ɴɪɴᴇ

1.6K 183 11
                                    

[Zawgyi]

ခြောက်လကြာသော် ။
_______

အဖြူရောင်တွေသာရှိတဲ့ ရုံးခန်းကျယ်ကြီးရဲ့ အလည် စာရင်းဇယားဖိုင်အထပ်လိုက်ကြား မြုပ်နေတဲ့ Sim group ရဲ့ CEO ပေါက်စသေးသေးလေး ။ ဆောင်းဦးရောက်နေပြီမလို့ ဆွယ်တာပေါ်မှာကုတ်ထပ်ဝတ်ထားတာလေးက ကလေးလေးနဲ့ပိုလို့တူစေသည် ။ အသက်တစ်လကြီးရင်တစ်နှစ်စာလောက် ပြန်ငယ်နေသလား မှတ်ရအောင် Jaeyun ဟာ သိပ်သိပ်ချစ်ဖို့ကောင်းလျက် ။

မိနစ်အနည်းငယ်ကြာတော့ အညိုရောင်ခေါင်းလုံးလုံးလေးက လှုပ်ရွလာကာ နီတာရဲလက်လေးနှစ်ဖက်ကို ဦးခေါင်းထက်
ဆန့်တန်းရင်း တအီးအီးတအားအား အသံပိစိပေါင်းစုံဖြင့် အကြောဆန့်နေပုံလေးက ပြေးနမ်းချင်စရာလေး ။ အာရုံစိုက်ထားတာမလို့ အရည်ကြည်လေးတွေဝေ့နေတဲ့ မျက်လုံးဝိုင်းလေးတွေက ခွေးပေါက်စလေးလို Jaeyun ပုံစံအား ပိုကာ ထောက်ပံ့နေသယောင် ။

" CEO Sim ခင်ဗျ ... အလုပ်တွေပြီးရင် နေ့လည်စာ သွားစားကြရအောင်လားဗျ "

အခန်းတံခါးဝကနေ ခေါင်းလေးပြူကာ ဆိုလာတဲ့ Boemgyu Hyung ရဲ့ စကားကို Jaeyun ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ဖုန်းနဲ့ပိုက်ဆံအိတ်ကောက်ဆွဲလျက် ထိုင်ရာမှထလိုက်သည် ။ အခန်းထဲ ဟိုကြည့်ဒီကြည့် စစ်ဆေးပြီးမှ Boemgyu နဲ့အတူ အောက်ထပ် ကန်တင်းဆီ ဦးတည်လိုက်သည် ။ တစ်လမ်းလုံးလည်း အလုပ်ကိစ္စတွေ ပြောနေရင်း နှစ်ယောက်သားဟာ လေယူလေပေးတည့်နေကြသည် ။

" Jake Sim !! "

" ပြဲလန်အောင်ကိုအော်နေတာ လူထက် အသံက မိနစ်နှစ်ဆယ်စာလောက် အရင်ရောက်နေတယ် "

Jaeyun စကားကို ကြားတော့ Sunghoon က ပါးချိုမ့်လေးပေါ်တဲ့အထိ ပြုံးပြလာသည် ။ လက်ထဲက ထမင်းဘူးလေးကို ကိုင်ကာ Jaeyun မျက်နှာရှေ့လှုပ်ယမ်းပြသေးသည် ။ Jaeyun ကတော့ ထိုထမင်းဘူးအစား Jay နဲ့အတူ ပါလာတဲ့ ကလေးပိစိလေးကိုသာ အာရုံရောက်သွားသည် ။

" ဂျေးဟွန်း လေးရေ အိုက်ဂူး လာပါဦး ပါပါးဆီကို "

" ပါပါး အာညော် ... "

စုတ်ပြားလေးကိုင်ကာ လက်ပိစိလေးရမ်းပြလာတဲ့ ကလေးလေးကို Jay ဆီမှ လက်လွှဲယူကာ ချော့မြူနေတဲ့ Jaeyun ။ ကလေးက သူ့တစ်ဝက်စာလောက်ရှိတဲ့အထိ Sim Jaeyun တို့က သေးသေးကွေးကွေး ။

𝗘𝗧𝗛𝗔𝗡𝗣𝗛𝗢𝗕𝗜𝗔Where stories live. Discover now