လောဘသားတွေကြောင့်ကမ္ဘာကြီးပျက်စီးရခြင်းအပိုင်း၃

3 0 0
                                    


The world ruined by greedy ep3
အပ်ပိုလိုင်းမြို့ကထွက်ခွာလာပြီးတဲ့နောက်မှာ အသံတိတ်လှုပ်ရှားခြင်းဂိုဏ်းကိုပြန်ရောက်လာကြတယ် စရောက်လာတော့ ရုန်ရုန် က ဝမ်းနည်းပြီးငိုနေတယ်သူမက ၆နှစ်ဘဲရှိတဲ့အပြင် အဖေနဲ့ အဖိုးတေနဲ့ခွဲရတော့ငိုနေတာဆိုပြီး ရှောင်ဂန်ကပြောတယ် ရှောင်ဝူကလည်း မငိုပါနဲ့ရုန်ရုန် ငါတို့ တခုလိုချင်ရင်တခုကို စွန့်လွတ်ရမှာ ဘဲ
ရုန်ရုန် က ငါက ဘာမှလိုချင်တာမရှိဘူးလေ ငါ့အဖေကိုလွမ်းတယ် ရှောင်ဝူက နင် စစ်ဖြစ်ပြီးပျက်စီးမဲ့ကမ္ဘာကြီးကိုလိုချင်လာ ငြိမ်းချမ်းပြီး တိုးတက်လာတဲ့ ကမ္ဘာကြီးကိုလိုချင်လာမေးတော့ ရုန်ရုန် တိတ်သွားတယ် ငါ.....
ကောင်းပြီလေ ငါတီထွင်တဲ့ဖက်ကိုသွားတော့မယ် နင်တို့ရဲ့ စမ်းသပ်ခန်းထဲခေါ်သွားပေး ထန်စန်းက ကောင်းပြီလေ နင်တီထွင်ထားတဲ့ ဖောက်ခွဲပစ္စည်း၃ခုအကြောင်းသိချင်တယ် ရုန်ရုန်က ငါက အဲ့ဒါကို အငွေ့ပျောက်ဗုံး လင်းယုန်မျက်စိ နဲ့ နူထရွန်အပ်လို့ အမည်ပေးထားတယ် အငွေ့ပျောက်ဗုံးရဲ့အရွယ်အစားက ၃လက်မစာတော့ရှိတယ် သူ့ပေါက်ကွဲအားက ဆင့်ကဲဖောက်ခွဲခြင်းနာရီထက်ပိုတယ် ထန်စန်းက လည်း နင်အဲ့ နာရီအကြောင်းဘယ်လိုသိတာလဲ လို့မေးတော့ ရုန်ရုန်က ဆရာ ရှောင်ဂန်နဲ့ ငါ့အဖေတို့က သူငယ်ချင်းတေလေ အဲ့လက်နက်ကို စမ်းသပ်ပြီးနောက်မှာ ငါတို့ဆီကို လာရောင်းသေးတယ် ၁ခုကို ယွမ်၁၀၀၀နှုန်းနဲ့ပေါ့ အဲ့မှာ ငါစသိတာပါဘဲ အဖေက ငါ့ကို ငယ်ငယ်တည်းက ပြီးပြည့်စုံအောင်ထားတယ် အဖိုးတေကလည်းငါ့ကိုချစ်ပေးကြတယ် အဲ့ဒါကြောင့် ငါ့အပေါ်မှာ သူတ်ို့ကျေးဇူးအများကြီးရှိတယ် ငါနောက်ထပ်လင်းယုန်မျက်စိအကြောင်းပြောပြမယ် သူကတော့ လုံးဝ ဖောက်ခွဲရေးမဟုတ်ဘူး သူက အရာဝတ္တုတွေကို ဖောက်ထွင်းမြင်ရတယ် နင်တို့အနေနဲ့သုံးမယ်ဆို ဒါက မျက်ကပ်မှန်တခု သာသာ ဘဲ သူ့ကို ငါ ၇ခုဘဲလုပ်နိုင်သေးတယ် အငွေ့ပျောက်ဗုံးကတော့ ငါ နည်းလမ်းပေးထားလို့ ဂိုဏ်းသားတေက ပြုလုပ်နိုင်တယ် နောက် တခုဖြစ်တဲ့ နူထရွန်အပ်ဘဲ သူ့ကို ဘယ်လို လုပ်ရမလဲ ဆိုတော့ သူက သံဒြပ်စင်တခုကိုဖြိုခွဲလိုက်တဲ့အချိန်မှာ တက်ထရွန်နဲ့ နူထရွန်ဆိုတဲ့ဂုဏ်သတ္တိ ၂မျိုးထွက်လာတယ် တက်ထရွန်က အဖိုဓာတ်တည်ငြိမ်မှုကို ကိုယ်စားပြုတယ် နူထရွန်က အမဓာတ် လှုပ်ရှားမှု ဆွဲဆောင်မှုကို ကိုယ်စားပြုတယ် အဲ့ထဲကနေ နူထရွန်ပုံစံကို ယူပြီး အပ်ပုံစံထွင်တာပါ အဲ့တာကို အပေါ်က နေ တက်ထရွန်နဲ့ ပြန် အုပ်ထားတယ် သေချာ ဆက်ရတယ် အဲ့တော့ မူလဂုဏ်သတ္တိ နဲ့ သံမဏိကိုပြန်ရတယ် တနည်းအားဖြင့်ဆို မူလသံမဏိကို ခွဲပြီးတော့ ကွဲသွားတဲ့ ဂုဏ်သတ္တိတေကိုပြန်စီရတာပါ ပြီးတော့ သာမန် ၃လက်မလောက်ရှည်တဲ့ အပ်တချောင်းပြန်လုပ်တာ ရလာတဲ့အပ်ကို ဟိုက်ဒရို ဖလူရစ်အက်ဆစ်ထဲမှာ ၅နာရီကြာစိမ်ထားရတယ် သာမန်လက်နဲ့ကိုင်ရင် အဲ့လက်က အရည်ပျော်သွားမယ် သာမန်လက်မဟုတ် ဘဲ လက်အိတ်တခုခု ကို အသုံးပြုရမယ် (sl မှာ ဆို ထန်စန်းရဲ့ ကျောက်စိမ်းလက်ပေါ့)
ထန်စန်းကအဲ့လက်အိတ်ကို ငါ ထွင်နိုင်တယ် ငါ့
ကဏ္ဏထားလိုက် ပြီးတော့ မင်းတို့အတွက်ပါထွင်ပေးမယ် ဆိုပေမယ့် အဲ့အပ်ကို ငါအဓိကသုံးမယ် လက်အိတ်ကို အဲ့ အပ်အပြင် တခြားအတွက်အကုန်အကျိုးရှိအောင်ငါထွင်ပေးမယ် အလှ ဝတ်လည်းရပါတယ် ခဏလေးနေတော့ ရုန်ရုန်အဲ့သြသွားတယ် ဒါက...
သူမက ထန်စန်းရဲ့ ပလပ်စမာ အမြှောက်ကို တွေ့သွားတာပါ ဟုတ်တယ် ဒါက ငါထွင်ထားတာပါ နောက်၂ရက်လောက်ဆို ပြီးပြီး ရုန်ရုန်က လည်း ငါက ငါ့ထပ်တော်တဲ့သူတယောက်ရှာတွေ့မယ် မထင်ထားဘူး ထန်စန်းက နင် မမြောက်ပါနဲ့ ငါ က ဒီတိုင်းထွင်တာ ပါ ခု နူထရွန်အပ်ထွင်ကြည့်ရအောင် ရုန်ရုန်က နင် ငါ့ကို သံမဏိခွဲပေးနိုင်လာ ထန်စန်းက မပူနဲ့ ငါ့မှာ ပစ္စည်းအစုံရှိတယ် ငါက ထူဆန်းတာတေ တွေ့တာနဲ့ သိမ်းထားတတ်လို့ဘဲ ခဏလေးဘဲ ထန်စန်း သံကို ခွဲပြီး ရုန်ရုန်ပြောတဲ့အတိုင်း လုပ်လိုက်တာ ပြီး တော့ ဟိုက်ဒရို ဖလူရစ်အက်စစ်ထဲစိမ်ထားပေးလိုက်တယ် ရုန်ရုန်က ငါ့ ဖိုးဖိုးတောင်မှ အချိန်ယူရတယ် နင်က သံကို ခဏလေးနဲ့ ပုံ စံ သွင်းလိုက်တယ် နင် က ၆နှစ်ဘဲရှိသေးတာ ဒီလောက်မာကျောတဲ့သံကြီးကို ထုနိုင်တယ် ပန်းပဲဆရာတေတောင်မလုပ်နိုင်တာကို အဲ့ဒါတေပြောနေတဲ့ အချိန် ရှောင်ဂန်ရောက်လာတယ် သူအပ်ကိုမြင်ပြီး အံ့သြနေတယ် ဒါက... ရုန်ရုန်က ဒါသမီးထွင်ထားတဲ့ ပစ္စည်း၃ခုထဲက တခုပါ ရှောင်ဂန်က ဒါက.... ရုန်ရုန်ကလည်း
