တီ~~~~တီ~~~~~~
တိတ်ဆိတ်နေတဲ့ ညမှာ ကျယ်လောင်စွာ ပေါ်ထွက်လာတဲ့ ဖုန်းမြည်သံကြောင့် sofa ပေါ်မှာ အိပ်ပျော်နေတဲ့ SeHun တစ်ယောက် နိုးလာခဲ့သည်။ နိုးနိုးချင်း နံရံပေါ်က တိုင်ကပ်နာရီ ကိုကြည့်လိုက်တော့ 11:30 ။ Hyung အခုထိ ပြန်မလာသေးဖူးလား။ ဘယ်တွေလျှောက်သွားပြန်ပြီလဲ မသိဖူး။ ဖုန်းကလည်း အဆက်မပြတ် ခေါ်နေတာကြောင့် Appa တို့နိုးသွားမှာ စိုး၍ ဖုန်းကိုဘဲ အမြန်ပြေးကိုင် လိုက်၏။
Hun : Yeoboseyo!!!!!
Man : Xi LuHan တို့ အိမ်က ပါလားခင်ဗျာ
Hun : ဟုတ်ပါတယ် ခင်ဗျာ့
Man : Xi LuHan ရန်ဖြစ်ပြီး ရဲစခန်းရောက်နေတယ် ခင်ဗျာ အဲ့ဒါ...............
တစ်ဖက်က ဖုန်းပြောတာ တောင် ပြီးအောင် နားမထောင်နိုင်တော့ ဘဲ ဖိနပ်စီးပြီး ကျွန်တော် ပြေးထွက်လာခဲ့သည်။ Hyung ထပ်ပြီး ရန်ဖြစ်ပြန်ပြီလား။ Hyung ရယ် ဘာလို့ အခုချိန်ထိ ရန်ဖြစ်နေရတာလဲ။ ဘာကြောင့်လဲ။ Hyung ရဲ့ နာကျည်းချက်တွေကို ဘာလို့ သူများတွေအပေါ် သွားပုံချနေရတာလဲ။
ရဲစခန်း ကိုရောက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းက ငိုချင်နေတဲ့ သူကို ငိုတော့လို့ လက်တို့လိုက်သလိုပါဘဲ။ ဖြူဖွေးနေတဲ့ Hyung မျက်နှာပေါ်မှာ ကြည့်ရက်စရာမရှိတဲ့ ဖူးရောင်နေသော ဒဏ်ရာဒဏ်ချက်တွေ။ ဝတ်ထားတဲ့ T shirt အဖြူပေါ်မှာလဲ မြင်ရက်စရာ မကောင်းလောက်အောင် သူ့ရဲ့ သွေးတွေက စွန်းထင်းနေလေသည်။ Hyung ရယ် ဘာလို့ ဒီလောက်တောင်............
စီးကျနေတဲ့ ကျွန်တော့် မျက်ရည်တွေကို Hyung မမြင်အောင် အလျင်အမြန် သုတ်ပစ်လိုက်ပြီး Hyung ဆီ သွားဖို့ ခြေလှမ်း ပြင်လိုက်တော့ ပြေးလာတဲ့ အရှိန်ကြောင့်လား မျိုသိပ်ထားရတဲ့ ခံစားချက်ကြောင့်လားတော့ မသိ ဘယ်ဘက် ရင်အုံကနေ ဆစ်ခနဲ တစ်ချက်အောင့်သွားသည်။ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်ပြီး နှုတ်ခမ်းတွေကို ဖွင့်ဟကာ လေတစ်ချက် ရှူသွင်းပြီး ပြန်မှုတ်ထုတ်လိုက်မှဘဲ ခံစားရတဲ့ နာကျင်မှုက နည်းနည်းသက်သာ သွားလေသည်။
Hyung ခံဝန်ကတိနဲ့ လွတ်အောင် ကျွန်တော့်မှာ မရမက တောင်းပန်ခဲ့ရသည်။ ဒါပေမယ့် ခံဝန်ကတိလည်း ထိုးပြီးရော Hyung တစ်ယောက်ကတော့ ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ပြီး ထ ထွက်သွားသည်။ အဲ့ဒါ သူ့ style ဘဲလေ။ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ သူ့ရဲ့ style။ ဘယ်တုန်းကတည်းက စတင်ဖြစ်ပေါ်ခဲ့လဲ ဆိုတော့ ကျွန်တော့်တို့ သားအမိ Hyung တို့ သားအဖအိမ် စရောက်တဲ့ နေ့က ဆိုပါတော့ဗျာ။