Valid Love (Unicode)

349 31 4
                                        

23.6.2017

Miraက လူတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်ဆိုလို့ Coffee ဆိုင်ကို ရောက်နေပေမယ့် တကယ်တော့ အပြင်ကိုမထွက်ချင်ဘူး။ အိမ်မှာဖတ်စရာ စာအုပ်တွေရှိသေးတဲ့အပြင် လုပ်စရာတွေလဲရှိသေးတယ်။ ဒါပေမယ့် ဘဝမှာ ပထမဆုံးနဲ့တစ်ယောက်ထဲရှိတဲ့ သူငယ်ချင်းမက ခေါ်တော့လဲ လာရတော့တာပေါ့လေ။

သူငယ်ချင်းမ မိတ်ဆက်ပေးတဲ့လူကတော့ လက်ထပ်ပေးဖို့ထိ ရည်ရွယ်ထားပြီးတဲ့ ချစ်သူတဲ့။ ချစ်သူရှိနေတယ်ဆိုတာကို သိထားပေမယ့်လဲ တကယ်ကြီးမိတ်ဆက်ပေးတော့ကျ ကိုယ့်သူငယ်ချင်းကို နည်းနည်းတော့နှမြောမိပြန်တယ်။ ဒါပေမယ့်လေ...

"ကျွန်တော့်နာမည် Jeong Jaehyun ပါ... Hyung..." လို့မိတ်ဆက်လိုက်ချိန်မှာတော့ ခုနကနဲ့မတူဘဲ သူငယ်ချင်းမကို ချီးကျူးမိပြန်တယ်။ ခပ်ဩရှရှအသံလေးက တည်ကြည်တယ်။ ပြုံးနေတဲ့အချိန်ဖြစ်တာမို့လို့ ပါးချိုင့်လေးတွေကိုမြင်ရတော့ ငေးခနဲဖြစ်မိတယ်။ ပြီးတော့ တွေးမိတာက ဪ... ရွှေရွှေချင်း ထပ်မှတော့ မြတ်ပြီပေါ့။

2.7.2017

Mira က ပညာတော်သင်အဖြစ် Australia ကို သွားရမယ်တဲ့လေ။ ပျော်နေတဲ့ သူငယ်ချင်းမကို ကြည့်ရင်း ထပ်တူပျော်ရွှင်မိပေမယ့် မေးမိလိုက်တာကတော့ "တစ်ယောက်ထဲလား..." လို့လေ။

5.7.2017

ဘယ်ကနေစလာတဲ့ ဇာတ်လမ်းလဲမသိပေမယ့် သူငယ်ချင်းမက သူ့ချစ်သူရဲ့ Basketball ပြိုင်ပွဲကို သွားအားပေးမှာမို့လို့ လိုက်ခဲ့ပါတဲ့။ နဂိုကထဲက Introvert တစ်ယောက်မို့လို့ အပြင်ထွက်ရတာတွေ လူစုလူဝေးတွေကို မကြိုက်ပေမယ့် နောက်လထဲမှာ အဝေးတစ်နေရာကနေပဲ တွေ့နိုင်တော့မယ့် သူငယ်ချင်းရဲ့ ဆန္ဒကို မငြင်းပယ်ရက်ပြန်ပါဘူး။

အဲ့တော့လဲ "အေး... လိုက်ခဲ့တာပေါ့..." လို့ပဲ ဖြေရုံ...။

12.7.2017

ပြိုင်ပွဲနေ့ ပွဲကြည့်စင်ပေါ်မှာ ဝုန်းဒိုင်းတွေကိုကြဲပြီး ဆူညံနေတာပဲ။ တဖြည်းဖြည်းကို စိတ်တွေရှုပ်လာခဲ့ပေမယ့် ပွဲကမစသေးဘူး။ Jaehyun ဆိုတဲ့ အားပေးသံတွေက ဆူညံစွာ။

တစ်ခါတလေမှာ သူငယ်ချင်းမ ရင်ဖွင့်တတ်တဲ့ အကြောင်းရာတွေထဲမှာ သူ့ချစ်သူကိုစိတ်မချဘူးဆိုတဲ့ အကြောင်းရာက ပါပါလာတတ်တယ်။ အဲ့အခါတိုင်းလဲ ရီမိခဲ့တာပါပဲ။ ဒီနေ့မှာတော့ သူငယ်ချင်းမရဲ့ စိတ်ပူရခြင်းအကြောင်းရင်းကို သိလာခဲ့တယ်။ ဒီကောင်လေး တော်တော်နာမည်ကြီးတာပဲကိုး။

Jaedo OneshotsМесто, где живут истории. Откройте их для себя