အခန်း(၂၅)

1.3K 98 0
                                    

"အား ... ကျွတ်စ် ကျွတ်စ် ..ခေါင်းကိုက်လိုက်တာ "

ညည်းညူးသံ သဲ့သဲ့နှင့်အတူ ပင်ပန်းနွမ်းလျနေသော မျက်နှာလေးဖြင့် လွန်း နိုးလာခဲ့သည် ။
ပွင့်လာသည့် မျက်ဝန်းတစ်စုံမှ မျက်နှာချင်းဆိုင်
မျက်နှာကျက်ပေါ်ရှိ အနုစိပ်ဆွဲထားသော
သစ်ရွက်အခက်အနွယ်များအား ‌တွေ့လျှင် တွေ့ချင်း မိမိအိမ်၊ မိမိအိပ်ခန်းသို့ ရောက်ရှိနေကြောင်း
သိလိုက်ရသည် ။

" မောနီး ကောင်မလေး ။ မျက်နှာသစ်ပြီး တစ်ခုခုစားပြီးရင် ဆေးသောက်ရမယ် ။ ထ... တစ်ခါထဲ
ရေချိုးမှာဖြင့် ချိုး  "

" ဘယ်တုန်းက ရောက်လဲ အချစ် ။ ကျောင်းသွား
ရမယ်မို့လား။ ဘယ်အချိန်ရှိပြီလဲ.....နောက်ကျနေမြှဖင့် "

သူ့အတွက် ရေချိုးပြီးလျှင် ဝတ်ဖို့ အသင့်ထုတ်ပေး
ရန် ကြံရွယ်၍ အဝတ်ဘီရိုစီ ဦးတည်နေသော
ခက် ခြေလှမ်းများ တုံ့ခနဲ ဆိုင်းသွားပြီး
ကျောဘက်ရှိ သူ့အား လည်ပြန် ပြန်ကြည့်မိသည် ။ မမှတ်မိဘူးလားဆိုသည့် အကြည့်နှင့်ပင် ။

" ညထဲက ရောက်တယ် ။ အမူးလွန်နေတဲ့
လူတစ်ယောက် စကားယုံပြီး မိုက်မိုက်ကမ်းကမ်း လာစောင့်နေတာပေါ့ ။ မလာ  မလာနဲ့  စိတ်မချလို့ ဖုန်းဆက်လိုက်လာမှ အကြောင်းစုံ သိရလို့ ဘားထိ မရှက်မကြောက် လာခေါ်ရတယ်ရှင် ။
ဘယ်ထပ်သိချင်သေးလဲ "

" ဪ......ရယ်ရသား "

ပြောပြောဆိုဆို မဆိုင်မတွ ရယ်ချလိုက်သည့် လွန်းကို ခါးထောက်၍ မျက်ခုံးနှစ်ဖက် တွန့်ကွေးသွား
သည်ထိ ၊ အောက်နှုတ်ခမ်းမှာ အပေါ်သို့ မသိမသာ ထော်တက်သွားသည်ထိ ဟန်အမူအရာ
ပြောင်းလျက် စိုက်ကြည့်မိသည်။

" စိတ်ဆိုးနေလား အချစ် ။ ဟင်လို့ ...ဟင် ။ ညက
ဆေးဖြစ်ဝါးဖြစ်သောက်ရုံလေး သွားတာ ။
မမျှော်လင့်ဘဲ စီ...အဲ ဒေစီတို့အဖွဲ့နဲ့ တွေ့ပြီး
များသွားတာ ။ အချစ် ဖုန်းခေါ်တော့ တန်းကိုင်တာပဲလေ ။ အဲ့ချိန်ကဆို အရမ်းသတိရနေတာ၊
တွေ့ချင်နေတာ ...အခုလို အားရပါးရ ဖက်ထား
ချင်တာ သိရဲ့လား အချစ်ရဲ့ "

"သွားပါ ...အပိုတွေ ။ ညကဖြင့် ရွယ်တူလေးတွေနဲ့ ကဲနေ ညုနေတာများ တို့ကို ချိန်းထားပြီး မေ့သွားရသည်ထိလေ ။ တို့သာ လိုက်မခေါ်ရင် အဲ့မှာပဲ
ညအိပ်တော့မယ့်ပုံ ။ ဟိုခပ်မိုက်မိုက် ကောင်မလေးကလည်း ကြည့်နေလိုက်တာ အကြည့်တွေကို
ရွှန်းရွှန်းဆာလို့။ အို...တစ်ဝိုင်းလုံးပါပဲ
မင်းကို ကြည့်တဲ့အကြည့်တွေက ရဲတင်းကြတယ် ။
နောက်ခါ မသွားပါနဲ့နော် "

               "You're my toxic" (Completed)Where stories live. Discover now