ᴇɪɢʜᴛ

1.6K 178 15
                                    

[Zawgyi]

" Hyung ~ နေရထိုင်ရတာအဆင်ပြေရဲ့လား "

ခေါင်းငြိမ့်ပြလာတဲ့ Heeseung က ဒီမနက်မှာပဲ သတိပြန်ရလာခဲ့သည် ။ မနေ့ညထဲက ပြန်သွားပြီဖြစ်တဲ့ Sunoo နဲ့တော့ မတွေ့လိုက်ရ ။ သို့သော် Heeseung က Sunoo ကိုစိတ်ဆိုးဒေါသထွက်နေခြင်းမျိုးမရှိပဲ ကွာရှင်းစာချုပ်လေးကိုသာ ပြုံး၍ စိုက်ကြည့်နေလေသည် ။

" တရားရုံးကိုသွားဦးမှာလား Hyung ~ "

" ဘယ်နေ့လည်း Jungwon "

" နောက်လေးရက်နေရင်ပါ ... "

" အင်း မသွားတော့ပါဘူး Hyung နည်းနည်းအနားယူချင်သေးတယ် "

ပုံမှန်သာပြောဆိုနေတဲ့ Heeseung ပုံစံကို Jungwon အားမရ ။ ဟန်ဆောင်နေသည်ဟုသာ တထစ်ချတွေးနေမိသည် ။ သက်ပြင်းတွေခဏခဏချနေတဲ့ သူ့ကို Hyung က သဘောကျသလို တချက်ရီသည် ။ သူမျက်စောင်းထိုးပေးလိုက်တော့ လက်နှစ်ဖက်မြှောက်ကာ မျက်ဖြူလန်ပြသည် ။

" Sunoo ကို စိတ်မတိုဘူးလား Hyung "

" Hyung ဘဝအတွက် အကောင်းဆုံးလက်ဆောင်ကို ယူပေးသွားတဲ့လူကို စိတ်တိုဒေါသထွက်နေရင် Hyung က ကျေးဇူးမသိတတ်တဲ့ သူဖြစ်သွားမှာပေါ့ "

" ကျွန်တော်တကယ်နားမလည်တာ အခြေအနေတွေက ဒီလောက်အထိ ဖြစ်ပျက်သွားတာကို Hyung ရော Kim Sunoo ရော ဘာတွေကျေနပ်နေကြမှန်းမသိဘူး "

" အချိန်တွေက ပြောပြပါလိမ့်မယ် Jungwon ရယ် ... "

လူနားမလည်တဲ့စကားတွေပြောရတာကိုတော့ Lee Heeseung နဲ့ Kim Sunoo ကသိပ်ကြိုက်ပုံရသည် ။ ပြိုင်လည်း မငြင်းချင်တော့တာမလို့ သူရစ်လို့ရမယ့်သူကိုသာ လိုက်ရှာမိသည် ။ အခုမှသတိထားမိတာ Nishimura Riki တစ်ယောက် မနေ့ညထဲက ပျောက်နေတာ အခုထိ ပေါ်မလာ ။ ပုံမှန်ဆို Jungwon နားကနေ စက္ကန့်လေးတောင်မခွာတဲ့ ကောင်လေးက အခုထိ စာတစ်စောင်ဖုန်းတစ်ချက်တောင် မဆက်ပဲ ပျောက်နေသည်မို့ စိတ်ထဲ စနိုးစနောင့်ဖြစ်လာသည် ။

" Ni-ki ကိုမတွေ့ပါလား Jungwon "

" အင်း ခဏပြန်သွားတာ ကျွန်တော် ဖုန်းသွားဆက်လိုက်ဦးမယ် တခုခုဆို လှမ်းခေါ်လိုက် "

" အေးအေး "

မျက်မှောင်ကြီးကြုံ့ကာ အခန်းပြင်ထွက်သွားတဲ့ Jungwon ။ Heeseung ကတော့ laptop screen ထက်က ကောင်လေး ပုံကိုသာ တစိမ့်စိမ့်ကြည့်နေတော့သည် ။ သွားစွယ်သေးသေးလေး ပေါ်တဲ့အထိ အားရပါးရပြုံးရယ်နေတဲ့ ကောင်လေး က နောက်ဆုံးတော့ သူ့ကို အခွင့်အရေးပေးခဲ့ပါသည် ။ ပြစ်ချက်တွေသိပ်များနေတဲ့ Lee Heeseung ဆိုပေမယ့် Sim Jaeyun အတွက် မေတ္တာတွေစစ်မှန်ခဲ့သည့် အကျိုးဆက်ကလေးက လှလှပပလေးရယ် ။

𝗘𝗧𝗛𝗔𝗡𝗣𝗛𝗢𝗕𝗜𝗔Where stories live. Discover now