My life, his story ( Unicode )

443 27 2
                                        

ရှင်သန်ခြင်းဆိုတာဘာလဲ။

ဘာကြောင့်များရှင်သန်နေခဲ့ရတာလဲ။

ရှင်သန်လိုခြင်းစိတ်ဆန္ဒမရှိတဲ့ ရှင်သန်ခြင်းကရော ဒီလောကကြီးမှာ ဆက်လက်ဖြစ်တည်ဖို့ ထိုက်တန်ပါ့မလား။

မွေ့ယာကုတင်ထက်မှာ မျက်လုံးလေးတွေ မှေးကျလျက် အိပ်ပျော်နေပုံပေါ်သည့် ကောင်လေး၏ ဖြူဖြူသွယ်သွယ်လက်ကောက်ဝတ်လေးမှ ကြမ်းပြင်ပေါ်သို့ တတောက်တောက်ကျနေသော သွေးစက်များ၏အသံက တိတ်ဆိတ်နေသောအခန်းလေးကို ခြောက်ခြားဖွယ်ခံစားချက်များဖြင့် ဖြည့်ဆည်းပေးနေသည်။

ကောင်လေး၏မျက်လုံးများကို သေချာကြည့်မိမည်ဆိုလျှင်တော့ ခြောက်သွေ့နေပြီဖြစ်သော မျက်ရည်စီးကြောင်းလေးကို တွေ့ရပါလိမ့်မည်။ ဒီကောင်လေး ဘာကြောင့်များဒီလမ်းကို ရွေးချယ်ခဲ့ပါလိမ့်။

..................

"ကျွန်တော် ဘယ်ရောက်နေတာလဲ..."

အဆုံးမရှိသည့် အမှောင်ထုကြားမှာ ခြေတစ်လှမ်းလှမ်းတိုင်း အေးစိမ့်စိမ့်ခံစားချက်ကြီးက သူ့ကိုခြောက်လှန့်နေသည်။ သူနှင့်အတူ မလှမ်းမကမ်းက ခြေသံတစ်စုံတစ်ရာကို ကြားနေရသဖြင့် အားကိုးဖော်အားကိုးဖက်အဖြစ် မေးလိုက်သော်လည်း ဖြေသံကားမကြားရ။

ထိုအချိန်မှာပဲ သူ့ခေါင်းထဲကို အတွေးပေါင်းသောင်းခြောက်ထောင် ဝင်ရောက်လာခဲ့ပါသည်။ သူဟာ တကယ်သေသွားပြီလား။ မသေသေအောင် သေကြောင်းကြံခဲ့မှတော့ သေပြီပေါ့လေ။ တကယ်တမ်း သေရမယ်ဆိုတော့ နည်းနည်းတော့ကြောက်မိသားပဲ။ ဟင့်အင်း။ နည်းနည်းမဟုတ်ဘူး။ များများ။

ငရဲများတန်းသွားရမှာမလို့ အခုလမ်းကြီးက အဲ့လောက်မှောင်နေတာများလားဆိုပြီး Jaehyun လေးက သူ့ခေါင်းသူကုတ်ပြီးသာ အော်ငိုပစ်လိုက်ချင်ပါသည်။ လွတ်မြောက်ချင်လို့ ဒီလမ်းကိုရွေးခဲ့ကာမှ တကယ်ကြီးသေရမှာကြောက်နေပြန်ပါပြီ။

"မင်း မသေသေးဘူး..."

ထိုအချိန်နောက်နားက ခပ်ကြည်ကြည်အသံကိုကြားလိုက်ရချိန်မှာတော့ ဘယ်သူဘယ်ဝါ့အသံမှန်းမသိတာတောင် သူဖျတ်ခနဲဝမ်းသာမိသွားပါတော့သည်။ မသေသေးဘူးဆိုတဲ့ စကားက တော်တော်မင်္ဂလာရှိမှန်း အခုချိန်မှ Jaehyun လေးက သိလိုက်ရပါသည်။

Jaedo OneshotsWhere stories live. Discover now