ဟုတ်ပါတယ် ဒီအပ်က တည်ငြိမ်တဲ့ သဘာဝဓာတ် တက်ထရွန်နဲ့ အုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် စက်ရုပ်သံထည်ကို သူဖောက်ပေးနိုင်ပါတယ် ပြီးရင် အဲ့ သံထည်တည်းကို နူထရွန်အပ်ထည့်ပေးလိုက်မှာပါ နူထရွန်က အမဓာတ် လှုပ်ရှားမှု ဆွဲဆောင်တာကို ကိုယ်စားပြုတာဖြစ်တဲ့အတွက် စက်ရုပ်ကိုယ်ထဲရောက်သွားရင် ဗြောင်းဆန်တဲ့မတည်ငြိမ်မှုတေဖြစ်ကုန်တယ် အဲ့ မတည်ငြိမ်မှု တေ က လျှပ်စီးပတ်လမ်းကို သွားနှောင့်ယှက်ပြီး သံစက်ရုပ်က ကိုယ်တိုင်ပေါက်ကွဲသွားတယ် ၄၅စက္ကန့်တော့ အချိန်ယူတယ် ဒါပေမယ့် ၄၅စက္ကန့်အတွင်းမှာ ၃လက်မတည်းနဲ့ ကျစ်လစ်တဲ့ သံချောင်းတေကို ရှာဖို့ လုံးဝမဖြစ်နိုင်ပါဘူး စက်ရုပ်ကနေတောင် စီးနှင်းသူကို သတိမပေးနိုင်တဲ့အနေအထားပါ သမီးရဲ့ ဒီအပ်က အသံတိတ်လှုပ်ရှားဖြင်းဂိုဏ်းကို တဖက်တလှမ်းက နေ ကူညီရာရောက်မယ် လို့ ထင်တယ် ပြီးတော့ ဒီအပ်ကို သုံးဖို့ ချိန်ဆ မှန်ကန်ပြီး ဖောက်ထွင်းနိုင်တဲ့ မျက်မှန်လိုအပ်တယ် ဒါပေမယ့် မျက်မှန်က တိုက်ခိုက်ရင် အနှောင့်အယှက်ဖြစ်စေတယ် အဲ့ဒါကြောင့် သမီးက လင်းယုန်မျက်စိကိုသုံးဖို့အကြံပေးပါတယ် သူက မျက်စိ တည့်တည့်ကို တေ့ပေးလိုက်ပါ သူပါသူ ဝင်ပြီး အလုပ်လုပ်ပါလိမ့်မယ် အဓိက ကတော့ သမီးက ကိုယ်တိုင်ပေးထားတဲ့သူမှသာ ဒီမျက်လုံးက အလုပ်လုပ်မှာပါ ခိုးယူသွားတာတေဖြစ်မယ် ဆို လုံးဝ အလုပ်မလုပ်ပါဘူး ရှောင်ဂန်ကလည်း မင်းတို့လေးတေက အရွယ်နဲ့မလိုက်အောင်တော်ကြတယ် တနေ့မင်းတို့ လေးတေ က သန်းပေါင်းများစွာသော ရန်သူတေကို ချေမှုန်းနိုင်မယ်လို့ ဆရာယုံတယ် ခုဆရာတို့ နောက် သူငယ်ချင်း ၄ယောက်ကို သွားရှာရအောင် ကောင်းပါပြီး ဆိုပြီး ဆရာနောက်လိုက်သွားကြတယ် ရှောင်ဂန်က လက်ဆဲလ်လို့အမည်ရတဲ့မြို့ကြီးဆီကို လာခဲ့တယ် မြို့တမြို့မှာ ဂိုဏ်းတေအများကြီးရှိတာကို အဲ့ထဲမှာ မှ နည်းပညာပိုင်းထိန်းချုပ်မှုဂိုဏ်းမှာ အနိုင်ကျင့်ခံနေရတဲ့ ကောင်လေးတယောက်ကို တွေ့တာဘဲ အဲ့တာနဲ့ ထန်စန်းက သွားဝင်ကယ်တာပါ ဟို က ကလေးတေက ဓားမြောင်ထုတ်ပြီး ထန်စန်းကို တိုက်တယ် ရိုးရိုး ဓာမြောင်မဟုတ်ပါ အဆိပ်လူးထားပြီးတော့ သံနဲ့ ထုထွင်ထားတာပါ ဘေးက ရှောင်ဝူကလည်း သွားဝင် ကယ်တာပါ ဒါပေမယ့် ဘာပညာမှ မတတ်သေးတဲ့ရှောင်ဝူကို ဟိုကလေးတေက ဓားနဲ့ထိုးဖို့လုပ်တဲ့အချိန်မှာ ထန်စန်းက သိလိုက်တယ် သူလက်နဲ့သွားကာပေးလိုက်တယ် ဒါပေမယ့် ရှောင်ဂန်အံသြသွားတယ် ဘာလို့လဲဆို ထန်စန်းလက်ထဲကနေ ပြီးတော့ သူရဲ့ လက်အိတ်ထွက်လာလို့ပါဘဲ စွပ်စရာ မလိုဘဲ လက်ထဲကနေထွက်လာအောင် သူ့ရဲ့ လက်က နာရီက စီစဥ်ပေးတာပါ အဲ့လက်အိတ်က သူပြောဖူးတယ် နော် ရုန်ရုန်ရဲ့ နူထရွန်အပ်ကို သုံးဖို့ လက်အိတ်ထွင်တာ ငါ့တာဝန်ထားဆိုပြီး အဲ့သူသုံးတဲ့ လက်အိတ်က ဓားအပြင် သေနတ်မကဘဲ လေဆာဒဏ်အထိ ခံနိုင်အောင်သူလုပ်ထားပါတယ် အသက်၆နှစ်ဘဲ ရှိ သေးတဲ့ ထန်စန်း ရဲ့ ညာဏ်က သူ့မွေးစားအဖေ ရှောင်ဂန်ကို အံ့သြစေတယ်
ပြောရမယ် ဆို Nano နာနို နည်းပညာလို့ပြောလို့ရတယ် ironman ကလည်း သူ့ဝတ်စုံကို အဲ့လို ထွင်ပါတယ် ရင်ဘက်က အစားထိုး နှလုံးကို ထိလိုက်တာနဲ့ ဝတ်စုံပြောင်းတာပါ အဲ့နေရာမှ ထန်စန်းက စိတ်နဲ့ ထိန်းချုပ်လိုက်တာပါ သူ့စိတ်ကို အာရုံခံစေတယ် နာရီတခုလုံးကို သူ့စိတ်က ထုတ်ခိုင်းရုံပါဘဲ အဲ့လိုမျိုးထွင်ထားတာပါ ခုထန်စန်းက ကလေးတေ ကို သတိမေ့အောင်လုပ်ပြီး ချန်ထားခဲ့ တယ်
အနိုင်ကျင့်ခံရတဲ့ကောင်လေးနာမည်က အော်စကာပါ သူက နည်းပညာထိန်းချုပ်ရေးမှာ တော်လို့ မနာလိုတဲ့သူများတယ် နောက်ပြီးသူက တိုက်ခိုက်ရေးအားနည်းတယ် ပြောရမယ်ဆို လေ့ကျင့်ပေးမယ့်သူမရှိလို့ပေါ့ အဲ့ဂိုဏ်းက သူ့ကို မွေးစားခဲ့ပေမယ့် ဂိုဏ်းချုပ်က သူ့ကို ချစ်တယ် ဂိုဏ်းချုပ်က နည်းပညာပိုင်းတော်ပေမယ့် သူ့ထက်တော်မယ့်ကလေးတွေ့တော့သူဝမ်းသာတယ် ပြီးတော့ ရှောင်ဂန်က ဒီဂိုဏ်းချုပ်ဆီလာခဲ့တယ် ဂိုဏ်းချုပ်နာမည် က
ဖူလန်ဒါပါ တအားရင့်ကျက်ပါတယ် (sl ကလို အပျက်ကောင်မဟုတ် 🙃 ) ရှောင်ဂန်က လည်း နှုတ်ဆက်နေတယ် သူကလည်း ပြန်နှုတ်ဆက်တယ် ဖူလန်ဒါက ငါ့ကလေးကို ကယ်ပေးတာကျေးဇူးဘဲ ဖူလန်ဒါက လူပျိုကြီးပါ အော်စကာကို မွေးစားပြီးတည်းက ဘယ် မိန်းမ နဲ့ကလေးတေကို မှ သူစိတ်မဝင်စားတော့တာပါ သားလေး အော်စကာ မင်းလုပ်စရာ ရှိတာလုပ်ပါ အော်စကာက ဟုတ်ကဲ့ ဆိုပြီး