အခန်း(၁၅)

1.4K 116 0
                                    


မဂ်လာပွဲခန်းမသို့ လူကုံထံအသိုင်းအဝိုင်းများအပြင် ကုမ္ပဏီဝန်ထမ်းများ နှင့် ဒေါ်မြင့်ချယ်ဘက်မှ
ဆိုင်ဝန်ထမ်းများပါစုံလင်စွာ တက်ရောက်လာကြ
သည်။ ကိုမြတ်လက်ကို ချယ်တွဲကာဧညိ့သည်တွေ
နှုတ်ဆက်နေရသည်နဲ့ သားဖြစ်သူအာကာမင်းကို စကားပင် ကောင်းကောင်းမပြောနိုင် ။
ခန်းမထဲ မျက်စိဝေ့ကာ ရှာကြည့်သော်လည်း
မတွေ့ ။ထို့အတူ လွန်းပိုးအိမ်ကိုလည်း မတွေ့ရပေ ။ ညီမဖြစ်သူစန္ဒာခက်မှာ စားပွဲဝိုင်းတစ်ခုတွင်
လုပ်ဖော်ကိုင်ဖက်များနှင့်စကားလက်ဆုံကြနေ
သည်ကို တွေ့ရပြီး အတွင်းထောင့်စားပွဲဝိုင်း၌
လွန်းရဲ့ကောင်လေးမြတ်ကောင်းခန့်မှာ
ဟိုကြည့်ဒီကြည့်ဖြင့်ဂဏာမငြိမ်
တစ်ယောက်ယောက်ကို ရှာနေဟန်ရှိဧ။။်။

"ကိုမြတ် ချယ် ဒီနားခနလေးသွားအုံးမယ်နော်
ကိုမြတ်ပဲ ကြည့်ဧည့်ခံထားလိုက်အုံး "

ဒေါ်မြင့်ချယ် စကားကို နှစ်ကိုယ်ကြား
ကြားရုံမျှသာ ပြောပြီးနောက် ညီမခက်စီ
လာခဲ့လိုက်ကာ အပြင်သို့ခနခေါ်ခဲ့လိုက်သည်။

"ညီမခက် သားကိုတွေ့သေးလား မနက်ထဲက
အမချယ်တော့မတွေ့ဘူးကွယ် ။ သား စိတ်ဆိုးနေပုံပဲ "

စိတ်ဆိုးအောင်လုပ်ထားပြီးမှ စိတ်ဆိုးနေပုံပဲတဲ့ ။
မခက်ဘူးလား။

ခနလွတ်ထားလိုက်ပါ အမချယ်ရယ် ကလေးတွေဆိုတော့သိတဲ့အတိုင်းပဲလေ ။ ပွဲလည်းပြီးသေးတာမဟုတ်ပဲနဲ့ ကိုမြတ်မင်းစီသာ ပြန်သွားလိုက်ပါ ။ ခက် တူလေးကို ရှာထားလိုက်မယ် နော် စိတ်ချပါ ။

"ဟို အန်...အန်တီ "

ခက် နောက်မှ ယောက်ျားတစ်ယောက်ခေါ်သံ
‌ကြောင့်လှည့်ကြည့်လိုက်တော့ လွန်းကောင်လေးပင်။ မျက်နှာမှာဆီးရွက်လောက်ပင်ရှိသည်
ထင်ရ‌အောင် ညှိုးနွမ်းလျက်မှုန်မှိုင်းနေပေသည်။
လွန်းနှင့် တစ်ခုခုဖြစ်ထားသည်မှာ
သေချာနေလေပြီ ။

"ပြော မြတ်ကောင်းခန့် ဘာမေးချင်လို့လဲ "

"လွန်းပိုးအိမ် ...လွန်းက ကျွန်တော့်ကို
ရှောင်နေတယ် ။အတွေ့လည်းမခံဘူး ။
ဖုန်းဆက်တော့လည်းblockထားတယ်။
ခုနကတွေ့တော့လည်း ကျွန်တော့်ကို
မချစ်ဘူးလို့ပြောပြီး နှင်လွတ်တယ်ဗျာ"

               "You're my toxic" (Completed)Onde histórias criam vida. Descubra agora