Episode - 3

802 97 0
                                    

ဒီနေ့က ကျွန်တော် ကျောင်းတက်တာ ဒုတိယနေ့။ မနေ့က LuHan Hyung ကို ကျောင်းဝတ်စုံနဲ့ ထွက်သွားတာ မြင်လိုက်သော်လည်း ကျောင်းမှာတော့ အရိပ်အယောင်ပင် မမြင်ရ။ ဒီနေ့လည်း ကျောင်းဝတ်စုံနဲ့ အစောကြီး ထွက်သွားလေသည်။ ကျောင်းရှေ့ရောက်တာနဲ့ ကျွန်တော့် ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွား၏။ သူ့ကို ကြောက်လို့လား???? မဟုတ်ပါဖူး ကျွန်တော် သူ အနိုင်ကျင့်သမျှ ခံနိုင်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေနဲ့ တွဲသွားတွဲလာ လုပ်နေတာကို မြင်ရရင်တော့ ကျွန်တော်..................... :(

At Lanch Time............

Lunch hall ထဲကို LuHan တို့ ဝင်လာတာနဲ့ ကောင်မလေးတွေဆီက အော်သံတွေ ဆူညံစွာထွက်ပေါ်လာလေသည်။

Girl : Opppppppaaaaa oppppaaaa

အဲ့လိုဘဲ ဖြစ်ရမယ်လေ။ သူတို့သုံးယောက်က ဒီကျောင်းမှာ နာမည်အကြီးဆုံး ကျောင်းသားသုံးယောက်။ မိန်းကလေးတွေ ကြားထဲမှာလဲ ရေပန်းစားသလို ရန်ဖြစ်တဲ့နေရာမှာလဲ သူတို့သုံးယောက်ကို တော်ရုံတန်ရုံကောင်တွေ ယှဉ်လို့မရ။ သူတို့သုံးယောက်ဆိုတာက LuHan ChanYeol Kai... သုံးယောက်လုံးက စာသင်နှစ် တစ်ခုချင်းဆီရဲ့ King တွေ ဖြစ်ကြတဲ့ အလျောက် တော်ရုံတန်ရုံ လူက သူ့တို့ကို ရှိန်ကြသလို သူတို့ကလဲ ဘယ်သူ့မှ ဂရုမစိုက်ပေ။

ဝင်ပေါက်ကနေ Oh SeHun ကို တစ်ချပ် ဝေ့ရှာလိုက်ပြီး တွေ့တာနှင့် ကျွန်တော့်ခြေလှမ်းတွေက အခန်းထောင့်ရဲ့ ခုံတစ်ခုမှာ ထမင်းထိုင်စားနေတဲ့ SeHun ဆီ သို့သာ တန်းတန်းမတ်မတ်။

SeHun တစ်ယောက်တည်း ထမင်းထိုင်စားနေတာကို ကြည့်ချင်းအားဖြင့် ဒီကောင် အခုထိ သူငယ်ချင်းရပုံ မပေါ်သေး။ ကျွန်တော် သူစားနေတဲ့ ခုံရှေ့သွားရပ် လိုက်တာနဲ့ SeHun တစ်ယောက် မော့ကြည့်သည်။ SeHun ခေါင်းလေးမော့လာတာနဲ့ တပြိုင်နက် ကျွန်တော့်နှုတ်ခမ်းက သူ့နှုတ်ခမ်းဆီသို့ >>>>>>>>

နှုတ်ခမ်းနှစ်လွှာ ပူးကပ်သွားတာနဲ့ Lunch Hall တစ်ခုလုံး အပ်ချသံပင် မကြားရအောင် တဒင်္ဂ တိတ်ဆိတ် သွား၏။ အကုန်လုံးကျောက်ရုပ်တွေလို့ ထင်ရလောက်အောင် တခဏ ငြိမ်သက်သွားလေသည်။

// ဘာလဲ???? သူ ဒါဘာလုပ်လဲ???? //

1 sec......2 sec......3 sec.........

By My SideWhere stories live. Discover now