Episode - 4

1.1K 117 2
                                    

~~~~~ အားးးးးးးးးးးးးးး ~~~~~~~

ပြတင်းပေါက်ကတစ်ဆင့် ဖြာကျနေသော လရောင်ကလွဲလို့ အရာအားလုံး မှောင်ပိန်းနေတဲ့ အခန်းရဲ့ အခန်းထောင့်လေးမှာ လူတစ်ယောက်။ နားနှစ်ဖက်ကို စုံပိတ်ပြီး ထအော်လိုက်တဲ့ သူ့ရဲ့ အသံက တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ယံအချိန်မှာ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

Hyung ကြောင့်တဲ့~~~~~ Hyung နဲ့တကယ်ပတ်သက်တဲ့သူထင်ပြီး Hyung အပေါ်မကျေနပ်မှုတွေ သူ့ဆီ ပုံချလိုက်တာ နေမှာပေါ့~~~~ ဒီတစ်ခါ မင်းလုပ်ရက်က မှားတယ် LuHan~~~~~ အပြစ်မရှိတဲ့ သူတစ်ယောက်ကို မင်းဒီလောက်ထိ မလုပ်သင့်ဖူး~~~~~

~~~~~ အားးးးးးးးး ~~~~~~~~

နားထဲပြန်ကြားယောင်လာတဲ့ Kai နဲ့ ChanYeol တို့ရဲ့စကားသံတွေက သူ့ရင်ကို ဓားအစင်းပေါင်း များစွာ နဲ့ ထိုးနှက်နေသလို။ ငါတမင်ရည်ရွယ်တာ မဟုတ်ပါဖူးကွာ။ ငါ သူ့ကို စိတ်ဆင်းရဲ စေချင်ရုံသက်သက်ပါ။ သူ့ကို...... သူ့ကို .........အဲ့လောက်ထိ......... အဲ့လောက်ထိ တုံ့ပြန်ကြ လိမ့်မယ်လို့ တကယ်......မထင်ထားလို့ပါ။ တကယ်မထင်ထားလို့ပါ။

မင်းသူငယ်ချင်း လှူတဲ့ နှလုံးကို လက်ခံမိတာ ငါ့သားအပြစ်လား???? မင်းကို နှစ်သိမ့်ပေးချင်လို့ အမြဲမင်းနားကပ်နေတာ ငါ့သား အပြစ်လား??? အပြစ်မရှိတဲ့ ငါ့သားလေးကို ဒုက္ခ ထပ်မပေးပါနဲ့တော့ LuHan ရယ်~~~~~

ဟင့်အင်း~~~ဟင့်အင်း~~~~~ ကျွန်တော်.........ကျွန်တော်...... သူ့ကို ဒုက္ခ ပေးတာ မဟုတ်ပါဖူး။ ကျွန်တော့် အနားမှာ သူ့ကို မရှိစေချင်တာပါ။ ကျွန်တော့် အနားမှာ သူအမြဲ ရှိနေရင် ကျွန်တော်~~~~ ကျွန်တော်......... သူ့ကို ......... သူ့ကို ချစ်မိသွားမှာ စိုးလို့ပါဗျာ။ သူ့အပေါ် အရင်ကတည်းက ယိမ်းယိုင်နေတဲ့ စိတ်လေးကို ထပ်ပြီး မပြိုကျအောင် မနည်းထိန်းနေရတဲ့ အချိန်မှာ သူ့ကို အနားမှာ မရှိစေချင်ရုံသက်သက်ပါ။

ညီအစ်ကို ဖြစ်နေတဲ့ အခြေအနေမှာ သူ့ကို မချစ်မိအောင် အကြောင်းပြချက်များစွာနဲ့ ထိန်းနေရတာပါ။ ချစ်လွန်းလို့ မုန်းအောင် ကြိုးစားနေရတာပါ။ ကိုယ်ကိုတိုင် မမုန်းနိုင်လို့ သူဘက်က မုန်းသွားအောင် ဒီရင်ဘတ်ကြီး......... ဒီရင်ဘတ်ကြီးကို အကွဲခံပြီး ကျွန်တော် လုပ်နေရတာပါဗျာ။

By My SideTempat cerita menjadi hidup. Temukan sekarang