အခန်း(၃၇)

2.2K 127 7
                                    

Zawkyi

" စန္ဒာ.....လွန်းပိုးအိမ်ကို အရင်တောင်းပန်
လိုက်ပါနော် ။ကိုယ်ပြောတာ နားထောင်စမ်းပါကွာ ။ မင်းအခံပြင်းတာလည်း ကိုယ်လက်ခံပါတယ် ။
ဒါပင်မဲ့ လက်တော့မပါသင့်ဘူးလေကွာ"

ခက် သူ့မျက်နှာကို လှမ်းကြည့်လိုက်တော့ သူ့ပါးနုနုလေးပေါ်တွင်လက်အစင်းရာကြီးက
ထင်းခနဲ၊ကွက်ခနဲ ။ ခေါင်းငုံ့၍ ဘာစကားတစ်ခွန်းမှမဆိုဘဲ သူက ငြိမ်သက်နေ၏ ။ သူစိတ်တိုနေပြီ
ဆိုတာ ခက် တပ်အပ်သိ၏။ မျက်မှောင်ကြုတ်
ထားခြင်းကြောင့် တစ်ခုခုကို အလိုမကျသည့်
ဟန်မှာလည်း ပေါ်လွင်နေပေ၏။

ဖျတ်ခနဲ လွန်းက မော့အကြည့် ခက်က တောင်းပန်စကားပြောရန်ဟန်ပြင်ချိန်နှင့် အံကိုက်ဖြစ်သွားခြင်းကြောင့် တစ်ယောက်မျက်နှာတစ်ယောက်
အမှတ်မထင်ငေးမေားမိကြရင်း ဘေးနားရှိ
လူနှစ်ယောက်ကိုပင် မေ့လျော့သွားလေသည် ။
တွေ့ချင်၊မြင်ချင်နေခဲ့ရသည့် မျက်နှာလေးအား
တစ်ဝကြီးကြည့်ခွင့်ရချိန်၌ ရင်ခွင်ထဲ ဆွဲသွင်း၍
ဖက်ထားလိုက်ချင်သည့် တွန်းအားပေးစိတ်သည်
ခက့်စိတ်ထဲ၊အသွေး အသားထဲမှလှုံ့ဆော်လာ
သည် ။ အလားတူပင် လွန်းသည်လည်း
ထိုကဲ့သို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေလေ၏ ။

" တို့ တောင်းပန်ပါတယ် ။ မင်းရဲ့ ရင့်သီးတဲ့စကား
‌တွေအတွက် တို့စိတ်ကို မထိန်းထားနိုင်လိုက်ဘူး ။
မင်း ကျေနပ်သည်ထိ တို့ တောင်းပန်ပါ့မယ်ကွယ် "

" လွန်းအမှားပါ မမခက်။ စကားရိုင်းရိုင်းတွေ
သုံးမိလိုက်တယ် ။ အမှန်ဆို လွန်းမှာ အဲ့လိုပြော
ပိုင်ခွင့် မရှိပါဘူး။ လွှတ်ခနဲ ပြောမိသွားတာ ။
မမခက် သိက္ခာကို စော်ကားမော်ကား
လုပ်တာမဟုတ်ရပါဘူး ။ လွန်း တောင်းပန်ပါတယ်"

" ဘာ မမခက်လဲ ။ အပြောင်းအလဲမြန်တာကို
မကြိုက်တာ။ မင်းကို စိတ်ရှိလက်ရှိ ထုချေပစ်
လိုက်ချင်တယ် ။ ဘယ်တော့မှ ကိစ္စတစ်ခုကို
ဆုံးအောင်မလေ့လာ မစူးစမ်းဘူး ။ အမြဲသူ့စိတ်၊
သူ့သဘောအတိုင်းပဲ လုပ်တယ် "

"လွန်းက ဘာလုပ်နေလို့လဲ "

စားပွဲတစ်ဖက်၌ ‌နေခြည်နှင့်တွဲထိုင်နေသော
ခက်သည်  ထိုင်ရာမှထလာပြီး လွန်း‌ဘေးနားရှိ
ထိုင်ခုံပေါ်တွင် အကျအနထိုင်လိုက်၏။ ထို့နောက် လွန်းလက်မောင်းနှင့် ရင်ဘတ်တို့အား တအုန်းအုန်းထုလေတော့၏ ။

               "You're my toxic" (Completed)Donde viven las historias. Descúbrelo ahora