ᴇʟᴇᴠᴇɴ

1.9K 176 23
                                    

[Zawgyi]

𝗐𝖺𝗋𝗇𝗂𝗇𝗀 : 𝗍𝗁𝗂𝗌 𝗉𝖺𝗋𝗍 𝖼𝗈𝗇𝗍𝖺𝗂𝗇𝗌 𝗵𝗲𝗮𝘃𝘆 𝗸𝗶𝘀𝘀𝗶𝗻𝗴 𝗮𝗻𝗱 𝘀𝗲𝘅𝘂𝗮𝗹 𝗰𝗼𝗻𝘁𝗲𝗻𝘁 . ⚠︎

.....

တနေကုန် အုံ့နေတဲ့ မိုးက ညနေဘက်ရောက်တော့ ပိုကာ မည်းလာသည် ။ ညနေ လေးနာရီပင် ဖြစ်လင့်ကစား အပြင်ဘက်တွင် လိုတာထပ်ပိုပြီးအမှောင်ကျနေလေရဲ့ ။ ဒီနေ့ကျမှ အိမ်မပြန်ပဲ ကွန်ဒိုမှာသာ လာနေမိတဲ့ Jaeyun က ဘယ်လောက်ကံကောင်းသလည်းဆို သူရောက်ထဲက မီးတွေပျက်သွားတာသာကြည့်တော့ ။ အလင်းပြန်ရစရာကိရိယာတွေရှိပါရက်နဲ့ Jaeyun အမှောင်ထဲမှာ ငုတ်တုတ် ထိုင်နေမိသည် ။ တကယ်တော့ သူစိတ်ညစ်နေတာ ။

ဟိုတစ်ရက်က Jay နဲ့ ကတောက်ကဆဖြစ်ထားကြသေးသည်လေ ။ ထိုနေ့ပြီးထဲက အခုဆို တစ်ပတ်နီးပါးရှိပြီ Jay ကသူ့ကို စကားလည်းမပြော အတွေ့လည်းမခံ ။ ယုတ်စွအဆုံး Sunghoon နဲ့ Jayhoon လေးကိုပါ Jaeyun နဲ့အတွေ့မခံ ။ ဒီကိစ္စမှာ Jaeyun ဘက်က အမှားမရှိမှန်းသိပေမယ့် ဘာကိုအလိုမကျဖြစ်နေမှန်းမသိတဲ့ စိတ်အခြေအနေကြောင့် အကို နဲ့လည်းထပ်မတွေ့ဖြစ်တော့ ။ HJ နဲ့ဆက်စပ်တဲ့ အလုပ်ကိစ္စတွေကိုလည်း Boemgyu Hyung နဲ့သာ လက်လွှဲပေးထားလိုက်သည် ။ အကို့ဘက်ကတော့ ဖုန်းတွေဆက်သေးပါသည် ။ သို့သော် Jaeyun ဘက်က အကြောင်းပြချက်မဲ့စွာ ရှောင်ပြေးနေမိသည် ။ ပြန်တွေ့ရင် အရာအားလုံး အဆင်ပြေသွားမယ်လို့ ထင်ခဲ့မိတာ တကယ်တော့ လွယ်ကူတဲ့အရာ ဘာဆိုဘာမှမရှိ ။

ဧည့်ခန်းအလည်က မိသားစုဓာတ်ပုံကို အကြည့်ရောက်တော့ Jaeyun စိတ်တွေက ပိုကာ ထိုင်းမှိုင်းလာရသည် ။ တုန်ယင်လာတဲ့ အသက်ရှူသံတွေကိုထိန်းဖို့ရာ စားပွဲပေါ် အသင့်တင်ထားတဲ့ ဝိုင်ကိုပုလင်းလိုက် မော့ချပစ်လိုက်သည် ။ အပြင်းစားမဟုတ်ပေမယ့် အူနုသူမလို့ ပုလင်းတစ်ဝက်ကျိုးလေးမှာတောင် ရီဝေဝေဖြစ်လာသည် ။

" လူတစ်ယောက်ကို ချစ်ဖို့အခွင့်ရေးက ကျွန်တော့်မှာ မရှိဘူးလား မေမေ ... "

မူးစပြုကာ အသိစိတ်လေးလွတ်လာတော့ အလိုအလျောက် အကို ဟုမှတ်ထားသော contact လေးဆီ နှိပ်လိုက်မိသည် ။ တဒူဒူမြည်နေသံကိုလည်း အာရုံမရပဲ ပြောလိုရာတွေကိုသာ စွတ်မှိတ်ကြိတ်ပြီးရေရွတ်နေတဲ့ Jaeyun ။

𝗘𝗧𝗛𝗔𝗡𝗣𝗛𝗢𝗕𝗜𝗔Where stories live. Discover now