သစ်လွင်၍ဖြူသန့်နေသောကားလေးပေါ်ဝယ်
မောင်းသူဘေးရှိ ထိုင်ခုံပေါ်တွင် ခေါင်းနောက်
ပစ်ကာ မှီထိုင်ရင်း အတွေးအချို့တွေးကာ
လွန်း လိုက်လာခဲ့သည်။ ကားကိုသာ ဂရုတစိုက်
မောင်းနေသော ခက်မှာလည်း ကိုယ့်စိတ်ကူးကိုယ့်အမြင်နှင့် အကြံထုတ်နေလျက်ရှိသည်။" လွန်း တို့အိမ်လိုက်မှာမို့လား ။ ဟိုမှာဆို
မင့်တစ်ယောက်ထဲ တို့စိတ်မချဘူးကွယ် ။ ပြီးတော့ ဖြေရှင်းရမယ့် အကြောင်းအရာလေးတွေကလည်း ရှိနေသေးတယ်မဟုတ်လား "ခက်ဧ။။် ကြည်လင်ပြတ်သား၍ ကရုဏာပါသော စကားကိုမျက်စိမှိတ်ရင်းကပင်လွန်းခေါင်းညိတ်
အဖြေပေးလိုက်သည်။ အိမ်ပြန်လည်း ကြီးငွေ
တစ်ယောက်သာ စောင့်ကြိုနေမည့်ခြောက်သွေ့ကာ တိတ်ဆိတ်နေသော အိမ်ကို လွန်းမပြန်လိုပါ။
ဖေဖေက မဂ်လာပွဲပြီးကတည်းက အန်တီမြင့်ချယ်
နှင့်အတူ ခက်တို့အိမ်မှာ လိုက်နေခဲ့ပြီး
တစ်ခါတလေ လွန်းရှိရာ အိမ်သို့ ပြန်လာနေ
တတ်ဧ။။်။ လွန်းကိုယ်တိုင် အေးဆေးတိတ်ဆိတ်စွာ
နေလိုသဖြင့် ဖေဖေ ဖြစ်စေချင်သော မိသားစုနှစ်စု အတူနေရန်အစီအစဉ်ကို ပယ်ချခဲ့ကာ သီးသန့်နေခဲ့ ခြင်းပင်။ စိတ်ထဲ၌ ရှုပ်ထွေးကာ ညစ်နေသည်
ကလည်းပါ၏။" ခက် လွန်းလေ ဆေးရုံကဆင်းပြီးကတည်းက
နေလို့ထိုင်လို့မကောင်းဘူးဖြစ်နေတယ် ။ မနေ့ကလည်း ရှုတင်တစ်ခုရှိနေတာ သေချာချိန်းထားရဲ့နဲ့ လွန်း လုံးဝမေ့နေခဲ့တယ် ...တစ်ဖက်က
ဖုန်းဆက်ပြောမှ လွန်းသိတယ် သိလား။ ဒါတောင်
ဘာအတွက်လဲဆိုတာ တော်တော်နဲ့စဉ်းစားမရဘူး.....လွန်း ဦးနှောက်ပျက်သွားတာနေမှာ နော် ... နော့် ခက်""ဟာ ဒီကောင်မလေးတော့ ပေါက်တတ်ကရ
တွေ .....ဉာဏ်ကြီးရှင်မှန်းသိပါတယ်နော် ။
တို့တောင် မင်းစီကသင်ယူစရာတွေ ရှိပါ့...
ဘာလဲပညာတွေလျှိုထားမလို့လား ။
မေ့ချင်ယောင်မဆောင်နဲ့ကွာ တို့က တကယ်
သင်မှာ "လွန်း မျက်နှာကို ကားမောင်းရင်းကပင် စေ့စေ့
စပ်စပ်ကြည့်ကာ အရွှန်းဖောက်ပြောမိသည်။
သို့သော် သူကမလှုပ် ။တစ်ခုခုကို အလိုမကျရင်
လုပ်လေ့ရှိသည့် သူ့အပြုအမူအတိုင်း မျက်မှောင်
ကြုတ်၍သာ နေလေသည်။
BẠN ĐANG ĐỌC
"You're my toxic" (Completed)
Tiểu Thuyết Chung"မင်းက တို့ကို ချစ်တတ်အောင် သင်ပေးနေတာပဲ လွန်း " ဟုတ်မှာ ။လွန်းက လူတွေကို ချစ်တတ်အောင် ပြုစားတတ်တယ်။ ဒါပင်မယ့် လွန်းက မချစ်ဘူး ။ ဘယ်သူ့ကိုမှ မချစ်တတ်တာ ! ' တို့တော့ တကယ့်အချစ်နတ်ဘုရားမကိုမှ ကိုးကွယ်မိပြီထင်ပါတယ် '