အခန်း(၃၀)

1.2K 93 0
                                    


"စန္ဒာ့ကို အချိန်တစ်ပတ်...တစ်ပတ်‌လောက်
သူ့အနားမှာနေခွင့်ပြုပါ ။ တို့ တောင်းဆိုပါတယ်
နွယ်နွယ် ။ သူ့ကို ဘာမှမပြောလိုက်ပါနဲ့ ။
တို့ ကိုယ်တိုင်ပဲ ရှင်းပြချင်တယ် ။ ပြီးတော့ သူ့ရဲ့
အမုန်းတွေကိုလည်း တို့ မျက်နှာချင်းဆိုင်ပဲ
ခံယူချင်တယ် နွယ်နွယ် "

"  အဲ့ဒါ‌တော့ မဖြစ်နိုင်ဘူးထင်တယ်။ အန်ကယ့်ကို ကျွန်မ ကြည့်ပြောထားလိုက်မယ် ။ သုံးရက်ပြည့်တာနဲ့ လွန်းလေးအနားကနေအပြီးအပိုင်
ထွက်သွားပေးပါ ။ ဒါ ကျွန်မမေတ္တာရပ်ခံနေတာ
မဟုတ်ဘူးနော် ။ ရှင် လုပ်ကိုလုပ်ရမယ့် အရာပဲ "

တစ်ချိန်ချိန်ကျ ဒီလိုဖြစ်လာမည်ကို ခက် သိပါလျက် တကယ့်တကယ့် ရင်ဆိုင်ရချိန်ကျ တုန်လှုပ်
‌ခြောက်ခြားနေမိသည် ။ အတန်တန် မျိုသိပ်
သိုဝှက်ထားသည့် မျက်ရည်တို့မှာ
ရစ်ဝဲစို့တက်လာသောကြောင့် မျက်တောင်ကို
ပုတ်ခတ် ပုတ်ခတ်လုပ်၍ ဖြေဖျောက်ရသည် ။ သူ့ရှေ့မှာ အရာရာကို ဝမ်းနည်းအားလျော့နေသည့်ပုံ မပြလိုပါ ။ သုံးရက်..သုံးရက်ဆိုသည့် အချိန်တို
အတွင်း သံယောဇဉ်အားလုံး ဖြတ်တောက်ပစ်ဖို့ရာ လွယ်ကူပါ့မည်လား ။

လွန်းအတွက် ပြဿဒါးနေ့ ထင်ပါရဲ့ ။ ဆေးစစ်
ချက်အားလုံးအပြီး အချစ်နှင့် နှစ်ယောက်ထဲ
စကားအေးဆေးပြောမည်ရှိသေး ဒေါက်တာမမ
ဖိတ်ကြားချက်ကြောင့် ညနေစာ အတူလိုက်စားရ
သည် ။ လွန်းပင် ငြင်းချိန်၊တားချိန်မရ ။ အချစ်က 'အင်း 'ဆိုပြီး တန်းသဘောတူခဲ့သည် ။ ထူးဆန်းစွာ တိတ်ဆိတ်နေမှုကို လွန်း မလိုလားပေ ။
လေးယောက်ရှိသော ဝိုင်းမှာ ကျန်သုံးယောက်က
ငြိမ်ချက်သားကောင်းနေပြီး လွန်းတစ်ယောက်သာ အတွေးများ၍ ယောက်ယက်ခတ်နေသည် ။
နောက်ဆုံး မအောင့်အီးထားနိုင်တော့ဘဲ မေးချ
လိုက်သည်။

" လွန်းကို မသိစေချင်တဲ့ အရာများ ရှိနေကြ
သလား "

"မရှိပါဘူး ..."

အိုမိုင်းဂေါ့ဂ်!! လက်ဝါးချင်းရိုက် အ‌ဖြေညိုထားသလား အောက်မေ့ရသည် ။ တစ်ပြိုင်တည်း ၊
တစ်လေသံတည်း သုံးယောက်စလုံး ထွက်လာဧ။။် ။ လွန်းက မျက်မှောင်ကြုတ်ကာ အရိပ်အ‌ခြေကို
စူးစမ်းကြည့်တော့ သူတို့မဟုတ်သည့်အတိုင်း ။

               "You're my toxic" (Completed)Where stories live. Discover now