန်အစီစဥ်တိုင်းလုပ်ပါ ဟုတ် အကိုစန်း 😁 ချိုသာနေချက် ရုန်ရုန်က မောင်းသူမဲ့ကားကို ထွင်ထားပါတယ် ကွန်ပြူတာနဲ့ ထိန်းချုပ်ရသလို စိတ်နဲ့လည်းရပါတယ် ပြောရမယ် ဆို ကွန်ပြူတာနဲ့ ထိန်းချုပ်တာ က ဂိမ်းကစားနေရသလိုဘဲ အပေါ်ကနေပြီး တော့ ဒရုန်းတခုပါမယ် ကိုယ်ရောင်ဖျောက် ဒရုန်းပါ ရန်သူတိုက်ခိုက်ရင် မထိနိုင်ပါဘူး သူ့ကိုကျော်သွားမှာပါ အဲ့ဒါက ရုန်ရုန်ရဲ့ကားပေါ်က နေ အပေါ်ဖက် ကင်မရာလိုတွေ့မြင်ရမှာပါ ကားကနေ motorbike လေယာဥ် မကလို့ track ကားထိပြောင်းလဲလို့ရပါတယ် နာနိုနည်းပညာနဲ့ ထုတ်လုပ်ထားတာမို့ပါ ပုံစံအလိုက် စက်ရုပ်ပုံစံကွဲ သွားပါတယ် ခုလောလော ဆယ် ကတော့ ကားနဲ့သွားတာပါ ကားက ဝယ်တာ မဟုတ်ပါဘူး သူတို့လေးတေကိုယ်တိုင်ထွင်တာပါ ပြောရမယ် ဆို ထန်စန်းနဲ့ ရုန်ရုန် အော်စကာပေါ့ ၈စီးထွင်ထားတာပါ တစီးကို ရှောင်ဝူနဲ့ စန်းစန်းစီးသွားတယ် အတွဲတေနော်🤧 မုပိုင်နဲ့ ကျူရှင်း တစီး
ရှန်းရှန်းတစီး ရုန်ရုန်က တစီးပါ ကားတေအားလုံးကို ထိန်းချုပ်ရသလို မောင်းသူမဲ့သွားရပါတယ်
ရုန်ရုန်က တော့ မောင်သူမဲ့ပေါ့ သူမက တိုက်ခိုက်ရေးမှာ မကျွမ်းတော့ထိပ်တိုက် တိုးဖို့မဖြစ်နိုင်ဘူး လေ မာဟုန်ကျွင့်က လည်း ကူညီဖို့ကျန်ခဲ့တာပါ ချိတ်ဆက်ထားတဲ့ နားကြပ်က သေးသေးလေးဘဲ ရှိပါတယ် နားထဲ ထည့်ရုံပါဘဲ သူဖာသာ နေရာယူချိတ်ပါတယ် ကိုယ်စီလင်းယုန်မျက်စိနဲ့ပါ ထုတ်ထားစရာမလို တဲ့အတွက် လိုအပ်ရင် အလုပ်လုပ်တယ် မလိုအပ်ရင် မျက်ခွံတခုလိုဘဲ ပျောက်သွားတယ် ကားက ဘာကားတေလဲ?🤔
lamborghini တေပေါ့ မိုက်တယ်မလား😝 သူတို့စထွက်ပါပြီး ၄နာရီနဲ့ ကျားနက်ဂိုဏ်းကိုရောက်ပါတယ် ဂြိုလ်သားတေက ရောက်နှင့်နေပြီး ကြောက်စရာကြီး ခေါင်းဆောင် ( ထန်ဟောက်) တကိုယ်လုံးကို ဂြိုလ်သားများစားသွားသလား ထင်ရတယ် သူ့ကို ရှောင်ဂန်က ဘဲ ဂြိုလ်သားဖြစ်တာသိလို့ ကျန်တဲ့ ကျားနက်ဂိုဏ်းက ကြောက်မနေပါဘူး ကျားနက်ဂိုဏ်းကစီစဥ်ဆွဲထားပြီးသား သူ့တို့ စခန်းကနေပြီးတော့ လေဆာသေနတ်တေအပြင် ဒုံးတေအများကြီးထွက်လာပါတယ် ပြီးတော့ သေနတ်တေကိုင်ထားတဲ့ဂိုဏ်းသားတေပေါ့ ဂြိုလ်သားခေါင်းဆောင်က လူ၂ကိုယ်စာရှိတယ် ထပ်တိုးဖွဲ့စည်းမှုနဲ့အတူပို ပြီး သန်မာလာတယ် ထန်ဟောက်က အဲ့မှာ ဂြိုလ်သားတအုပ်နဲ့ စစ်စဖြစ်တာပါဘဲ ထန်စန်းက ပြေးလာတယ် ပြေးတာကို တွေ့တဲ့ရန်သူ၃ကောင် ( ဂြိုလ်သားပါ အတိုလို့ရေးတာပါ)  သူ့ကို လျှပ်စီးပေါင်းစပ် စွမ်းအင်နဲ့ပစ်တာပါ အဲ့တာ နဲ့ လေဆာကိုတောင်အံတုရပါတယ် ထန်ဟောက်ဦးဆောင်လာတာမို့ အဆင်ပြေမနေဘူး ဂြိုလ်သားတကောင်ရဲ့ ဖျက်စီးအားက ကြောက်ဖို့ကောင်းတာပါနော် အဲ့ကနေ ပြီးတော့ ဖောက်ခွဲတာပါဘဲ ဒါက ဇာတ်လမ်းအစလို့ပြောလို့ရပါတယ် တခြားဂိုဏ်းတေက ခေတ်နောက်ကျနေသလိုပါ ကျားနက်ဂိုဏ်းက ခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့တာပေါ့ အဲ့ဒါသူ့အဖေ ထန်ဟောက်မှန်းသိနေတဲ့ထန်စန်းက ကျားနက်ဂိုဏ်းချုပ် တိုက်ချင်းလုံ ကို ကာကွယ်ဖို့ နူထရွန်အပ်ကို သုံးတာပါ သူက ကြိုမှန်းထားပြီး သားပါ နူထရွန်အပ်က ကြောက်ဖို့ကောင်းပေမယ့် ထန်ဟောက်ကို အနည်းငယ်သာထိခိုက်စေမှာပါ အချိန်ပြည့်ပြီး ပေါက်ကွဲသွားပေမယ့် ထန်ဟောက်ရဲ့ လက်တဖက်ကိုပြတ် ​ ထွက်စေခဲ့တယ် ဒါပေမယ့် လူသားမဟုတ်တော့တဲ့ ထန်ဟောက်က သူ့လက်တေက ခဏအတွင်းပြန်ရှည်လာတာပါဘဲ ပြီးတော့ ရှေ့ပိုပြေးဝင်လာတယ် ထန်စန်းရဲ့ ပလပ်စမာအမြှောက်တေက သာမန်ထက်ပိုကြောက်ဖို့ကောင်းလာတယ် ဒါပေမယ့် သူ့အနေနဲ့ ထန်ဟောက်ကိုယ်ကို မဖောက်နိုင်ခဲ့ပါဘူး ထန်ဟောက်က ဒေါသတေနဲ့ ထန်စန်းစီပြေးလာတယ် အဲ့ ဒါကို သိတဲ့ထန်စန်းက နောက်က ရုန်ရုန် ရဲ့ robot ဆီကိုပြေးသွားတယ် ထန်ဟောက်က လိုက်လာတယ် ထန်ဟောက်လက်က သာမာန်ထက် ပို မာလာတဲ့ပုံစံပြောင်းသွားတယ် အဲ့ဒါက သူ့ဒေါသ ပိုထွက်လာရတဲ့အကြောင်းရင်းဘဲ အဲ့မှာ ရုန်ရုန်ရဲ့ robot ကလည်း လက်မှာ သာမာန်နဲ့မတူတဲ့ အဆင့်ဖြစ်သွားပြီး ထန်ဟောက်လက်သီး နဲ့ ထိပ်တိုက်တွေ့တာဘဲ လက်သီးအချင်းချင်း ထိတာ တွန်းကန်လာတဲ့လေထုတေက ရုတ်တရက် အေးစိမ့်လာတယ် ရုန်ရုန်ပြောတယ် ကျမ အရှုံးပေးလိုက်မယ် တဲ့ သူ့ကို တားဖို့ အဆင်မ​ပြေလောက်ဘူး