Bad Buddy (JayHoon)

1.5K 155 85
                                    

" ငါကမင်းကိုတွဲကြရအောင်လို့ပြောရင်ရော မင်းငါ့ကိုဆွဲထိုးဦးမှာလား JongSeong "

" အခုနေ မင်းငါ့ကိုမနမ်းရင်တော့ ငါဆွဲထိုးမိမယ်ထင်တာပဲလေ "

BAD BUDDY

OTP : JayHoon
Request by dstyih_ nim ❤️

BAD BUDDY

" ဖြေလေ ရန်ကျဖြစ်တတ်ပြီး ဒါကျပါးစပ်မပါတော့ဘူးလား "

အဆောင်မှူးဆရာက ခုံကိုလက်နဲ့ထုရင်းအော်တော့ ကျောင်းသားနှစ်ယောက်လုံးတွန့်သွားသည် ။

" ကျွန်တော်အရင်စတာပါ သူနဲ့မဆိုင်ဘူး "

ဆရာက ကြိမ်လုံးနဲ့ရွယ်ရင်း သေချာလားဆိုတဲ့ဟန်နှင့် မျက်လုံးပင့်ကြည့်တော့ JongSeongက ခေါင်းညိတ်ပြလာသည် ။

SungHoonက အံ့အားသင့်တာကို မဖုံးကွယ်နိုင်စွာ ဘေးဘက်မှာရပ်နေသည့် JongSeongဘက်လှည့်ကြည့်တော့ ဒင်းကလေးက အံကြိတ်ထားတာတင်းလို့ .. ။

" ပထမနှစ်နဲ့ ဇကပြလာပြီ Park JongSeong မင်းလူမိုက်လား .. သူ့ဘာသာနေတဲ့ကျောင်းသားကို မင်းက ဘာကိစ္စပြေးထိုးတာလဲဟမ် ။ ၅ယောက် ၁ယောက်ကို မင်းအခုခံလာရပြီမလား "

ပါးနားမှာနှစ်ချက်လားအထိုးခံလာရတဲ့ JongSeongဟာ သူလုပ်ခဲ့တာအတွက် နောင်တမရတဲ့ပုံ ။

" သွား ညနက်နေပြီ ဆေးထည့်ပြီး အဆောင်ကိုပြန်တော့ ။ မနက်ဖြန်ညနေကျ ငါခိုင်းမယ် ။ ဟိုကောင် Park SungHoon မင်းစနက်ပါမှန်းလဲငါသိတယ်နော် ။ မင်းတို့ကြည့်နေ "

အဆောင်မှူးအခန်းထဲကထွက်လာတော့ အပြင်လေအေးက စိမ့်ခနဲဝင်တိုးတာမို့ SungHoonယောင်ပြီးဆဲမိသွားသည် ။

" ဟေ့ကောင် ဆေးထည့်မယ်လေ "

JongSeongခြေလှမ်းတွေက ဆေးခန်းဘက်ဦးမတည်ဘဲ အဆောင်ဘက်ဦးတည်နေတော့ SungHoonက ကမန်းကတန်းလက်ဆွဲပြီးမေးတာကို ဒင်းကပုတ်ထုတ်ပစ်သည် ။

" မထည့်ဘူး "

" မထည့်ရင် ယောင်နေလိမ့်မယ် "

" ယောင်ယောင်ကွာ ! မင်းသောက်ပူတစ်စက်မှပါမနေဘူး ငါ့လက်ကိုလွှတ် "

ဆွဲလားရမ်းလားဖြစ်နေသော သူတို့နှစ်ဦးကို လုံခြုံရေးဦးလေးကြီးက ရန်ဖြစ်ပြန်ပြီလားဆိုတဲ့အကြည့်နဲ့ကြည့်လာပြန်သည် .. ။

Nobody Askeu Where stories live. Discover now