[Zawgyi]
တရားဝင်လက်ထပ်မှတ်ပုံတင်လေးကို တစိမ့်စိမ့်ကြည့်ကာ Ethan ကြည်နူးရသည် ။ ရက်ပေါင်းများစွာ တိတ်တခိုး မြတ်နိုးခဲ့ရသော ချစ်ရသူ အား တရားဝင်ပိုင်ဆိုင်နိုင်လိုက်ရတဲ့ ခံစားချက် ။ မိုးပေါ် တိမ်တွေစီးနေရသလိုပင် ။
" သည်းငယ် ... နောက်ဆုံးတော့ ကိုယ် တရားဝင် ခေါ်ခွင့်ရတော့မယ့် နာမ်စားလေး "
အိမ်အပြန်လမ်းတစ်လျှောက် Ethan ရင်တွေသည် အဆမတန် ခုန်ပေါက်နေခဲ့သည် ။ တဆက်ထဲ သူပျော်နေသလို Jaeyun ကရော ။ မပျော်နေရင်တောင် စိတ်လှုပ်ရှားနေလောက်မလား ။
မနေ့ညကမှ ဒီကိုရောက်လာတဲ့ Ni-ki တို့လည်းရှိတာမလို့သာ အိမ်မှာထားရစ်ခဲ့ရသည် ။ တကယ်ဆို Tokyo ကနေ Okayama ကိုပြောင်းလာပြီးနောက် တစ်ပတ်အတွင်း ဆယ်ခါထက်မနည်း ထွက်ပြေးဖို့လုပ်နေခဲ့တဲ့ Jaeyun ကြောင့် Ethan မှာ မျက်တောင်ပင် ဖြောင့်ဖြောင့် မခတ်ရဲ ။
ရှေးဟောင်းလက်ရာတွေပြည့်နေတဲ့ ခြံကြီးတစ်ခြံဆီ Ethan ကားလေး ဝင်လာချိန်မှာတော့ အိမ်အဝင်ဝမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေပြန်တာကို တွေ့ရပြန်သည် ။ ကားစက်ကိုပင် အလောတကြီး သတ်ကာ ကားပေါ်ကဆင်းလိုက်တော့ ကိုယ်ရံတော်လေးယောက် အလည်က hoodie အဝနဲ့ကောင်လေးက Ethan ရှိရာဆီ စူးစူးရဲရဲစိုက်ကြည့်လာသည် ။
" ဘာဖြစ်နေပြန်ပြီလည်း ... "
" သခင်လေး ထွက်ပြေးဖို့လုပ်နေလို့ပါ "
" မင်းတို့သွားလို့ရပြီ .. "
အစောင့်တွေအကုန် ထွက်သွားတော့မှ သူ့အား ကျောခိုင်းရပ်နေဆဲ ကောင်လေးကို သူ့ဘက်ဆွဲလှည့်မိသည် ။ mask အနက်ရောင်သည် မျက်လုံးတွေကိုသာဖော်ထားကာ ဦးထုပ်ကိုလည်း ခပ်ငိုက်ငိုက်စိုက်ရင်း လည်သာ jacket ဖြင့် ကောင်လေးက ထွက်သွားဖို့ကို အများကြီးပြင်ဆင်ထားသည် ။ သို့သော် ...
" Jaeyun ဘယ်မှာလည်း ... "
" ပြန်သွားပီလေ အခုဆို လေယာဉ်ပေါ်တောင် ရောက်နေလောက်ပြီ "
" Kim Sunoo !! မင်းဘယ်အချိန်ထိ အရာအားလုံးကို လိုက်ဖျက်စီးနေဦးမှာလည်း "
" အဟား သနားစရာကောင်းနေလို့ လွှတ်ပေးလိုက်တာပါ ကျွန်တော်က စိတ်သဘောထားပြည့်ဝတယ်လေ "
YOU ARE READING
𝗘𝗧𝗛𝗔𝗡𝗣𝗛𝗢𝗕𝗜𝗔
Fiksi Penggemar𝗅𝖾𝖾 𝗁𝖾𝖾𝗌𝖾𝗎𝗇𝗀 𝖺𝗇𝖽 𝗌𝗂𝗆 𝗃𝖺𝖾𝗒𝗎𝗇 𝗁𝖾𝖾𝗃𝖺𝗄𝖾 ____ 020422 ♡ 080722