အထဲဝင်မယ့်အချိန်မှာ ရှောင်ဂန်က ခဏနေဦး ဂိုဏ်းချုပ်ကြီး ဖူလန်ဒါ ကျနော် ဒီကလေးလေးကို ကျနော်ဂိုဏ်းထဲဝင်စေချင်တယ် ဘာ... မင်းဂိုဏ်း? မင်းကယ်ပေးထားလ်ို့ ကျန်တာတောင်းဆိုလက်ခံတယ် ဒါပေမယ့် ငါ့ကလေးကို ကယ်ပြီး တောင်းဆို တာမကြိုက်ဘူး ကျနော်ပြောချင်တာ က.. ငါဘာမှထပ်မကြားချင်ဘူး မင်းလိုက်ခဲ့ မင်းလို အပ်တာ တောင်းဆိုနိုင်တယ် ငါ့ကလေးတော့မရဘူး ငါ့ဂိုဏ်းထဲလိုက်ခဲ့ မင်းတို့ကို နည်းပညာပိုင်းထိန်းချုပ်မှုဂိုဏ်းက ကြိုဆိုပါတယ် မင်းတို့ သိချင်တဲ့ဘာနည်းပညာဖြစ်ဖြစ် ယူသွားရတယ် ဒါပေမယ့် ခုနကလို မျိုး မပေးနိုင်တာကို မတောင်းဆိုစေချင်ဘူး ရှောင်ဂန်ကလည်း ကျနော်က ဒီထက်တိုးတက်အောင်လုပ်ပေးချင်ရုံပါ စတွေ့လိုက်တည်းကနေ ဒီကလေးမှာ အရည်အချင်းအများကြီးကို တွေ့မြင်ရတယ် သူက ကျနော်တို့ဂိုဏ်းမှာ ထိန်းချုပ်မှု ပိုင်းမှာ ဆရာဖြစ်လာလိမ့်မယ် ဖူလန်ဒါက ရယ်သံနဲ့ ဟ ဟ ဟ ဟ မင်းထင်တာ က ဒီမှာ ဆို မတိုးတက်ဘူးထင်လို့ လာ မင်းရဲ့လုံ ခြုံတဲ့ နေရာထက် အများကြီးပိုကောင်းလာဦးမယ် ရှောင်ဂန်ကပြောမလို့ဘဲရှိသေး... ထန်စန်းက ဂိုဏ်းချုပ်ကြီး ဖူလန်ဒါ အငြင်းမပွားကြပါနဲ့ ကျနော်တို့ လောင်းကြမလာ ဖူလန်ဒါက မင်းလို လက်တောက်လောက်နဲ့ကလေးတယောက်က ငါ့ကို ဘယ်လိုလောင်းမလို့လဲ ထန်စန်းက ဒီဂိုဏ်းက ထိန်းချုပ်တာဆိုတော့ စက်ရုပ်တေအများကြီး ထိန်းချုပ်ထားမှာဘဲ အဲ့ ထဲ မှာ စက်ရုပ်တွေရွေးလိုက်ပါ ကျနော့်နဲ့ ချဖို့ ဖူလန်ဒါက မင်းက သေချင်နေတာလာ သေမလာ ရှင်မလာပွဲ ပြီးရင်သိရမှာပါ ဂိုဏ်းချုပ် ဖူလန်ဒါက မင်းပြောကြည့်လေ ငါ့မှာ အရည်အချင်းတူတဲ့ စက်ရုပ်အကောင် ၂၀ထိန်းချုပ်ထားတယ် ထန်စန်းက အဲ့ ထဲက အကောင်တေအားလုံး ခေါ်ထည့်လိုက်ပါ ကွင်းထဲကို
ရှောင်ဂန်က ထန်စန်း မင်းရူးနေလာ ရှောင်ဂန်ထင်တာ က ထန်စန်းက ဒါလုပ်ဖို့ တအားငယ်သေးတာကိုဘဲ ဖူလန်ဒါက ငါအကြံပေးလိုက်မယ် မင်းရူးမိုက်မိုက်တေမလုပ်ခင်သေချာစဥ်းစားဖို့ မင်းငါ့သားအသက်ကို ကယ်ထားလို့ သေသေချာချာ သတိပေးနေတာပါ မင်းမ​ပြောနဲ့ လူကြီး လို သံမာတဲ့ fox empire ဂိုဏ်းက လူ ထန်ဟောက်ကလွဲရင် ဘယ်သူမှ အဲ့စက်ရုပ်တေကို မနိုင်ဘူး fox empire