အချက်ပြနေပြီး ထန်စန်းက မင်း မှားတယ် ဆို ပြီး သူ ထန်ဟောက် နောက်ကျောကို ခုန်တက်ပြီး ဆင့်ကဲဖောက်ခွဲခြင်းနာရီ ၅လုံးကပ်ပေးလိုက်တယ်  ရုန်ရုန် သုံးလိုက်တော့ ဟုတ် အကိုစန်း ဆိုပြီး လက်ကနေ လေဆာအဝိုင်းကြီးထွက်လာတာဘဲ ဒါပေမယ့် ထန်စန်း ကအံသြနေတယ် လေဆာက ထန်ဟောက်ကို မထိခိုက်လို့ပါ ထန်စန်းဆို တာ စဥ်းစားတတ်တယ် သူ ပလပ်စမာအမြှောက် ထဲ့ကို နူထရွန်အပ်ထည့်လိုက်တယ် ပြီးတော့ သူ့ရဲ့ တီထွင်မှုက ပိုကောင်းလာတာမို့ သူတချက်ပစ်လိုက်တဲ့အချိန်မှာ ထန်ဟောက်ကိုယ်ကို ဖောက်ထွက်သွားတယ် နူထရွန်လို အက်ဆစ်စိမ်ထားတဲ့သံချွန်ကို အမြှောက်ကျည်မှာ စိုက်ပြီး ပစ်လိုက်လို့ပါ ထန်ဟောက် အနေနဲ့ ဘာ မှ လုပ်မတက်ပေမယ့် ထန်စန်းကိုယ်တိုင် အဲ့အပ်ကို
ဆွဲနှုပ်လိုက်တယ် ထန်ဟောက်က အံ့သြနေတယ် ဒါပေမယ့် ထန်စန်းကို သူရင်းနှီးသလိုခံစားရတယ် သူ့အနေနဲ့ ထန်စန်းကိုကြည့်ပြီး လှည့်ထွက်လာတယ် သူရဲ့ အသိစိတ်ပြန်ကပ်လာသလိုပါဘဲ ထန်စန်းက ထူးဆန်းတယ် သူပြန်လှည့်ထွက်သွားတယ် ဒါပေမယ့် ဂြိုလ်သား၄ကောင်ဘဲ​သေသွားတာ ကျားနက်ဂိုဏ်းကတော့ ပျက်စီးနေပြီး လူ ၂၉ယောက် ဒဏ်ရာရ ၉ယောက်သေ တယ် မုပိုင်က တော့ ခပ်တည်တည်ဘဲ သူကျူရှင်းကိုခေါ်ပြီး ပြန်မယ် လာ ဆိုပြီး ဆွဲခေါ်သွားတယ် အဲ့ချိန်မှာ မုပိုင် အကို ၂ယောက်က တော်သလို တတ်သလိုနဲ့ ဘာမျ မလုပ်နိုင်ခဲ့ကြဘူး ထန်စန်းက ငါတို့ပြန်ကြရအောင် ရှောင်ဝူ တအားနာနေလား အကို ညီမဘာမှ မဖြစ်ဘူး ထန်စန်းက အကို့ကျောပေါ်တက်ပါ ပြန်ခေါ်သွားပေးမယ် ရှောင်ဝူ ခြေထောက်မှာ ကျည်ဆံထိထားတယ် ဂြိုလ်သားသေနတ်က ပြင်းတယ် ကျည်တချက်က နာကျင်လွန်းတယ် သူတို့တေ ထဲမှာ ထန်စန်းတယောက်ဘဲ ဘာမှမဖြစ်တာ သူတို့တေ ပြန်ထွက်လာခဲ့ကြတယ် ရှောင်ဝူကို ကုပေးဖို့သူလောလောဆယ် ဆေးထည့်ပြီး သွေးတိန်အောင် ပတ်တီးစည်းထားပေးတယ် ၄နာရီကြာမှာဆိုပေမယ့် သူ လေယာဥ်ပြောင်းပြီး မြန်နိုင်သလောက်မြန်အောင်မောင်းခဲ့ပါတယ် 😣
အပိုင်း ၆ မျော်

လောဘသားတေကြောင့်ကမ္ဘာကြီးပျက်စီးရခြင်းWhere stories live. Discover now