Episode - 2

883 103 1
                                    

ကျွန်တော့်ရှေ့မှာ မျက်နှာလေးမဲ့တဲ့နဲ့ ခေါင်းလေးငုံ့ကာ ရပ်နေတဲ့ သူ့ပုံလေးကို တွေ့တော့လည်း စိတ်မကောင်းဖြစ်မိတာ တော့အမှန်ပါ။ နှလုံးအစားထိုးတာ တစ်နှစ်မပြည့်သေးတဲ့ သူတစ်ယောက် အတွက် ကျွန်တော့် စကားလုံးတွေကို သူခံနိုင်ရည်ရှိတာ ကျွန်တော် အံ့သြတယ်။

Miyanae SeHun!!!!! ငါ့ဒေါသရဲ့ သားကောင် ဖြစ်နေရတဲ့ မင်းကို ငါ တစ်ခါတစ်လေတော့လည်း သနားမိပါရဲ့။

Hun : Hyung ကျွန်တော့်ကို ဘာပြောဖို့လဲ။

SeHun ဆီက အသံတိုးတိုးလေး ထွက်လာတော့မှဘဲ ကျွန်တော့် အတွေးတွေ ရပ်တန့် သွားတော့သည်။

Lu : မင်းကို ငါ့အဖေ့ ကျောင်းပြောင်းပေးဖို့ လုပ်နေတာ မင်းသိမှာပေါ့။

Hun : ဟုတ် သိပါတယ် Hyung

Lu : ဘယ်သူ တက်နေတဲ့ ကျောင်းဆိုတာရော မင်းသိလား။

Hun : ဟုတ် Hyung တက်နေတဲ့ ကျောင်းမှန်း ကျွန်တော် သိထားပါတယ်။

Lu : ဒါဆို ဘာလို့များ မင်းက ပြောင်းချင်နေတာလဲ။ ဘာလဲ အိမ်မှာ အနိုင်ကျင့် ခံရတာ မဝသေးလို့ ကျောင်းထိ လိုက်ပြီး အနိုင်ကျင့် ခံဖို့လား။

Hyung ပျော်မယ်ဆိုရင်ပေါ့။ Hyung ဆီက ကျွန်တော်နဲ့ ပတ်သက်တဲ့ နာကျည်းမှုတွေ နည်းနည်းလေး ပျောက်သွားမယ်ဆိုရင်ပေါ့။ သေအောင်သတ်နေပါစေ ကျွန်တော် အပြုံးမပျက်ဘဲ ခံယူမိမှာပါ။

Lu : ဟေ့ရောင် ငါမေးနေတယ် ဖြေလေ။

Hyung အော်သံကြားမှဘဲ ကျွန်တော့်ကိုယ်လေး ဆတ်ခနဲ တုန်သွားကာ အသိပြန်ဝင်တော့သည်။

Hun : Hyung ဘာလုပ်လုပ် ကျွန်တော် ခံနိုင်ပါတယ်။

Lu : မင်းသဘောဘဲလေ။

ခနဲ့တဲ့တဲ့ အပြုံးတစ်ခုကို ဖန်တီးရင် Hyung တစ်ယောက် ကျွန်တော့်အရှေ့ကထွက်သွားလေ၏။ အခန်းပြင် ထွက်ခါနီး............

Lu : ဟေ့ရောင် မနက်ဖြန် ပြောင်းရမှာတဲ့။ မင်းပြင်ဆင်ထားလိုက်ပေါ့။

နောက်ထပ် ခနဲ့တဲ့တဲ့ အပြုံးတစ်ခု။ စိတ်မပူပါနဲ့ Hyung!!!! Hyung နဲ့ ပတ်သက်ရင် ကျွန်တော့်ဘက်က အားလုံး အဆင့်သင့်။ လိုရင် အသုံးချနိုင်သလို မလိုရင်လဲ စွန့်ပစ်နိုင်ပါတယ်။

By My SideWhere stories live. Discover now