ဂိုဏ်းချုပ်ကြီး ထန်ရှောင်တောင် တကောင်ကို မနည်း သတ်ယူရတယ် အဲ့ဒါ ပီပီတုန်ရဲ့ သာမန်စက်ရုပ်လေးဘဲရှိပါတယ် ဒါတောင်ထန်ရှောင်ကမနည်းသတ်ယူရတယ် ထန်ဟောက်က အဲ့သာမန်စက်ရုပ်အပြင် လက်ရွေးစင်စက်ရုပ်တေကို ပါ တချက်တည်းနဲ့ ပွဲသိမ်းတာပါ အဲ့ဒါကြောင့် အဲ့ထဲမှာ လူပါလို့ ထန်ဟောက်ကို မြင်ရင် ထွက်ပြေးကြတာပါ ဒါပေမယ့် ထန်စန်းရှောင်ဝူကို ကယ်တည်းက သူစက်ရုပ်တကောင်သတ်ထားတာမမေ့ပါနဲ့ သာမန်စက်ရုပ်ဆိုပေမယ့် ထန်ရှောင်တောင် မနည်းသတ်ယူရတယ် အဲ့ဒါကို ခုအကောင် ၂၀လုံး ပြိုင်ပွဲကွင်းထဲ ထည့်ခိုင်းတာပါ ရှောင်ဂန်က သူ့သားကို စိတ်ပူတဲ့ အပြင် ကျန်တဲ့ ရုန်ရုန် ရှောင်ဝူ မာဟုန်ကျွင့်ကလည်း ထိန့်လန့်နေကြတာပေါ့ အော်စကာကတော့ ဘာမှ စိတ်မပူနေဘူး သူမှ မသိတာ ဒါပေမယ့် သူက တော့ ထန်စန်းလာကယ်တည်းကနေ သူက ပါရမီရှင်မှန်းသိနေတော့ သူလုပ်နိုင်မှာယုံနေတယ် ထန်စန်းဆိုတာက လည်း သူ့အဖေထန်ဟောက်လို အချို မဟုတ်အချဥ်မဟုတ်လေ သူက မလာခင်တည်းကဒီလိုဖြစ်လာမယ် ခန့်မှန်းမိလို့ကြိုတင်ပြင်ဆင်ထားတာပါ အထူးသဖြင့် အပြင်သွားမယ်ဆိုပေါ့ နောက်၂ရက်နေပြီးမယ်လို့ပြောတဲ့ နာနို နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ ပလပ်စမာအမြောက်ကို သူချက်ချင်းလက်စသတ်လိုက်တယ် သူက ဖြည်းဖြည်းချင်းသွားမလို့ပါ ဒါပေမယ့် သူ့အဖေ သွားဖို့လာခေါ်တဲ့အချိန်မှာ သူ လက်စသတ်ပြီး သွားတယ် ပြီး တော့ အက်ဆစ်ထဲမှာ စိမ်ထားတဲ့ နူထရွန်အပ်လည်းသူ မလာတယ် တချောင်းတည်း
ဆိုပေမယ့်သူစမ်းသပ်ခွင့်ရတာပေါ့ သူက အဲ့အပ်ကို အက်ဆစ်ဒဏ်ခံတဲ့ သံဗူးထဲထည့်ပြီး အက်ဆစ်ထပ်စိမ်လာခဲ့တာ နာရီထဲထည့်သိမ်းထားတာပေါ့ အဲ့မှာ ပြိုင်ပွဲကွင်းထဲရောက်လာတာဘဲ ဘေးမှာက ဂိုဏ်းသားတေအများကြီးကြည့်နေကြတယ် ရှောင်ဝူက
လည်းပိုစိတ်ပူနေတယ် သူမက ထန်စန်းအပေါ်မှာ ခံစားချက်လေးရှိလာတာမို့ပါ စတိုက်ဖို့ အချိန် ရေလိုက်တယ် 3 2 1....
အပိုင်း ၄ မျော်😁😅
နူထရွန်အပ်အကြောင်း ကို သေသေချာချာ ရှင်းပြပေးတဲ့ ဘရို Myint Myat Ko Ko ကျေးဇူးပါ
အောက်မှာ နူထရွန်အပ်ပုံပါ
#NyiNyi

လောဘသားတေကြောင့်ကမ္ဘာကြီးပျက်စီးရခြင်းWhere stories live. Discover now