PAST LIVES ( HeeJay )

1K 118 79
                                    

Past lives couldn't never come between us.
Between you and I.
Between Heeseung and Jay

" အစ်ကို ကျွန်တော်တို့ ထွက်ပြေးကြမလား "

" အဲ့လိုလုပ်လို့မရတာ မင်းလဲသိရဲ့သားနဲ့ ဂျေး "

" ဒါဆို ... ဒီတစ်ရက်ပဲဖြစ်ဖြစ် ထွက်ပြေးကြမလား ။ ပြီးရင် အရာအားလုံးက ပုံမှန် ...အတိုင်း .. "

" မငိုပါနဲ့ သည်းချာရယ် ။ ကိုယ့်ရင်ကိုမခွဲပါနဲ့ "

•~•

PAST LIVES

Recommended Song ~ Past lives
OTP ~ HeeJay ( yes another HeeJay cuz my girl says she wanna read so yeah - )

TW // mention of strong language against LGBT asthe timeline is 1956

•~•

1956ခုနှစ် မေလ ၂၀ ။

" Jay ငါစိတ်ညစ်တယ် .. နင့်အမှတ်က အရင်လကထက်တောင်ကျသွားသေးတယ် ။ ဘယ်လိုဖြစ်တာလဲ ငါတော့သေချင်တာပဲ ။ နင့်အဖေသိရင်ဘယ်လိုလုပ်မလဲ "

" ကျွန်တော့်ဘာသာ Americaမှာပဲနေပါမယ်ဆိုတာကို ဘယ်သူက အတင်းခေါ်တာလဲ ။ ဒီမှာ Englishကလွဲရင် ကျန်တာအားလုံးက ကိုရီးယားလိုသင်တာလေ ။ ကျွန်တော် ကိုရီးယားစာမရပါဘူးဆို "

Jayက သူဝတ်ထားတဲ့ Shirtအနားစကို လိမ်ချေရင်း ဂျစ်ကန်ကန်ပြန်အော်တယ် ။ ခုနက ပြောင်းဖူးစားထားပြီး သေချာမသုတ်ခဲ့တာမို့ Shirtအဖြူဟာ ဝါကျင့်ကျင့်အရောင်တွေစွန်းလို့ ။ လူညစ်ပတ်ကလေး Park Jayဟာ ပါးကြီးကိုဖောင်း ၊ မျက်ခုံးတွေတွန့်ချိုးလို့ အူပုတ်စိတ်တိုလေးလုပ်နေပြန်ပြီ ။

" မဖြစ်ဘူး ။ နင့်ကို စာသင်ပေးနိုင်တဲ့ ဆရာတစ်ယောက်တော့ရှာမှဖြစ်တော့မယ် "

" သဘောပဲ လုပ်ချင်တာသာလုပ် "

ပြောင်းဖူးပြုတ်စားပြီးလို့ ပြောင်းဖူးပေါက်ပေါက်ဘူးကို လက်လှမ်းနေပြန်တဲ့ သားဖြစ်သူကို မေမေParkက ခေါင်းကို ဒေါင်ခနဲမြည်အောင် ခေါက်ချပေးလိုက်တော့တယ် ။

" ဟာ နဂိုတည်းက ခေါင်းကကြီးပါတယ်ဆို အမေခဏခဏခေါက်လို့ လက်ယောင်လိုက်တော့မှာပဲ "

Nobody Askeu Where stories live. Discover now