" အစ်ကို ... ကျွန်တော်တို့ ချစ်ခဲ့ကြသလား "
လှည့်ထွက်သွားဖို့ပြင်တဲ့ Jaeyunလက်ကောက်ဝတ်မှာ ဆွဲငင်အားလေးတစ်ခု ... ။
Jaeyunက လှည့်မကြည့်ဖြစ်ဘူး ။
ကျောခိုင်းလျက်နဲ့ပဲအဖြေပေးပါတယ် ။" ကိုယ်တို့ သိပ်ချစ်ခဲ့ကြတာပေါ့ Sunoo ။ အခုလဲချစ်သလို နောင်လဲချစ်နေကြဦးမှာပါပဲ ။ ကိုယ်တို့က သိပ်ရင့်ကျက်လွန်းခဲ့ကြတယ်ခေါ်မလား ၊ ကိုယ်တို့အတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့လမ်းကိုရွေးခဲ့ကြတာပဲလေ ။ ဖြစ်သင့်တာကို မရွေးဘဲ ဖြစ်ချင်တာကိုရွေးဖို့ အခွင့်ရှိခဲ့ရင် ... "
Jaeyunက Sunooဘက်ကို လှည့်မကြည့်မိအောင်စိတ်တင်းရင်း အသက်ကိုကြိုးစားရှူရပါတယ် ။
" ကိုယ် မင်းကိုရွေးမှာပါ Sunoo .. မင်းဟာ ကိုယ့်အတွက် တစ်သက်မေ့မရတဲ့ အမြဲချစ်နေမယ့် လူသားပါ "
ASTRONOMY
Pairing ~ JakeSun
Recommended Song ~ Astronomy by Conan Gray
Idea by pinkyaungdd179179
Disclaimer ~ strong language against LGBT. And pardon my medical mistakes cuz I am not a med profession.ASTRONOMY
" အဲ့တုန်းက ကျွန်မလန့်ပြီးသေတော့မလို့ ဆရာရယ် ။ နောက်နေ့သတင်းစာထဲ နှလုံးရောဂါသည်ကလေးကိုခွဲစိတ်ရင်းသေသွားသော ဆရာဝန်ဆိုပြီးနာမည်ကြီးတော့မလို့ "
အလုပ်သင်ဆရာဝန်လေးတွေဝိုင်းရယ်ကြတော့ Dr.Kim Sunooလဲ မရယ်ဘဲမနေနိုင် ။
ဘယ်လိုပဲ ရွယ်တူချင်းကပင်လေးစားရသည့် ဒိတ်ဒိတ်ကြဲ နှလုံးအထူးကုဆရာဝန်ပြောပြော ကိုယ်က ၃၅နှစ်သာရှိသေးသည့် လူလတ်ပိုင်းမလား ။ ဟိတ်ကြီးဟန်ကြီးနဲ့မနေတတ်တာရော ပင်ကိုယ်စိတ်ရင်းကောင်းတာရောကြောင့် Dr. Kim Sunooကိုဆိုရင်ဖြင့် အကုန်လုံးက ခင်မင်လေးစားကြသည်ချည်းသာ ။" ဟုတ်တာပေါ့ဗျာ ။ ကျွန်တော်ကတော့လေ တစ်ကိုယ်ကောင်းဆန်တယ်ခေါ်မလား ။ အဲ့လို emergency case ဝင်လာပြီဆို ဒါငါ့သွေးသားမဟုတ်ဘူး ။ ငါ့သားလေးတွေက အိမ်မှာ အေးအေးဆေးဆေးရှိတယ် ။ ဒီကလေး ငါ့လက်ထဲမှာသေလဲ ငါ့အတွက်ထိခိုက်စရာအကြောင်းမရှိဘူး ။ အဲ့တော့ သွေးအေးအေးနဲ့ လုပ်စရာရှိတာလုပ်လို့ တွေးလိုက်တာပဲ ။ အဲ့လိုစိတ်တင်းထားမှသာလုပ်နိုင်တော့တာ "
YOU ARE READING
Nobody Askeu
Short StoryThis is Enhypen One Shots Collection written in Burmese. All OTPs are available. Enjoy to the fullest. Zawgyi & Unicode Available