It's you ( JayWon )

1.4K 139 23
                                    

အစတည်းက မင်းပဲ ဂျောင်ဝန်းလေးရဲ့ ။
အမြဲတမ်းလဲ မင်းပဲဖြစ်နေဦးမှာပဲ ... ။

•~•

Pairing - JayWon
Recommended song - It's You

•~•

" တောင်းပန်ပါတယ် Jungwonရယ် ငါ .. ငါ တကယ် ... "

Jungwonက အခုမှအိပ်ရာကနိုးကာစမလို့ ကြောင်တောင်တောင်လေးရယ် ။ သူ့သူငယ်ချင်း Yuraကတော့ သူ့ကုတင်ပေါ် တင်ပါးလွှဲထိုင်ရင်း တသိမ့်သိမ့်ငိုနေလေရဲ့ ။

Jungwonနဲ့ Yuraက အလယ်တန်းလောက်တည်းက သူငယ်ချင်းတွေ ။ ဒီ့အပြင် Yuraက အငိုသန်တဲ့ကလေးမလေးမို့ Yuraမျက်ရည်တွေနဲ့ Jungwonက စိမ်းသက်မနေဘူး ။

ဒါပေမယ့် ဒီတစ်ခေါက် Yuraငိုတာက အထူးအဆန်းပဲ ။ ​ဆယ်ထပ်တိုက်ကပစ်ချခံလိုက်ရတဲ့ မှန်တစ်ချပ်လို နာနာကျင်ကျင်ကြေကွဲနေတာ ။

ဘာကများ Yuraကို ဒီလောက်ဝမ်းနည်းစေလဲတော့ Jungwonမမှန်းတတ်ဘူး ။ ISTJ ဖြစ်တဲ့ Jungwonအတွက် သူတစ်ပါးစိတ်ကို နားလည်ဖို့က ကမ္ဘာပေါ်မယ် အခက်ခဲဆုံးပဲရယ် ။

" နင်ဘာဖြစ်နေလဲ ပြောဦးလေ ။ ဘာလို့ ငိုနေတာလဲ ..  "

" ငါ .. ငါတို့လမ်းခွဲလိုက်ပြီ ... "

" ဘာ ..   "

Jungwonက ဒေါသကြောင့် စောင်ကိုတောင်ခြေရင်းအထိကန်ချလိုက်မိတယ် ။

Park Jay ... ငါ့သူငယ်ချင်းကို အပျော်တွဲတဲ့ ​ကောင် အသေသတ်မယ် ။

တကယ်တော့ Park Jayက Jungwonထက် ၂နှစ်ကြီးတဲ့ တတိယနှစ်က Senior ။ Hyungခေါ်သင့်ပေမယ့် ဒေါသထွက်နေတာမို့ မခေါ်နိုင်ဘူး ။

" ငါမှားတာပါ ။ ငါမကောင်းခဲ့တာ "

" ဘာလို့စကားကို အဲ့လိုပြောလိုက်ရတာလဲ။ နင်က ဘယ်နေရာဘာဖြစ်နေလို့လဲ Choi Yuraရဲ့ "

" အစတည်းက ငါ ... "

စကားတောင်မဆက်နိုင်ဘဲ ငိုနေပြန်တဲ့ သူငယ်ချင်းမကြောင့် Jungwonက ချော့စရာစကားလုံး ရှာမရဘူး ။

Nobody Askeu Where stories live. Discover now